Showing posts with label ပဋ္ဌာန်းတရား. Show all posts
Showing posts with label ပဋ္ဌာန်းတရား. Show all posts

Friday, July 26, 2013

ကာမေသုမိစ္ဆာစာရနှင့် ပဋ္ဌါန်းပစ္စည်းတရား

 

 
တရားတော်က သေချာလွန်းလို့ ..ပါဏာတိပါတ၊ အိဒိန္နာဒါန၊...ဒီကာမေသုမိစ္ဆာစာရ အပြစ်ဒုစရိုက်ဆို ကြောက်စရာ လန့်စရာချည်း။
ဒီဗုဒ္ဓမြတ်စွာရဲ့ တရားတော်က တစ်ယောက်က တစ်ယောက်ကို တဏှာရာဂစိတ်နဲ့ ကြည့်ပြီးတော့နေရင်ပဲ ကာမေသုမိစ္ဆာစာရ၊ အဗြဟ္မစရိယရဲ့ ရှေ့ပြေးတဲ့။ တရားကဖြင့် မေထုန်ကလေးလို့ ဆိုတယ်။ နှစ်ယောက်အတူတူ ပူးတွဲပြီး အိပ်နေမှ မေထုန်မဟုတ်ဘူး။ တစ်ယောက်က တစ်ယောက် ကြည့် နေပြီး တော့ သာယာနေလျှင် မေထုန်ပါပဲ။ အကုသိုလ် လောဘ ဖြစ်မနေဘူးလား။ အကုသိုလ် လောဘတွေ ဖြစ်နေတော့ လောဘတွေ ဟေတုသတ္တိနဲ့ စိတ်တွေ၊ စေတသိက်တွေ လောဘနဲ့ လိုက်လာပြီး အဲရုပ်ကလဲ ဒီရုပ်တွေ ဖြစ်နေတော့ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီးတော့ မျက်စိက ရုပ်တွေက ဒီတော့ ဒီမှာ မေထုန်။ တစ်ယောက်နှင့် တစ်ယောက် စကားပြောတဲ့အခါမှာ နားစိုက်ပြီးတော့ သာယာနေတယ်။ မေထုန်ပါပဲ။ မေထုန်ပါပဲ။
တစ်ခါ ဒီလိုတော့ အသံမကြားရဘူး။ သူကပေးတဲ့ပစ္စည်းကြည့်ပြီးတော့ သာယာပြီးတော့နေတယ်။ ဒါဟာမေထုန်ပါပဲ။ ဗုဒ္ဓမြတ်စွာကလေ ကာမေသုမိစ္ဆာစာရအတွက်၊ အဗြဟ္မစရိယအတွက် သန့်ရှင်း စေချင်လွန်း လို့ ကြည့်တာရှုတာ၊ နားထောင်တာ၊သုံးစွဲတာကစပြီးတော့ အကုန်လုံး သန့်ရှင်းအောင် ကြိုးစားနေရမယ်လို့ မဃဒေ၀လင်္ကာမှာ တောထွက်တော်မူမယ်လို့ဆိုတော့ သူ့မိဖုရားက သူလိုက်ပြီးတော့ တောထဲမှာပေါ့လေ ရေပူ၊ ရေချမ်း ကမ်းလှမ်းပြီးတော့ ပြုစု လုပ်ကျွေးပါ့မယ်ဆိုတဲ့ အတောင်းအပန်မျိုးနဲ့ တောင်းပန်စကား ပြန်ပြောတဲ့အခါမှာ တယ်ကောင်း…..
“ငါးပါးသံသဂ်၊ မရောယှက်ဘဲ၊ တောထွက်ပြီးကာ၊ ခွာကြီးခွာ၍”  ငါးပါးသံသဂ်ဆိုတာ “ဒဿနသံသဂ္ဂ” မြင်နေတာလဲ တစ်ယောက်နဲ့တစ်ယောက် ရောနေတာပဲ။ “သ၀နသံသဂ္ဂ” တစ်ယောက်စကား တစ်ယောက် အသံကြားနေတာလဲ “သ၀နသံသဂ္ဂ” ရောနေတာပဲတဲ့။ သူ့ပစ္စည်းကို သုံးစွဲနေတာလဲ “သံသဂ္ဂ” ရောနေတာပဲ။ တစ်ယောက်နဲ့တစ်ယောက် ထိတွေ့ပြီးနေတာလဲ“ကာယသံသဂ္ဂ” ရောနေတာပဲ။ တစ်ယောက်ကိုတစ်ယောက် က ဖက်ပြီးတော့ နေတာလဲ ရောနေတာပဲ။ အဲဒီငါးမျိုးစလုံး ငါမရောက်စေရဘူး။
“ငါးပါးသံသဂ်၊ မရောယှက်ဘဲ၊ တောထွက်ပြီးကာ၊ ခွာကြီးခွာ၍၊ မဟာနေက္ခမ္မ၊ သင်္ကပ္ပဖြင့်၊ မာတင်္ဂကြီး၊ တောခိုမှီးသို့၊ ကိုယ်တည်းအောင်းခို၊ ဗြဟ္မစိုရ်ဖြင့်၊ အလိုတော်ပြည့်၊ ပြည့်အောင်ဖြည့်ပိမ့်၊ ငါ၏နောက်တော်၊ တစ်ယောက်သော်မျှ၊ မခေါ်အပို၊ ဖော်မလိုသည်၊ ရွှေကိုယ်သက်သက် ရှင်းရှင်းတည်း။”
သာဓု သာဓု သာဓု။

မှတ်ချက်။    ။ အရှင်ဇနကာဘိဝံသ၏ အခြေပြုပဋ္ဌါန်းတရားတော် စာအုပ်မှ ထုတ်နုတ်ဝေမျှပါသည်။