Saturday, July 5, 2014

ဘာသာရေးအမေးအဖြေများ။

ဆန်နီနေမင်းဘလော့မှကူးယူပါသည်

လွန်ခဲ့သော တစ်လကျော်က မြဝတီမြို့နှင့် ရွှေကုက္ကိုမြိုင်ရွာသို့ တရားဟောကြွရင်း ကလေးများကျောင်းပိတ်ရင် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပြီး သင်ပေးချင်တယ်။ ဒီရွာက လူကြီးတွေ ဖြစ်မြောက်အောင် ကူညီပေးကြပါလို့ ပြောဆိုခဲ့တယ်။ ယခုတော့ ရွှေကုက္ကိုမြိုင်ရွာလူကြီးတွေက ကူညီပေးကြတာနဲ့ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ဖြစ်လို့ သွားရောက်သင်ပေးခဲ့တယ်။ ကလေးတွေများတာနဲ့သူငယ်တန်းကနေ စတုတ္ထတန်းထိကိုတော့ တခြားခွဲသင်ခိုင်းလိုက်ပြီး မိမိကတော့ ပဉ္စမတန်းမှ နဝမတန်းထိ ကလေးများကိုသာ သင်ပေးလိုက်တယ်။ ကလေးတွေ သင်တန်းတတ်ချင်အောင် အင်္ဂလိပ်လိုပါ ဘာသာရေးစာပေများ ရေးခိုင်းကျက်ခိုင်းပေးလိုက်တယ်။

ကလေးများ မိမိဘာသာတရားအကြောင်း အဓိကလိုက်နာရမဲ့ အချက်များ သေချာသိထားဖို့၊ တခြားဘာသာများအကြောင်း ဗဟုသုတရှိထားဖို့၊ သရဏဂုံသုံးပါးမြဲဖို့၊ ငါးပါးသီလ နေ့စဉ်စောင့်ထိန်းလျှင် အကျိုးများမှန်းသိဖို့၊ ဝိပဿနာအားထုတ်ခြင်းသည် မျက်မှောက်ဘဝမှာ တကယ့်ချမ်းသာစစ်အမှန်ကို ရရှိတယ်ဆိုတာသိပြီး ဆက်လက်ကျင့်ကြံနေထိုင်ချင်စိတ်ဖြစ်ဖို့ ပြောဆိုသင်ပေးတယ်။ ဒီအချက်တွေသာ သူတို့လေးတွေ ပြည့်စုံနေမယ်ဆိုရင် ဒီဘဝတွင် တောင်းစားရတဲ့ ဘဝရောက်နေပါစေ မျက်မှောက်တမလွန်မှာ စိတ်ချမ်းသာမှုတော့ ရရှိနေမှာပါ။(၁၇.၃.၂၀၁၄) ရက်နေ့မှာ ယဉ်ကျေးလိမ္မာသင်တန်းတက်ရောက်ကြတဲ့ ကလေးငယ်ပေါင်း(၄၀၀)ကျော်ကို အတန်းခွဲပြီး စာမေးပွဲဖြေခိုင်းပြီးတာနဲ့ (၁၈.၃.၂၀၁၄)မှာ ဆုပေးပွဲပြုလုပ်ဖို့ရန်အတွက် ချက်ခြင်းအဖြေလွှာ စစ်လိုက်ရတာ နေ့(၁၂)နာရီကနေ ည(၁၂)နာရီမှ ပြီးတော့တယ်။ လူလည်း ညောင်းကိုက်သွားတော့တာပဲ။ “အော်-ဒါလည်း လူမျိုးဘာသာသာသနာအတွက် ပေးဆပ်ရတာ ဆိုတော့ မြတ်ဗုဒ္ဓရဲ့ကျေးဇူးကိုဆပ်ရာရောက်လို့ နိဗ္ဗာန်ရောက်ကြောင်းပဲမို့ ပင်းပန်းခံလုပ်ရတာပေါ့လေ။

ကလေးတွေကို သင်ပေးထားတာတွေထဲက အောက်ပါ မေးခွန်းများကို မေးဖြေခိုင်းခဲ့ပါတယ်။ ကလေးတွေဖြေခိုင်းတဲ့မေးခွန်းတွေကို မသိသေးသူများ သိရှိရအောင် တင်ပေးပါဆိုတာနဲ့ အဖြေများပါ တွဲတင်ပေးလိုက်ပါတယ်။

ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း မေးခွန်းလွှာ

စာဖြေချိန်-(၂)နာရီ    Date-17.3.2014

၁။ အောက်ပါတို့ကို ဖြေဆိုခဲ့ပါ။
(က) မြတ်စွာဘုရားကို ဘာကြောင့် ရှိခိုးရပါသလဲ။
(ခ) မိဘကို ဘာကြောင့် ရှိခိုးရပါသလဲ။
(ဂ) ချမ်းသာချင်လျှင် ဘာလုပ်ရမည်နည်း။
(ဃ) မိသားစုဘဝမှာ ပျော်ပျော်ရွှင်ရွှင် နေချင်လျှင် ဘာလုပ်ရမည်နည်း။
(င) ထင်ပေါ်ကျော်ကြားချင်လျှင် ဘာလုပ်ရမည်နည်း။
၂။ ဒုစရိုက်(၁၀)ပါးကို မြန်မာလို ရေးသားခဲ့ပါ။
၃။ သင်္ဂါယနာ(၆)တန်တွင် ဒုတိယသင်္ဂါယနာနှင့် တတိယသင်္ဂါယနာအကြောင်း ကို ပြည့်စုံစွာ ရေးသားခဲ့ပါ။
၎။ သူယုတ်မာလက္ခဏာ(၄)ပါးကို ရေးသားခဲ့ပါ။
၅။ သူတော်ကောင်းဥစ္စာ(၇)ပါးနှင့် ဗြဟ္မစိုရ်တရား(၄)ပါးတို့ကို မြန်မာလို ရေးသားခဲ့ပါ။
၆။ ငယ်စဉ်အခါ ပညာမသင်ယူခဲ့မိခြင်းနောင်တနှင့် ငယ်စဉ်က အကျင့်မကောင်း ခဲ့ခြင်းနောင်တတို့ကို ရေးသားခဲ့ပါ။
၇။ မှားယွင်းသောအယူဝါဒ(၄)မျိုးကို ရေးသားခဲ့ပါ။
၈။ မဟာတာပနငရဲအကြောင်းကို ရေးသားခဲ့ပါ။
၉။ ကျောင်းပိတ်ရက်ကဗျာကို ရေးသားခဲ့ပါ။
၁၀။ အောက်ဖော်ပြပါ စိတ်ဓာတ်ရေးရာ ခေါင်းစဉ်(၂)ခုတွင် နှစ်သက်ရာခေါင်းစဉ်(၁)ခုကို သူတစ်ပါး အတုယူကျင့်သုံးစရာဖြစ်အောင် (၂)မျက်နှာခန့် ရေးသားခဲ့ပါ။
(က) After me/ you.
(ခ)  ငါနဲ့မဆိုင်ဘူးလို့ မပြောမိပါစေနဲ့။

အဖြေများ

၁။ (က) မြတ်စွာဘုရားသည် မိမိတို့အပေါ်၌ ကောင်းတာမကောင်းတာကို ခွဲခြားသိမြင်အောင် ဟောပြောဆုံးမပေးခဲ့သော ကျေးဇူးရှိသောကြောင့် ရှိခိုးရပါသည်။ မြတ်စွာဘုရားသည် မိမိတို့ တုနှိုင်းမရသော ဂုဏ်သတ္တိများရှိသောကြောင့် ရှိခိုးရပါသည်။ မြတ်စွာဘုရားသည် မိမိတို့ မပြုလုပ်နိုင်သော ပါရမီများဖြည့်ခဲ့ခြင်း၊ မြတ်ဗုဒ္ဓဖြစ်ချိန်တို့တွင်လည်း မိမိတို့အကျိုးရှိစေရန် မနားမနေ ဆိုဆုံးမသြဝါဒများ ပြုလုပ်ပေးခဲ့သော ကျေးဇူးရှိသောကြောင့် ရှိခိုးရပါသည်။
(ခ) မိဘများသည် မိမိတို့ကို လူဖြစ်လာအောင် မွေးဖွားပေးသောကျေးဇူးရှိသောကြောင့် ရှိခိုးရပါသည်။ မိဘများသည် မိမိတို့ကို လူလားမြောက်လာအောင် ကျွေးမွေးစောင့်ရှောက် ပညာသင်ပေးခဲ့သော ကျေးဇူးရှိသောကြောင့် ရှိခိုးရပါသည်။
(ဂ) ချမ်းသာချင်လျှင် သူတစ်ပါးပစ္စည်းကို ခိုးယူခြင်းမှ ရှောင်ကြဉ်ရပါမည်။
(ဃ) မိသားစုဘဝမှာ ပျော်ပျော်ရွှင်ရွှင် နေချင်လျှင် သူတစ်ပါးသားမယား ကို ပြစ်မှားစော်ကားခြင်းမှ ရှောင်ကြဉ်ရပါမည်။
(င) ထင်ပေါ်ကျော်ကြားချင်လျှင် လိမ်ညာပြောဆိုခြင်းမှ ရှောင်ကြဉ်ရပါမည်။

၂။ ဒုစရိုက်(၁၀)ပါးတို့မှာ
သူတစ်ပါးကို အသက်ကိုသတ်ခြင်း၊ သူတစ်ပါးပစ္စည်း ခိုးယူခြင်း၊ မှားယွင်းစွာ ဖောက်ပြန်ခြင်း၊ မဟုတ်မမှန် မုသားပြောခြင်း၊ ကုန်းတိုက်စကား ပြောဆိုခြင်း၊ ကြမ်းတမ်းသောစကား ပြောဆိုခြင်း၊ အကျိုးမရှိသောစကား ပြောဆိုခြင်း၊ သူတစ်ပါးကြီးပွားချမ်းသာသည်ကို ဝန်တိုခြင်း၊ သူတစ်ပါးအား မကောင်းကြံခြင်း၊ အယူမှားခြင်းတို့ ဖြစ်ပါသည်။

၃။ ဒုတိယသင်္ဂါယနာကို သာသနာတော်နှစ် (၁၀၀) ဘီစီ (၄၄၃)ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ ကာလာသောကမင်းလက်ထက်တွင် အရှင်ယသမထေရ်ဦးဆောင်သော ရဟန္တာ(၇၀၀)တို့မှ မြတ်ဗုဒ္ဓ၏ တရားတော်များကို မှတ်တမ်းတင်ခဲ့ကြသည်။ အချိန်ကာလအားဖြင့် (၈)လ ကြာမြင့်သည်။
တတိယသင်္ဂါယနာကို သာသနာတော်နှစ်(၂၃၅)၊ ဘီစီ(၃၀၈)ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ ပါဋလိပုတ်ပြည်၊ သီရိဓမ္မာသောကမင်းကြီးလက်ထွက်တွင် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ် ဦးဆောင်းသော ရဟန္တာ(၁၀၀၀)တို့မှ မြတ်ဗုဒ္ဓ၏တရားတော်များကို မှတ်တမ်းတင်ခဲ့ကြသည်။ အချိန်ကာလအားဖြင့် (၉)လ ကြာမြင့်သည်။

၎။ သူယုတ်မာလက္ခဏာ(၄)တို့မှာ သူတစ်ပါးမကောင်းကြောင်းကို မမေးဘဲနှင့်ပြောခြင်း၊ မေးလာလျှင် အကျယ်ချဲ့၍ ပြောခြင်း၊ သူတစ်ပါးကောင်းကြောင်းကို မမေးလျှင် မပြောခြင်း၊ မေးလာလျှင် အနည်းငယ်သာပြောခြင်း၊ မိမိမကောင်းကြောင်းကို မမေးလျှင် မပြောခြင်း၊ မေးလာလျှင် အနည်းသာပြောခြင်း၊ မိမိကောင်းကြောင်းကို မမေးဘဲနှင့်ပြောခြင်း၊ မေးလာလျှင် အကျယ်ချဲ့၍ ပြောခြင်းတို့ ဖြစ်သည်။

၅။ သူတော်ကောင်းဥစ္စာ(၇)ပါးတို့မှာ သဒ္ဓါ-ကံ၊ ကံ၏အကျိုးကို ယုံကြည်ခြင်း၊ သီလ-ကိုယ်ကျင့်သီလစောင့်ထိန်းခြင်း၊ သုတ-အသိပညာ ဗဟုသုတရှိခြင်း၊ စာဂ-စွန့်ကြံပေးကမ်း လှူဒါန်းခြင်း၊ ပညာ-ကောင်းမှုမကောင်းမှုကို ခွဲခြားသိမြင်ပြီး လောကုတ္တရာပညာရှိခြင်း၊ ဟီရိ-မကောင်းမှုပြုလုပ်ရမည်ကို ရှက်ခြင်း၊ သြတ္တပ္ပ-မကောင်းမှုပြုလုပ်ရမည်ကို ကြောက်ခြင်းတို့ ဖြစ်ပါသည်။ ဗြဟ္မစိုရ်တရားလေးပါးမှာ မေတ္တာ-သတ္တဝါအားလုံးတို့အပေါ် တန်းတူညီမျှ မေတ္တာထားခြင်း၊ ကရုဏာ-သူတစ်ပါးဒုက္ခရောက်နေသည်မြင်လျှင် သနားခြင်း၊ မုဒိတာ-သူတစ်ပါးချမ်းသာသည်ကိုမြင်လျှင် ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်း၊ ဥပေက္ခာ-သူတစ်ပါးအပေါ်၌ ချစ်ခြင်းမုန်းခြင်း တန်းတူညီမျှ ထားခြင်းတို့ ဖြစ်သည်။

၆။ ငယ်စဉ်က ပညာမသင်ယူမိခဲ့ခြင်းနောင်တ
ငယ်စဉ်အခါ ပညာသင်ရမည့်အရွယ်မှာ တက်သင့်တက်ထိုက်တဲ့ လက်မှု၊ စက်မှု စာပေပညာတို့ကို မသင်ဘဲ နေမယ်။ အပျော်အပါးလိုက်စားနေမယ်ဆိုရင် ကြီးလာတဲ့အခါ ဘ၀ရှေ့ရေးအတွက် စီးပွားလုပ်တဲ့အခါကျမှ ငယ်စဉ်ကပညာမသင်ယူခဲ့ခြင်းနောင်တတွေ ဖြစ်လာကြတယ်။ အလုပ်တစ်ခုမှာ မိမိကသူတစ်ပါးထက် ၀ီရိယမှာလည်း သာတယ်။ ဇွဲလည်းရှိပါရဲ့နဲ့ လုပ်ငန်းခွင့်မှာ ဦးစီး ဦးဆောင် မလုပ်နိုင်ဘဲ မိမိထက်ငယ်သူ၊ သို့မဟုတ် အသက်အရွယ် တန်းတူဖြစ်ပါလျက် ပညာရပ်ကိုကောင်းစွာ လေ့လာသူတို့ရဲ့ ခိုင်းစေမှုကို ခံရတဲ့အခါကမှ ငယ်ငယ်ကပညာမသင်ယူခဲ့ရတာ နာတယ်ကွာ၊ ငါသာ သေချာလေ့လာ သင်ယူခဲ့မယ်ဆိုရင် ဒီလိုအခိုင်းခံရမှာ မဟုတ်ဘူး၊ ခုတော့ ငါဟာ သူများကို လက်ညိုးခိုင်းရမဲ့ဘဝရောက်အောင် မပြုလုပ်ခဲ့တဲ့အတွက် သူများလက်ညိုးထိုးခိုင်းတာ လုပ်ရတဲ့ဘဝ ဖြစ်နေ ရပါလားစသည်ဖြင့် နောင်တသံတွေ ထွက်တတ်ကြတယ်။ ဘယ်လိုပင်နောင်တတွေရရ အချိန်အခါနှောင်းမှရမယ်ဆိုရင် အကျိုးမရှိတော့ပါဘူး။ ဒါကြောင့် ကြီးလာတဲ့အခါ နောင်တမရအောင် ငယ်ငယ်ကတည်းက ဘ၀ရှေ့ရေးအတွက် တက်သင့်တက်ထိုက်တဲ့ပညာများကို သင်ယူဖို့ လိုပါပေတယ်။

ငယ်စဉ်က အကျင့်မကောင်းမိခဲ့ခြင်းနောင်တ
ငါငယ်စဉ်အခါတုန်းက မိဘစကားနားမထောင်ခဲ့ခြင်း၊ ဆရာသမားများစကား နားမထောင်ခဲ့ခြင်း၊ အကျင့်မကောင်းခဲ့တဲ့အတွက်ကြောင့် ကောင်းမှုများမလုပ်ခဲ့ခြင်းတို့သည် အသက်ကြီးလာသောအခါ မိမိက မိဘနေရာရောက်သောအခါ မိမိသားသမီးများက မိမိစကားနားမထောင်တဲ့အခါ၊ မိမိဆရာဖြစ်သောအခါ မိမိတပည့်များက မိမိစကားနားမထောင်သောအခါ၊ အကျင့်မကောင်းခဲ့လို့ ကောင်းမှုမရှိ၍ သေခါနီးအခါ မကောင်းသော ငရဲနိမိတ်၊ အပါယ်နိမိတ်များ မြင်လာရသောအခါကျမှ “အော်-ငါသည် ငယ်စဉ်အခါတုန်းက မိဘစကားနားမထောင်၊ ဆရာ့စကားနားမထောင်၊ အကျင့်မကောင်းခဲ့ခြင်းတို့သည် ငါပဲ ဒုက္ခရောက်ရ တာပါလား”ဟု နောင်တရတတ်ပါသည်။

ဒီနောင်တဟာ မိဘဖြစ်သူတို့ သားသမီးတွေပေါ်မှာ သတိထားဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ မိမိကလေးဟာ ငယ်စဉ်ကတည်းက မကောင်းတဲ့အကျင့်ပျက်မှုတွေ တွေ့မြင်လာပြီဆိုရင် အကျိုးအကြောင်း ပြောပြ ဆိုဆုံးမသင့်ပါတယ်။ လူတစ်ယောက်ရဲ့အကျင့်စရိုက်ဟာ ကြီးတဲ့အထိပါနိုင်တာကြောင့် မိဘဖြစ်သူများဟာ မကောင်းတဲ့အမူအကျင့်တွေ အတုမခိုးစေဘဲ ကောင်းတဲ့အကျင့်တွေကိုသာ သင်ပြပေးဖို့လိုအပ်ပါတယ်။ ငယ်စဉ်ကတည်းက မိမိသားလေး ခိုးတတ်မှန်းသိလျက်နဲ့ ခိုးခြင်းကြောင့် ရရှိမဲ့အပြစ်တွေကိုလည်းမပြော၊ ဆိုဆုံးမမှုလည်းမလုပ်ဘူးဆိုရင် ဒီကလေးဟာ ကြီးလာရင် သူတစ်ပါး ပစ္စည်း ခိုးဖို့ရာ ၀န်လေးတော့မှာမဟုတ်ပါဘူး။ ဒီအခါမှာ ငါဒီလိုဖြစ်တာ မိဘတွေ မဆုံးမခဲ့လို့ပဲဆိုတဲ့ နောင်တတွေဖြစ်လာတတ်ပါတယ်။ ဒါကြောင့် မိဘလုပ်သူများဟာ မိမိတို့ရဲ့သားသမီးများ လိမ္မာရေးခြား ရှိရေးအတွက် မကောင်းတဲ့အကျင့်ပျက်မှုတွေကို မသင်ယူစေဘဲ အခွင့်ကြုံတိုင်း သားသမီးများကို ဆုံးမပေးရပါမယ်။ ဒါမှသာ ကလေးတစ်ယောက်အသက်ကြီးလာတဲ့အခါ နောင်တရမှုတွေမဖြစ်ဘဲ ဘ၀ကို ကောင်းမွန်စွာနဲ့ဖြတ်သန်းပြီး သကာလ ပန်းတိုင်ကိုလျင်မြန်စွာ လျှောက်လှမ်းနိုင်ပါလိမ့်မယ်။

၇။ မှားယွင်းသောအယူဝါဒ(၄)မျိုးတို့မှာ အဟေတုကဒိဋ္ဌိ-မိမိတို့ခံစားနေရသော ကောင်းကျိုးဆိုးကျိုးတို့သည် မိမိတို့ပြုလုပ်ခဲ့သော အကြောင်းတရားကြောင့်မဟုတ်ဘဲ လောကကြီးဟာ သူဖြစ်ချင်တာဖြစ်သည်ဟု အကြောင်းတရားကို ပယ်သောအယူဝါဒ။ အကိရိယဒိဋ္ဌိ-မိမိတို့ကောင်းတာလုပ်လုပ်၊ ဆိုးတာလုပ်လုပ် အကျိုးတရားဆိုတာမရှိဘဲ လောကကြီးဟာ သူဖြစ်ချင်တာဖြစ်သည်ဟု အကျိုးတရားကို ပယ်သော အယူဝါဒ။ နတ္ထိကဒိဋ္ဌိ- အကြောင်းအကျိုး နှစ်မျိုးလုံးကို ပယ်သောအယူဝါဒ။ နိယတမိစ္ဆာဒိဋ္ဌိ-မှားယွင်းနေသော အယူမှားကိုပဲ ဒါမှအမှန်ပဲဟု လက်ကိုင်ထား ယုံကြည်သောအယူဝါဒ။

၈။ ထိုငရဲသို့ကျရောက်ရသော ငရဲသားများကို ငရဲထိန်းတို့က သံတောင်ပေါ်သို့ မတက်,တက်အောင် ရိုက်နှက်၍ တင်ကြသည်။ သံတောင်ပေါ်သို့ ရောက်သောအခါ ကံကြမ္မာအလျောက် လေမုန်တိုင်း များပေါ်ပေါက်လာပြီး ထိုလေမုန်တိုင်းက တောင်ခြေမှာရှိသော တံကျင်ပေါ်သို့ရောက်အောင် တိုက်လွှင့် ချလိုက်သဖြင့် တံကျင်အဖျား၌ ကားခနဲ စူးဝင်သည့် ဒုက္ခဆင်းရဲများ ခံကြရလေသည်။

၉။ “ကျောင်းပိတ်ရက်”
ကျောင်းပိတ်ရက်ဝယ်၊ အိမ်မှာနားတော့။
ဆော့ကစားလို့၊ မနေသင့်တယ်။
နိုင်တဲ့ဝန်ကို၊ ပါဝင်ထမ်းလို့။
တတ်စွမ်းသမျှ၊ ကူကြကွယ်။
ကိုယ့်အိမ်ကိုယ့်ယာ၊ သန့်သန့်ရှင်းနဲ့။
အမှိုက်လှည်းကျင်းနေရမယ်။
အားလပ်ချိန်မှာ၊ စာကိုဖတ်တော့။
မှတ်စုမှတ်ရာ၊ သုတကြွယ်။
စည်းကမ်းရိုသေ၊ ယဉ်ယဉ်ကျေးနဲ့။
လိမ္မာရေးခြား၊ တို့လူငယ်။
နောင်တစ်ခေတ်မှာ၊ ခေါင်းဆောင်ဖြစ်တော့။
စည်းစနစ်က၊ အခြေခံတယ်။
ကြိုးစားကွယ် တိုးပွားမယ်။ ။ ။


၁၀။ After you/ me

ရန်ကုန်နိုင်ငံတကာလေဆိပ်မှာ တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်လေးပါ။ လေဆိပ်ရဲ့ ဧည့်ခန်းမထဲမှာ မန္တလေးကိုသွားမယ့်လေယာဉ်ကို ကျွန်တော် စောင့်နေခဲ့တယ်။ ဧည့်ခန်းထဲမှာ နိုင်ငံပေါင်းစုံက နိုင်ငံခြားသားတွေ အများကြီးပဲ။ ဧည့်ခန်းထဲမှာ ရန်ကုန်မြို့တွင်းကိုဆက်တဲ့ အများသုံးတယ်လီဖုန်း တစ်ခုရှိတယ်။ အဲဒီတယ်လီဖုန်းက တယ်လီဖုန်းဆက်ခ မပေးရပါဘူး။ အဲဒီ တယ်လီဖုန်းကို ကောင်မလေးတစ်ယောက် ဆက်နေတယ်။ သူ့နောက်မှာလည်း တယ်လီဖုန်းဆက်ဖို့ စောင့်နေတဲ့သူ လေး ငါးယောက်လောက်ရှိတယ်။ ကောင်မလေးကလည်း တယ်လီဖုန်းဆက်နေတာ ပြီးကိုမပြီးနိုင်ဘူး။ မိနစ် (၂၀)လောက်ကြာမှ နောက်တစ်ယောက်အလှည့် ရောက်တော့တယ်။ အဲဒီ တစ်ယောက်ကလည်း ဖုန်းပြောလိုက်တာ အကြာကြီးပဲ။ ကျွန်တော်ဘေးနားမှာ ထိုင်နေတဲ့ နိုင်ငံခြားသားတစ်ယောက်က အဲဒီအဖြစ်အပျက်ကို နားမလည်နိုင်အောင် ဖြစ်နေပုံရတယ်။ ကျွန်တော့်စိတ်ထဲမှာ ဖုန်းပြောနေတဲ့လူတွေကိုကြည့်ပြီး “အားနာမှုမရှိလိုက်ကြတာလို့ ခံစားရတယ်။

ဒီလိုနဲ့ မန္တလေးကိုသွားမယ့်လေယာဉ် ရောက်လာပါတယ်။ လေယာဉ်ပေါ်ကိုတက်ဖို့ “စပီကာ”က ကြေညာပါတယ်။ မန္တလေးကို သွားမယ့်ခရီးသည်တွေ အားလုံး လှုပ်လှုပ်ရွရွဖြစ်သွားကြတယ်။ လေယာဉ်ပေါ်ကိုသွားဖို့ ဘတ်(စ်)ကားတစ်စီး ထိုးဆိုက်လာတယ်။ အဲဒီကားနဲ့ လေယာဉ်ဆီကို လေယာဉ်စီး ခရီးသည်တွေ သယ်ဆောင်မှာဖြစ်တယ်။ လူတွေဟာ ဘတ်(စ်)ကားပေါ်ကို အလုအယက်ပဲ တိုးဝှေ့တက်ကြတယ်။ နိုင်ငံခြားသားတွေက အေးအေးဆေးဆေးပါပဲ။ တိုးဝှေ့တက်တဲ့အထဲမှာ ကျွန်တော်လည်းပါတယ်။ ဒီလိုနဲ့လေယာဉ်ဆီကို ကျွန်တော် ရောက်သွားတယ်။ လေယာဉ်ပျံရဲ့ နောက်အနားအပေါက်က ကျွန်တော် တိုးတက်ရတယ်။ ဒီလိုပါပဲ... လေယာဉ်ပေါ်ကို တိုးဝှေ့ပြီးတက်လိုက်တယ်။ ကိုယ့်ထိုင်ခုံနဲ့ ကိုယ်ဆိုပေမယ့် ဘာကြောင့်များ တိုးဝှေ့တက်ခဲ့မှန်း ကိုယ့်ကိုယ်ကိုယ် မစဉ်းစားမိဘူး။ တိုးတာ၊ ဝှေ့တာ၊ တွန်းတာ၊ တိုက်တာ အကျင့်ပါနေလို့ပဲဖြစ်မယ်။ ဖြစ်ချင်တော့ ကျွန်တော့်ဘေးကထိုင်ခုံမှာ နိုင်ငံခြားသားတစ်ယောက် လာထိုင်တယ်။ ဧည့်ခန်းထဲမှာ တွေ့ခဲ့တဲ့သူပါ။ သူဟာ အေးဆေးတည်ငြိမ်စွာပဲ စာအုပ်တစ်အုပ်ကိုဖတ်နေတယ်။

လေယာဉ်တက်ပြီးလို့ (၁၀)မိနစ်လောက်အကြာမှာ လေယာဉ်မယ်လေးတွေက လက်တွန်းလှည်း လေးတွေကိုတွန်းပြီး အစားအသောက် လာကျွေးပါတယ်။ အပူလား။ အအေးလား။ ကြိုက်ရာသုံးဆောင်လို့ရတယ်။ ဖော့ဘူးလေးနဲ့ အသားညှပ် ပေါင်မုန့်တစ်လုံးစီ လိုက်ပြီးဝေတယ်။ ကျွန်တော့်ရဲ့ထိုင်ခုံက အတွင်းဘက်မှာပါ။ အစားအသောက်လာပြီးပေးတဲ့ လေယာဉ်မယ်လေးတွေက တစ်တန်းပြီးတစ်တန်း၊ တစ်ခုံပြီးတစ်ခုံ စနစ်တကျ ပေးဝေပါတယ်။ ကျွန်တော့်ရဲ့ ခုံအနားလည်းရောက်ရော ကျွန်တော်က ကော်ဖီတစ်ခွက်ကို လှမ်းယူလိုက်တယ်။ အသားညှပ်ဖော့ဘူးတစ်ဘူးကို လှမ်းယူလိုက်တယ်။ တကယ်တော့ အဲဒီနိုင်ငံခြားသားက လူသွားလမ်းရဲ့ဘေးမှာ နေရာယူထားသူ။ သူက အရင်ယူရမှာ။ ကျွန်တော်က အတွင်းဖက်ကခုံမှာ ထိုင်တဲ့သူ။ ကျွန်တော်က နောက်မှယူရမှာ။ ဒါပေမယ် ကျွန်တော်က အရင် လက်ကိုလှမ်းလိုက်တယ်။ အဲဒီအချိန်မှာ နိုင်ငံခြားသားက စကားတစ်ခွန်းပြောတယ်။“After you”အဲ့ဒီစကားကိုကြားကြားချင်း ကျွန်တော် နားမလည်ပါဘူး။

အစာစားရင်း ကျွန်တော်စဉ်းစားမိတယ်။“After you” တဲ့။ After ဆိုတာ... ပြီးနောက်။ you ဆိုတာ... သင်၊ မင်း၊ နင်၊ ရှင်။ ဒီတော့... “After you” ဆိုတာ “မင်းပြီးမှ”လို့ အဓိပ္ပာယ်ရတယ်။ “မင်းကို ဦးစားပေး”ပါတယ်။ “မင်းအရင်လုပ်”ပါ။ ဒီလို သဘောဆောင်တဲ့ အင်္ဂလိပ်ခေတ်ပေါ် စကားတစ်ခုပါ။ ကျွန်တော် တွေးရင်းနဲ့ ရှက်လာတယ်။ ကျွန်တော်ဟာ “After me” သမားပဲ။ ကျွန်တော်ဟာ မီးရထားလက်မှတ်တန်းစီရင်လည်း ငါရဖို့...။ ဘတ်(စ်)ကားစီးရင်လည်း ငါအရင်တက်ဖို့။ ငါ အရင်နေရာရဖို့။ ကားမောင်းရင်လည်း လမ်းဆုံမှာ ငါ အရင်ကူးဖို့။ ငါ အရင်ဖြတ်ဖို့။လမ်းကူးရင်လည်း ငါ အရင် ဟိုဘက်ရောက်ဖို့...။ အလုပ်လျှောက်ရင်လည်း ငါ အလုပ်အရင်ရဖို့...။ ငါအဆင်ပြေဖို့...။

“After me”....“After me”....“After me”....ငါပြီးမှ မင်း...။ ငါအရင်...။ ငါ့ကို ဦးစားပေး။ တွေးရင်း တွေးရင်နဲ့ ကျွန်တော် အရမ်းရှက်လာမိတယ်။

ဒီအကြောင်းကို အိမ်ရောက်တော့ အဖေနဲ့အမေကို ပြောပြမိတယ်။ အမေပြောတဲ့စကားဟာ မှတ်သားလောက်ပါတယ်။“After you” ဆိုတဲ့ စိတ်ဟာ လူကြီးလူကောင်းစိတ်ပဲ။ အိမ်မှာ ထမင်းဟင်းကို အမေကချက်တယ်။ အမေချက်ထားတဲ့ ထမင်း၊ ဟင်းကို အမေ အရင်မစားဘူး။ သားသမီးတွေကို အရင်ကျွေးတယ်။ “After you” ပေါ့ကွယ်။ ဒီလိုပဲ... မင်းအဖေဟာလည်း သူရှာလို့ရတဲ့ ငွေကြေးကို သူအရင်မသုံးဘူး။ သားသမီးတွေကို အရင်ပေးတယ်။ အရင်ကျွေးတယ်။ “After you” ပေါ့ကွယ်။ မင်းဟာလည်း မင်းညီတွေ၊ ညီမတွေနဲ့ ပတ်သက်ရင် “After you” လုပ်ရမှာပဲ။ ဒီလိုပဲ မင်းဟာ ဆရာတစ်ယောက်ဆိုတော့ တပည့်တွေနဲ့တွေ့ရင် တပည့်တွေကို “After you” လုပ်ရမယ်။ “After you” ဆိုတာ ဦးစားပေးခြင်းသဘောအပြင် စာနာခြင်း၊ နားလည်ပေးခြင်းတွေ ပါနေတယ်။ မေတ္တာတရားတွေ ပါနေတယ်။ အတ္တနည်းခြင်းသဘောတွေ ပါဝင်နေတယ်။ အဖေက ၀င်ပြောတယ်။“After me” ဆိုတာ အများအားဖြင့် လူငယ်တွေမှာ ဖြစ်တတ်ကြတယ်။ ကလေးတွေမှာ ဖြစ်တတ်ကြတယ်။ “After me” ဆိုတဲ့ စိတ်ရှိနေတဲ့သူဟာ လူကြီး မဖြစ်သေးဘူး။ စိတ်အရွယ်မရောက်ခြင်းရဲ့ အမှတ်သင်္ကေတဟာ “After me” ပဲ။ “

အသက်တွေကြီးလေလေ တပ်မက်မှုတွေ နည်းလေလေ” ဖြစ်ရမှာ။ “အသက်တွေကြီးလေလေ တပ်မက်မှုတွေများလေလေ” ဆိုရင် ဒါဟာ တော်တော်ရှက်စရာကောင်းတဲ့ “After me” ပဲ။ “After me” ဆိုတာ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တတွေ ရင်ထဲမှာ အများကြီးရှိနေခြင်းကို ဖော်ပြလိုက်ခြင်းပဲ။ “After me” သမားဟာာ မိဘဆိုရင်လည်း မိဘ မပီသတဲ့သူပေါ့။ ဆရာဆိုရင်လည်း ဆရာမပီသတဲ့သူပေါ့။ သူငယ်ချင်းဆိုရင်လည်း သူငယ်ချင်း မပီသတဲ့သူပေါ့။ မိတ်ဆွေဆိုရင်လည်း မိတ်ဆွေ မပီသတဲ့သူပေါ့။ ဒါကြောင့် လူကြီးလူကောင်း ဖြစ်ချင်ရင် “After me” ကိုလျှော့။ “After you” ဖြစ်အောင် ကြိုးစားပေါ့ သားရယ်။ကျွန်တော်တို့ပတ်ဝန်းကျင်မှာ “After me” သမားတွေနည်းလာပြီး “After you” သမားတွေများလာရင်တော့ အရမ်းပျော်စရာကောင်းမှာပဲနော်။သူကလည်း ကိုယ့်အပေါ် “After you”။ ကိုယ်ကလည်း သူ့အပေါ် “After you”။ မိဘကလည်း သားသမီးအပေါ် “After you”သားသမီးကလည်း မိဘအပေါ် “After you”လူကြီးတွေကလည်း လူငယ်တွေအပေါ် “After you”လူငယ်တွေကလည်း လူကြီးတွေအပေါ် “After you”ဆရာကလည်း တပည့်အပေါ် “After you”တပည့်ကလည်း ဆရာ့အပေါ် “After you”အပြန်အလှန် “After you” ဆိုတဲ့....၀န်းကျင်တစ်ခုကို ကျွန်တော်တို့ ထူထောင်ကြရအောင်ဗျာ။ ။

Credit-ကိုသောင်း (ပုလဲမြေ)

ဒီဆောင်းပါးလေးကို ဦးဇင်းဖတ်မိတာတော့ တော်တော်ကြာပါပြီ။ အခုလို ကလေးတွေကို စာသင်မယ်၊ စိတ်ဓာတ်ရေးရာနဲ့ပတ်သတ်ပြီး ဘယ်အကြောင်းအရာကို စာစီစာကုံးရေးခိုင်းရင် သူတို့လေးတွေ စိတ်ဓာတ်ကောင်းရရှိစေမလဲ၊ ပါးစပ်ကပြောပြတာကို လက်တွေ့မှာချရေးခိုင်းတာဟာ သူတို့လေးတွေအတွက် စာစီစာကုံး မြန်မာစာလည်း ရေးတတ်သွားမယ်ဆိုပြီး ပါးစပ်ကနေ အထက်ပါဆောင်းပါးကို ပြောပြပေးပြီး စာစီစာကုံးရေးခိုင်းတယ်။ စာမေးပွဲမှာ ထည့်ရေးခိုင်းလိုက်တယ်။

ဒီဆောင်းပါးလေးပြောပြရင်းနဲ့ပဲ ဆက်စပ်ပြီး ပြောစရာလေးတွေပေါ်လာတာနဲ့ အောက်ပါအတိုင်း ဆက်ပြောပြပေးလိုက်တယ်။

အမေရိကန်ရှိ မိသားစုတစ်စုဟာ ရေဘေးဒုက္ခသည်များအတွက် လှူဒါန်းပေးရန် ပြင်ဆင်နေကြတယ်။ ဒုက္ခသည်မိသားစုမှာလည်း အမေရယ် သား (၂)ယောက် သမီးငယ်လေးတစ်ယောက်အားဖြင့် မိသားစု (၄)ယောက်ရှိတယ်။ လှူမဲ့မိသားစုမှာလည်း ထိုနည်းတူ မိသားစု(၄)ယောက်ပါပဲ။

အဲဒါနဲ့ လှူမဲ့မိသားစု အမေဖြစ်သူက သားသမီးတွေကို ကိုယ်မသုံးတော့တဲ့ ပစ္စည်းလေးတွေ ပေးရအောင်ဆိုပြီး အမေဖြစ်သူက သူမဝတ်တော့တဲ့ အဝတ်စားတွေ လှူဖို့ထည့်တယ်။ သား (၂)ယောက်ကလည်း သူတို့မကြိုက်တဲ့ပစ္စည်းတွေ ထည့်ကြတယ်။ အငယ်ဆုံးဖြစ်တဲ့ သမီးငယ်လေးကတော့ သူအကြိုက်ဆုံး နှစ်သက်ဆုံးဖြစ်တဲ့ ကစားစရာ အရုပ်ကလေးကို ဒုက္ခသည်ကလေးမလေးအတွက် လှူဖို့ ယူလာခဲ့တယ်။

အဲဒါကို အမေဖြစ်သူလည်းမြင်ရော သမီးလေး ဘာဖြစ်လို့ သမီးအကြိုက်ဆုံး အရုပ်လေးကို လှူရတာလဲ။ သမီး မလိုချင်တော့တဲ့ အရုပ်တွေ အများကြီးပဲ။ အဲဒါတွေ လှူဖို့ယူခဲ့ပါလို့ ပြောတဲ့အခါ သမီးဖြစ်သူက "အမေ သမီး ဒီအရုပ်လေးနဲ့ ကစားခဲ့တာ ရက်တော်တော်ကြာ ကစားခဲ့ရပေမဲ့ ဒုက္ခသည် ရွယ်တူကလေးမှာ တစ်ခါမှ ကစားရဦးမှာ မဟုတ်ဘူး။ ဒါကြောင့် သမီးက ကိုယ်ချင်းစာပြီး လှူပေးဖို့ ဆုံးဖြတ်လိုက်တာ။ သမီးတို့က ကိုယ်ချင်းစာပြီး ကိုယ်အကောင်းလိုချင်သလို သူများလည်း အကောင်းသုံး စေချင်တဲ့ စိတ်ရှိရမှာပေါ့လို့ "ပြောတဲ့အခါကျမှ အမေဖြစ်သူလည်း အဝတ်စားအဟောင်းတွေ ပြန်ဖယ်ပြီး အကောင်းဆုံးအဝတ်စားတွေ လှူဖို့ပြန်ပြင်ပါတော့တယ်။ အကိုဖြစ်တဲ့ သား (၂)ယောက်လည်း သူတို့အကြိုက်ဆုံး အသုံးအဆောင်တွေ လှူဖို့ထည့်ကြပါတော့တယ်။

ဒါဟာ ကလေးကနေပေးလိုက်တဲ့ အသိပညာ ဒါနပြုပုံလေးပါ။

မိမိတို့ဟာ မဲနှိုက်တဲ့အခါ အကောင်းဆုံးကို လိုချင်တယ်။ ထီထိုးရင်လည်း အမြင့်ဆုံးဆုကို လိုချင်တယ်။ စီးပွားချမ်းသာကိုလည်း ကမ္ဘာ့ချမ်းသာဆုံး ဖြစ်ချင်ကြတယ်။ ဒါပေမဲ့ အဲဒါတွေ ဖြစ်မလာကြပါဘူး။ ဒါဟာ ဘာဖြစ်လို့လဲဆိုတော့ မိမိပေးကမ်းမှုပြုခြင်း မျိုးစေ့စိုက်တုန်းက အကောင်းဆုံး ကိုယ့်နှစ်သက်ဆုံး အရာဝတ္ထုများ မပေးကမ်း မလှူဒါန်းဘဲ အညံ့စားတွေပဲ ပေးကမ်းလှူဒါန်းခဲ့လို့ပါပဲ။ လုံးဝကို မပေးကမ်းခဲ့ဘူးဆိုရင်တော့ တောင်းစားရတဲ့အခြေနေထိ ဖြစ်ကြရမှာပါ။

ဒါကြောင့် မိမိတို့ဟာ လူကိုဖြစ်စေ သံဃာကိုဖြစ်စေ ပေးကမ်းလှူဒါန်းခြင်းများ ပြုလုပ်တော့မယ်ဆိုရင် မိမိအကြိုက်ဆုံး အကောင်းဆုံး ပစ္စည်းများဖြင့် ဒါနပြုကြစေချင်ပါတယ်။ ဒါမှ လက်ခံရရှိတဲ့သူကို စိတ်ချမ်းသာစေသလို မိမိရရှိတဲ့အချိန်မှာလည်း အကောင်းဆုံးတွေ ရရှိမှာပါ။ ဒါကြောင့် မိမိတို့ဟာ သူတစ်ပါးကို ပေးကမ်းတဲ့အခါမှာလည်း After you စိတ်ဓာတ်ဖြင့် ကောင်းတာကိုပဲ ပေးကမ်းကြဖို့ လိုအပ်ပါတယ်။ အဲဒါမှသာ မိမိတို့ဟာ မြတ်ဗုဒ္ဓရဲ့ နည်းလမ်းကို လိုက်နာရာလည်း ရောက်မှာပါ။

မြတ်ဗုဒ္ဓဟာ After you စိတ်ဓာတ်ရှိလို့သာလျှင် လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းကာလပတ်လုံး သူတစ်ပါးကောင်းစားရေးအတွက် ခန္ဓကိုယ်မှာရှိတဲ့အရာရော၊ အပြင်မှာရှိတဲ့ ပစ္စည်းဥစ္စာ၊ ဇနီးမယား သားသမီးများကိုပါ ပေးကမ်းခဲ့တာပါ။ မြတ်ဗုဒ္ဓဖြစ်တဲ့အချိန်မှာလည်း သူတစ်ပါးအတွက် တစ်ရက်ကို (၂၄)နာရီရှိရာက (၂၂)နာရီခန့် မနားမနေ အလုပ်လုပ်ပေးခဲ့ပါတယ်။ ဒီလိုတွေပြုလုပ်ပေးတာဟာ မြတ်ဗုဒ္ဓသည် After you စိတ်ဓာတ် ဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့သည် အသက်ရှင်သမျှကာလပတ်လုံး After you စိတ်ဓာတ်ကို လက်ကိုင်ကျင့်သုံးရမှာပါ။ ဒါမှသာ မိမိတို့သည် မျက်မှောက်သံသရာမှာ ပြီးပြည့်စုံသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး ချမ်းသာသုခအစစ်မှန်ကို ခံစားကြရပါလိမ့်မယ်။

အဲဒီလို ကလေးတွေကိုပြောပြပေးပြီး သူတို့လေးတွေ ဦးနှောက်ထဲမှာ မှတ်မိတာတွေ များပေမဲ့လည်း စာမေးပွဲဖြေချိန်ကို ငဲ့ညာပြီး စာရွက်(၂)မျက်နှာခန့် ဖြေဆိုခိုင်းလိုက်ပါတယ်။

ကိုင်း-ဒီလောက်ဆိုရင်တော့ ဦးဇင်းစာဖတ်ပရိသတ်များလည်း ကလေးတွေလို ဗဟုသုတအသိပညာများ တိုးပွားပြီးမို့ လိုက်နာကျင့်သုံးနိုင်လောက်ပြီ ထင်ပါတယ်။ မိမိတို့နဲ့ နီးစပ်ရာကလေးများကိုလည်း တဆင့်ပြန်လည် သင်ပေးကြပေါ့လေ။

စာဖတ်ပရိသတ်များ အသိပညာဗဟုသုတကြွယ်ဝပြီး အများအကျိုး ဆောင်ရွက်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်......။

အရှင်ကောမလ ဆန်နီနေမင်း
သာသနတက္ကသီလ ဓမ္မာစရိယ
B.A (Buddhism), M.A (Sri Lanka)
Ph.D (Thesis) (သီရိလင်္ကာ)
ဖုန်း။ 09-33079721. 09-420064265

Friday, July 4, 2014

ကဲ..ဘယ်လိုလဲ..မောင်တို့

ကဲ..ဘယ်လိုလဲ..မောင်တို့





မြတ်ဗုဒ္ဓဖြစ်စဉ်အကျဉ်း

အမည်ရင်း။ ။ သိဒ္ဓတ္ထ

ဖွားမြင်တော်မူသည့်နေရာ။ ။ အိန္ဒိယနိုင်ငံ၊ ကပိလဝတ်ပြည်၊ မဟာသက္ကရာဇ် ၆၈-ခုကဆုန်လပြည့်သောင်္ကြာနေ့တွင်လုမ္ဗနီမည်သော အင်ကြင်းတော ၌ ဖွားမြင်တော်မူသည်။

တောထွက်တော်မူသည့်အချိန်။ ။၂၉ - နှစ် အရွယ်တွင် နမိတ်ကြီးလေးပါး ကိုမြင်တော်မူ၍ သံဝေဂရတော်မူသဖြင့် တောဝနာသို့ ထွက်ကာ တရားဓမ္မကျင့်ကြံခဲ့၏။

ဘုရားအဖြစ်ကို ရောက်တော်မူသည့်နေ့။ ။ မဟာသက္ကရာဇ် ၁၀၃- ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် ဘုရားအဖြစ်သို့ ရောက်တော်မူသည်။

ပရိနိဗ္ဗာန်ပြုတော်မူတော်နေ့။ ။ သက်တော် (၈၀) ပြည့်သောအခါ မဟာသက္ကရာဇ် ၁၄၈- ခု ကဆုန်လပြည့် အင်္ဂါနေ့ ၌ အိန္ဒိယနိုင်ငံ ကုသိနာရုံပြည် အင်ကြင်းဟေမာ ဥယျာဉ်သာဝယ် ပရိနိဗ္ဗာန်ပြုတော်မူလေသည်။

မြန်မာတို့၏ ထေရဝါဒဗုဒ္ဓဘာသာသမိုင်းကိုလေ့လာကြည့်လျှင် သထုံမြို့မှ အရှင်အရဟံမထေရ် ၏ကျေးဇူးတော်ကြောင့် ပုဂံမင်း အနော်ရထာ လက်ထက်မှသည် ယခုလက်ရှိ သမ္မတကြီး ဦးသိန်းစိန်လက်ထက်အထိအိန္ဒိယနိုင်ငံမှာပွင့်တော်မူခဲ့သည့်ဗုဒ္ဓမြတ်စွာဘုရားကို မြန်မာအများစုက ကိုးကွယ်နေကြသည်ကို တွေ့မြင်ရမည်ဖြစ်သည်။
ဤကားပထမပိုင်းပြီး၏။  





Facebook လူမှုစာမျက်နှာကွန်ယက် မှာ တချို့သောသူများက ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးကိုမစောင့်သလို၊ မြန်မာနိုင်ငံ၏ သမ္မတလည်းမဖြစ်ထိုက်သူဟု ယိုးမယ်ဖွဲ့ဝါဒမှိုင်း တိုက်နေသံကို ကြားရပါသဖြင့် ကျနော် ဒီစာစုလေးကို ရေးသားရခြင်းဖြစ်ပါတယ်။ ဟုတ်ပြီ..ဒေါ်အောင်ဆန်းစုကြည်ဟာ အင်္ဂလိပ်လူမျိုး ဒေါက်တာမိုက်ကယ်အဲရစ် ကိုယူခဲ့တာအမှန်ပဲ။ သားနှစ်ယောက်လည်း ထွန်းကားခဲ့တာ အမှန်ပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ လူမျိုးခြားကို ယူခဲ့တာမှန်ပေမဲ့လို့ ဒေါက်တာမိုက်ကယ်အဲရစ်ဟာ ဗုဒ္ဓဘာသာကို ကိုးကွယ်သူပါ။ ဗုဒ္ဓရဲ့ တရားတော်တွေကို ပါဠိလို နှစ်နှစ်ကာကာ လေ့လာလိုက်စား အားထုတ်ခဲ့သူပါ။ တခါ မိုက်ကယ်အဲရစ် မြန်မာပြည်ကို လာတုန်းက မင်းကွန်းဆရာတော်ကြီးကို သွားဖူးတော့ နှစ်ဦးစလုံး ပါဠိလိုတွေ ပြောနေကြလို့ ထောက်လှမ်းရေးတွေတောင် ငုတ်တုတ်မေ့ခဲ့တဲ့ သာဓက ရှိခဲ့ပါတယ် လို့ မှတ်သားဘူးပါတယ်။ ဒီလောက်ဆိုရင် သဘောပေါက်သင့်ပြီလို့ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားသားကို ယူခဲ့တာဟာ အမှား တစ်စုံတစ်ရာမရှိပါဘူး။ လူသားတိုင်းမှာရှိတဲ့ လွတ်လပ်စွာ ထိမ်းမြားလက်ထပ်ပိုင်ခွင့် နဲ့ လွတ်လပ်စွာ ကိုယ့်ကြမ္မာကိုယ်ဖန်တီး ပိုင်ခွင့်တွေကို လုပ်ဆောင်ခဲ့တာပါ။ သမ္မတဖြစ်ရေးနဲ့ ပတ်သက်လို့တော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောခဲ့ပြီးသားပါ။ “ ကျမ သမ္မတ မဖြစ်ရလို့ ဘာမှမဖြစ်ပါဘူး…သမ္မတ ဖြစ်ရေး၊ မဖြစ်ရေးဟာ မြန်မာနိုင်ငံသူ၊နိုင်ငံသားတွေနဲ့ပဲ သက်ဆိုင်ပါတယ်။”
ဤကားဒုတိယပိုင်းပြီး၏။

နောက်တစ်ယောက် ကတော့ ရှေ့နေကြီး ဦးကိုနီ အကြောင်းပါ။ ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေကြီး ဦးကိုနီ ကို ပွဲထုတ်လို့ အပြစ်ပြောကြပြန်တယ်။ ရှေ့နေကြီးဦးကိုနီ က ခိုင်းလို့ဒေါ်အောင်ဆန်းစုကြည်ကပဲ လုပ်နေရသလိုလို၊ ဘာလိုလို၊ ညာလိုလိုတွေပေါ့ဗျာ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ ဒီိမိုကရေစီပန်းတိုင်ကို ရောက်အောင် ချီတက်နေတဲ့ပါတီပါ။ မြန်မာနိုင်ငံသား မည်သူ့ကိုမဆို အဖွဲ့ဝင်ချင်လျှင် လက်ခံပါတယ်။ ဒီိမိုကရေစီရဲ့ အခြေခံသဘောအရ မည်သည့်လူမျိုး၊ မည်သည့် ဘာသာဝင်ကိုမဆို ထိုက်သင့်တဲ့ တာဝန်များကို ပေးပြီး ထမ်းဆောင်စေပါတယ်။ စစ်အစိုးရခေတ်အဆက်ဆက်ရဲ့ နိုင်ငံသားဖြစ်မှုဥပဒေအရ မြန်မာနိုင်ငံသား ဖြစ်နေတဲ့ ဦးကိုနီ ကိုပါတီဝင်အဖြစ် လက်ခံသလို ထိုက်သင့်တဲ့တာဝန်များကိုလည်း ထမ်းဆောင်စေပါတယ်။ ဦးကိုနီ လိုပဲ မြန်မာနိုင်ငံသားဖြစ်နေတဲ့ ဦးကြင်ဟုတ်ပဲဖြစ်ဖြစ်၊ ချင်းလူမျိုး ကိုဆလိုင်းပဲဖြစ်ဖြစ်၊ ကချင်လူမျိုး ကိုနော်မိုင်ပဲဖြစ်ဖြစ်၊ ကရင်လူမျိုး ကိုစောလှိုင်ကိုပဲ ဖြစ်ဖြစ် ပါတီကိုဝင်ရောက်ချင်လျှင် ပါတီစည်းမျဉ်း၊စည်းကမ်းအတိုင်းဝင်ရောက်နိုင်ပြီး အားလုံးကိုလည်း ထိုက်သင့်တဲ့ တာဝန်များကိုပေးပြီး ထမ်းဆောင်စေပါတယ်။ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီကို ချီတက်နေပြီဆိုရင် အသားအရောင်ခွဲခြားတာတို့၊ လူမျိုးရေး၊ ဘာသာရေးခွဲခြားတာတွေဟာ မရှိသင့် ၊မရှိထိုက်တဲ့အရာတွေပါ။ ကိုရီးယားမှာ လာပြီးအလုပ်လုပ်နေတဲ့ ကျနော်တို့တောင်မှ အလုပ်အတူတူလုပ်တဲ့ ကိုရီးယားနိုင်ငံသားကပဲဖြစ်ဖြစ်၊ ကိုရီးယားသူဌေးကပဲဖြစ်ဖြစ် ခွဲခြားဆက်ဆံတာကို ခံရရင် နိုဒုံဘူကို တိုင်လို့ရပါတယ်။ EPS စံနစ်ရဲ့ အလုပ်သမားဥပဒေထဲမှာပါ..ပါတယ်။ နောက်ဆုံး အမေရိကန်နိုင်ငံက လူမဲ သမ္မတကြီး အိုဘားမားကိုပဲကြည့် ..အဖေက ကင်ညာနိုင်င်ငံသားဖြစ်ပေမယ့်လည်း အရည်အချင်းရှိတော့ အမေရိကန်နိုင်ငံမှာ သမ္မတဖြစ်ပြီး၊ ပထမသက်တမ်း (၄) နှစ်ပြည့်ပြီးတာတောင် အမေရိကန်နိုင်ငံသားတွေက ကြိုက်လို့ နောက်(၄)နှစ်သက်တမ်း ထပ်ပြီးထမ်းဆောင်နေပါတယ်။ မကြာမီ မှာပဲ..ဇူလိုင်လ(၁၉) ရက်နေ့ဆိုရင် အာဇာနည်နေ့ ရောက်ပြန်ပါပြီ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ အသက်ပေးကျဆုံးသွားကြတဲ့ အာဇာနည်ကြီး (၉) ဦးထဲမှာ ဆရာကြီးဦးရာဇတ် နဲ့ သက်တော်စောင့် ရဲဘော်မောင်ထွေးတို့ဟာ မွတ်စလင်များဖြစ်ကြပါတယ်။ ဘယ်နိုင်ငံ၊ ဘယ်လူမျိုး၊ ဘယ်ဘာသာမဆို လူဆိုးနဲ့လူကောင်းရှိတတ်တာကြီးပါပဲ။ ကျနော်တို့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဒီမိုကရေစီနိုင်ငံကို ထူထောင်ချင်တယ်ဆိုရင်တော့ အရာရာကို ချင့်ချိန်စဉ်းစားနိုင်ဖို့ လိုသလို၊ ဘယ်ဟာအမှား၊ ဘယ်ဟာအမှန်လဲဆိုတာကို ဝေဖန်ပိုင်းခြားနိုင်တဲ့ သူတွေဖြစ်ကြဖို့ အရေးကြီးပါတယ်။ စစ်အာဏာရှင်စံနစ်ကို လက်ယက်ခေါ်တဲ့ အပြုအမှုတွေကိုတော့ ရှောင်ရှားကြရမှာဖြစ်ပါတယ်။
ဤကားတတိယပိုင်းပြီး၏။

ဒီရက်ပိုင်းအတွင်းက မန္တလေးမြို့မှာ ဖြစ်ပွားသွားခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေးအကြမ်းဖက်မှု အကြောင်းလေးပါ။ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာကို ကျနော်မပြောနိုင်ပေမဲ့ အဓိကတာဝန်ရှိတာကတော့ ကျနော်တို့ အခွန်တွေကိုစားပြီး နိုင်ငံတာဝန်ကို ယူထားတဲ့ ဗိုလ်သိန်းစိန်အစိုးရ ဖြစ်ပါတယ်။ Face book လူမှုစာမျက်နှာကွန်ယက်မှာ ဒီသတင်းတွေ တက်လာတာကို သိနေတဲ့ ဦးသိန်းစိန်အစိုးရ လက်အောက်မှာရှိတဲ့ လုံခြုံရေးဝန်ထမ်းတွေဟာ ကြိုတင် သတင်းရထားရက်နဲ့ ဒီလိုဖြစ်သွားတာကတော့ ယခင်ဖြစ်နေကြအတိုင်းပဲလို့ ပြောလို့ရမယ်ထင်ပါတယ်။ ပြစ်မှုကျုးလွန်တယ်ဆိုရင် ပြစ်မှုကျုးလွန်သူကို အမြန်ဆုံး အပြစ်ပေးအရေးယူဖို့လိုပါတယ်။ အပြစ်မရှိဘူးဆိုရင်လည်း အမြန်ဆုံး သတင်းထုတ်ပြန်ပေးဖို့လိုပါတယ်။ တိုင်းပြည်မှာ ဘာသာရေးနဲ့ပတ်သက်ပြီး အမုန်းပွားနေကြတာကိုလည်း ဦးသိန်းစိန်အစိုးရ သိပြီးသားပါ။ သိသိကြီးနဲ့ ဖြစ်သွားတဲ့ အကြမ်းဖက်မှုပါ။ နောက်ဆုံးတော့ မြေဇာပင်ဖြစ်သွားရတာကတော့ အပြစ်မဲ့တဲ့ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေပါပဲ။ အခုခေတ်ကြီးက သတင်းမီဒီယာ ခေတ်ကြီးပါ။ ပြည်တွင်းမှာ ဒီလိုအကြမ်းဖက်မှုတွေ ဖြစ်ပြီ ဆိုတာနဲ့ ပြည်ပမှာ ဒီသတင်းတွေက အကုန်ရိုက်ခတ်သွားပါတယ်။ ကျနော်တို့နေတဲ့ ဒီကိုရီးယားတိုင်းပြည်မှာ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးနဲ့ တရားဥပဒေစိုးမိုးမှုတွေ ရှိနေတဲ့အတွက်ကြောင့် စိုးရိမ် ကြောင့်ကြစရာမလိုပေမဲ့၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးနဲ့ တရားဥပဒေစိုးမိုးမှု အားနည်းတဲ့ မွတ်စလင်တိုင်းပြည်တွေမှာ ရောက်ရှိအလုပ်လုပ်ကိုင်နေကြတဲ့ ကျနော်တို့ မြန်မာနိုင်ငံသားတွေကတော့ နောက်ကျောမလုံသလို၊ စိုးရိမ်သောကများစွာနဲ့ သတိထားနေ နေရတဲ့ တိုင်းပြည်တွေရှိပါတယ်။ ဥပမာ မလေးရှားမှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတစ်ယောက်ရဲ့ ရင်ဖွင့်သံကို သူရဲ့ Face book မှာ ဖတ်လိုက်ရတဲ့အချိန်မှာ တော်တော်လေးလည်းစိတ်မကောင်းဖြစ်သွားမိတယ်ဗျာ။ အခုခေတ်ကြီးက ငါမြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် ငါ့လှေငါထိုး ပဲခူးရောက်ရောက် လုပ်လို့ မရတော့တဲ့ ခေတ်ကြီးပါ။ နောက်ဆုံးအနေနဲ့ မန္တလေးမြို့မှာ ပဋိပက္ခဖြစ်ပွားနေတာတွေနဲ့ ပတ်သက်ပြီး ဂဠုန်နီဆရာတော် ဦးကာဝိယ ရဲ့ မိန့်ကြားချက်လေးနဲ့ နိဂုံးချုပ်ပါ့မယ်။

" အဲ့ဒီဘက်မှာ ဒီလိုမဖြစ်အောင်ဆိုရင် လမ်းမမှာ သွားနေတဲ့ တုတ်၊ ဓားလက်နက်ပါတဲ့သူမှန်သမျှ အကုန်ဖမ်းဆီးထိန်းသိမ်းလိုက် ပြီးပြီ။ အခုတော့ တဖက်နဲ့တဖက်၊ လူမျိုးတမျိုးနဲ့တမျိုး ဘာသာတခုနဲ့တခု ခိုက်ရန်ဖြစ်ပွားစေတဲ့ စကားတွေ ပြောဆိုဆဲဆို၊ ကြိမ်းမောင်း ဝါဒဖြန့်ဖြူးနေတဲ့ ပုဂ္ဂိုလ်တွေ သိနေတာပဲ အဲ့တာတွေ ချက်ခြင်းဖမ်းဆီး၊ ထိန်းသိမ်းလိုက်ရင် ဒါတွေက ချုပ်ငြိမ်းသွားမှာပဲ။ အခုကတော့ လမ်းမှာ လျှောက်ပြီးတော့ အော်ဟစ်နေတဲ့ကောင်တွေကို ဘယ်သူမှာမှ မဖမ်းပဲကိုး။ ဆဲဆို သွားတဲ့ကောင်တွေရော ၊ အော်ဟစ် သွားတဲ့ကောင်တွေ၊ ခဲနဲ့ပေါက်သွားတဲ့ကောင်တွေ အဲ့အကောင်တွေကို မြင်နေရက်သားနဲ့ မဖမ်းတဲ့အခါကျတော့ ပိုကျယ်ပြန့်လာတာပေါ့။" (ဗွီအိုအေ)

အပ္ပမာဒေန သမ္ပာဒေထ

လေးစားစွာဖြင့်
ဝင်းလှိုင်

ဟန်းဂုရွာမှကူးယူပါသည်

Thursday, July 3, 2014

ယုံကြည်ချက်လွန်ကဲသူများ။

ဆန်နီနေမင်းဘလော့မှကူးယူပါသည်

ယုံကြည်ချက်လွန်ကဲသူတို့သည် သူတစ်ပါးက ဘယ်အရာက ဘယ်လိုစသည်ဖြင့် အထင်ကြီး လေးစားဖွယ်၊ အံ့သြဖွယ်၊ ထူးဆန်းဖွယ်ရာတစ်စုံတစ်ခုကို ပြုလုပ်ပြောဆိုလျှင် လွယ်ကူစွာယုံကြည်ပြီး ထိုယုံကြည်ချက်အတိုင်း ပြုလုပ်ဆောင်ရွက်တတ်ကြသည်။ ထို့ပြင် လူလောကမှာ သူတစ်ပါးကို လိမ်ညာ ချင်သူများလာရခြင်းမှာလည်း သူတစ်ပါးရဲ့ လှည့်ကွက်များကို မစဉ်းစား၊ မတွေးခေါ်၊ သုံးသပ်ဆင်ခြင်ဉာဏ်မရှိဘဲ အလွယ်တကူ ယုံကြည်လွယ်ခြင်းကြောင့် ဖြစ်သည်။

ဗုဒ္ဓဝါဒကို ယုံကြည်သူများဟု သတ်မှတ်ခံယူထားသော ဗုဒ္ဓဘာသာနွယ်ဝင်များပင် ဗုဒ္ဓဝါဒမှတစ်ပါး အခြားများစွာသော သူတစ်ပါးတို့၏ မှားယွင်းသောလုပ်ရပ်များကို စွဲမြဲစွာယုံကြည်လျက် ပြုလုပ်နေကြသည်မှာ အံ့သြဖွယ်ရာပင် မြင်တွေ့ကြားသိနေရ၏။ ဥပမာ-ဗေဒင်ဆရာက ယတြာချေခိုင်းလျှင် ခိုင်းသည့်အတိုင်း မလွဲမသွေ ပြုလုပ်ကြသည်။ ထိုယတြာကြောင့် မိမိဆိုးကျိုးများပျောက်ကင်းပြီး ကောင်းကျိုးများရလာသည်ဟု ထင်မြင်ယူဆကြသည်။ အမှန်မှာ ယတြာချေခိုင်းသည့် အလုပ်ကိစ္စများသည် မကောင်းမှုအကုသိုလ် အလုပ်များကို ပြုလုပ်ခိုင်းသည်မဟုတ်ဘဲ ကောင်းမှုကုသိုလ်အလုပ်များသာ ပြုလုပ်ခိုင်းနေသည်ကို သတိမထားမိကြချေ။ တကယ်တော့ မိမိတို့မှာ ယတြာချေသောကြောင့် ကောင်းကျိုးဖြစ်လာသည်မဟုတ်၊ ကောင်းသည့်အလုပ်ကို ပြုလုပ်သည့်အတွက် ကောင်းကျိုးများဖြစ်လာရခြင်းပါ။ ထို့ကြောင့် မိမိပြုလုပ်နေသော ယတြာချေခြင်းသည် မကောင်းသောအလုပ်လား၊ ကောင်းသောအလုပ်လားဆိုတာ စဉ်းစားကြည့်ပြီး ကောင်းသည့်အလုပ်ကြောင့် ကောင်းကျိုးရသည်ကိုတော့ မယုံကြည်ကြဘဲ ယတြာချေသောကြောင့် ကောင်းကျိုးရသည်ဟု လွဲမှားသောအသိအမြင်များသာ မှတ်ယူနေကြပေသည်။

ရက်ရာဇာ၊ ပြဿဒါးအယူအဆများသည် မိမိတို့ယုံကြည်မှုကြောင့် ကောင်းဆိုးများနှင့် ကြုံတွေ့ရခြင်း ဖြစ်ပေသည်။ မိမိက ရက်ရာဇာနေ့သည် ကောင်းသည်ဟုယူဆပြီး ကောင်းသောအလုပ်များပြုလုပ်လျှင် ထိုအလုပ်သည် အောင်မြင်လေသည်။ မိမိက ပြဿဒါးနေ့သည် မကောင်းသောနေ့ဟုယူဆပြီး မကောင်းသောအလုပ်များပြုလုပ်လျှင် ထိုအလုပ်သည် အောင်မြင်မှုနည်းလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် မည်သည့်လုပ်ငန်းမဆို မိမိယုံကြည်ချက်နှင့်ပြုလုပ်သည့်လုပ်ငန်းသာ အောင်မြင်သောကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် ရက်ရာဇာသည် ကောင်းသောနေ့၊ ပြဿဒါးသည် မကောင်းသောနေ့စသည်ဖြင့် နေ့၊ လ၊ နက္ခတ်စသည်တို့ကို သတ်မှတ်လုပ်ကိုင်ဆောင်ရွက်ကြရာတွင် မိမိယုံကြည်ချက်သည်သာ အဓိက ကျပေသည်။ မိမိက ယုံကြည်ချက်မရှိဘဲပြုလုပ်လျှင် မည်သည့်နေ့တွင်မဆို လုပ်ကိုင်ဆောင်ရွက်မှုမှန်သမျှသည် အောင်မြင်ပြီးမြောက်လိမ့်မည် မဟုတ်ပါပေ။ ထို့ကြောင့် ရက်ရွေးခြင်းထက် မိမိယုံကြည်ချက်သည်သာ အဓိကဖြစ်သည်ကို အထူးဂရုစိုက် မှတ်သားလိုက်နာသင့်ပေသည်။

ဓဇဂ္ဂသုတ်တွင် မြတ်ဗုဒ္ဓက နတ်သားများအား စစ်တိုက်သောအခါ မိမိတို့တွင် ဘေးရန်အန္တရာယ်ကျရောက်၍ ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်းများဖြစ်လာလျှင် မိမိတို့၏ ခေါင်းဆောင်အလံများကို မော့ကြည့်လိုက်ပါ။ ထိုအခါ သင်တို့သန္တာန်မှာ ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ချောက်ခြားခြင်းများ ပျောက်ကင်းသွားပြီး မည်သည့်ဘေးအန္တရာယ်ကိုမဆို ကျော်ဖြတ်နိုင်လိမ့်မည်ဟု ပြောကြားခြင်းမှာ နတ်စစ်သည်များ အတွက် ယုံကြည်ချက်ဖြင့် ခွန်အားပေးလိုက်ခြင်း ဖြစ်ပေသည်။
ထို့အတူ တောတောင်ထဲတွင် သီတင်းသုံးနေထိုင်သော သံဃာတော်များအား မြတ်ဗုဒ္ဓက “သင်တို့မှာ ဘေးရန်အန္တရာယ်များ ကြုံတွေ့ရ၍ ကြောက်ရွံ့ခြင်းများဖြစ်လာလျှင် ရတနာသုံးပါး ဂုဏ်တော်တစ်ခုခုကို ရွတ်ဆိုပွားများ အာရုံပြုပေးလိုက်ပါ။ သင်တို့သန္တာန်မှာ ကြောက်ရွံ့ခြင်းများကင်းပြီး လိုရာခရီးရောက်ပါလိမ့်မည်ဟု မိန့်တော်မူခဲ့ပေသည်။ (သံ၊ ၁၊ ၂၂၀)

အထက်ပါ မြတ်ဗုဒ္ဓ၏ မိန့်ဆိုချက်များတွင် မည့်သည့်အဆောင်လက်ဖွဲ့ကို ဆောင်ထားပါ။ မည်သည့်နေ့ရက်တွင် ပြုလုပ်ပါ။ မည်သည့်နေ့ရက်သည် မိမိလုပ်ငန်းများ အောင်မြင်မည့်ရက်၊ မည်သည့်နေ့ရက်သည် မိမိလုပ်ငန်းများ ဆုံးရှုံးမည့်ရက်ဟူ၍ မိန့်ကြားထားခြင်း မရှိပါပေ။

တဖန် နက္ခတ္တဇာတ်တွင် မြတ်ဗုဒ္ဓလက်ထက်က သူဌေးသား၏မိဘများနှင့် သူဌေးသမီး မိဘများ သည် နှစ်ဦးနှစ်ဘက်ဆွေးနွေးတိုင်ပင်ပြီး လက်ထပ်ပွဲကျင်းပရန် ရက်သတ်မှတ်လိုက်ကြသည်။ ထိုသို့ ရက်သတ်မှတ်ပြီးမှ သူဌေးသားမိဘများသည် သူတို့သတ်မှတ်ထားသောနေ့ရက်သည် မင်္ဂလာနေ့ရက် ကောင်း ဟုတ်မဟုတ်သိလိုသဖြင့် ၎င်းတို့ကိုးကွယ်ဆည်းကပ် အထင်ကြီးလေးစားရသောပုဂ္ဂိုလ်ထံ သွားရောက်မေးမြန်းကြသည်။
ထိုအခါ သူတို့ဆရာဖြစ်သူက “ငါ့ကို အစဦးဆုံးကတော့ မတိုင်ပင်၊ အကြံဉာဏ်မတောင်းဘဲနဲ့ ယခုမှ လာရောက်မေးမြန်းရမလားဆိုပြီး မင်္ဂလာရက်သတ်မှတ်ထားသောနေ့သည် နက္ခတ်မကောင်းသဖြင့် လက်ထပ်ပွဲကျင်းပလျှင် ဆိုးကျိုးခံစားရမည်”ဟု ပြောလိုက်သည်။ သူဌေးသားနှင့် မိဘများသည် ကံ၊ ကံ၏အကြောင်းအကျိုးကို မယုံကြည်ကြဘဲ ဆရာဖြစ်သူ၏စကားကို ယုံကြည်ပြီး လက်ထပ်မင်္ဂလာပွဲကို နောက်ရက်ရွေ့ရန် သတိုးသမီးဘက်သို့ အကြောင်းကြားလိုက်ပြီး မင်္ဂလာပွဲအခမ်းအနား မသွားရောက်ကြပေ။ ထိုအခါ သတိုးသမီးဘက်မှ မိဘများသည် မင်္ဂလာပွဲကျင်းပရန် သတ်မှတ်ပြီးမှ ရွေ့ပြောင်းရမလားဆိုပြီး တခြားသူနဲ့ လက်ထပ်ပေးလိုက်သည်။

နောက်တစ်ရက် သူဌေးသားတို့ မင်္ဂလာပွဲကျင်းပရန် လာရောက်ကြသောအခါ သတိုးသမီးသည် တစ်ပါးသူနဲ့ လက်ထက်ပြီးပြီဟု ပြောကြားလိုက်လေသည်။ ထိုအခါ သတိုးသားသည် သူချစ်ခင်ရသူ သတိုးသမီးမရရှိသည့်အတွက် ဝမ်းနည်းကြေကွဲမှုများ ခံစားရသည့်အပြင် မိမိချစ်ခင်နှစ်သက်သော ဇနီးကောင်းတစ်ယောက် ဆုံးရှုံးခြင်းအကျိုးပါ ရရှိခဲ့သည်။

ထိုအဖြစ်အပျက်ကို သိမြင်သောအခါ မြတ်ဗုဒ္ဓက “နက္ခတ်ကောင်းမကောင်း တွက်ချက် စဉ်းစားနေသောလူမိုက်ကို အကျိုးစီးပွားများက ကျော်လွန်သွားသည်။ အကျိုးစီးပွားကို လိုချင်သူအတွက် အကျိုးရှိသော အလုပ်သည်ပင် နက္ခတ်ကောင်းဖြစ်၏။ ကောင်းကင်က ကြယ်တာရာတို့သည် ဘာလုပ်နိုင်ကြမည်နည်း”ဟု ဟောကြားတော်မူခဲ့ပါသည်။ (နက္ခတ္တဇာတ်၊ ဇာတက၊ ဋ္ဌ၊ ၁၊ ၂၇၄။)

မြတ်ဗုဒ္ဓက မည်သို့ပင် နက္ခတ်ကြယ်တာရာများသည် အကျိုးကိုမဖြစ်စေနိုင်၊ မိမိယုံကြည်မှုနှင့် လုပ်ဆောင်ချက်တို့သည်သာ မိမိအတွက် အကျိုးဖြစ်ထွန်းစေသည်ဟု မိန့်ကြားခဲ့သည်ကို ဗုဒ္ဓဘာသာဝင် အများစုသည် နက္ခတ်ကြယ်တာရာ၊ ဂြိုလ်၊ ရက်ရာဇာ၊ ပြဿဒါးများကို ယုံကြည်နေကြခြင်းသည် အလွန်အံ့သြစရာပင် ဖြစ်နေပေသည်။ ထိုထက်ဆိုးသည်က ဗုဒ္ဓဘာသာဝင်များသည် အပေါ်ယံ နေ့ရက်တို့သာ ယုံကြည်ကြရုံသာမကဘဲ မိမိကောင်းမှုကုသိုလ်လုပ်မည့် ကောင်းမှုကုသိုလ် အလှူပွဲများမှအစ နေ့ရက်များရွေးချယ်နေကြသည်မှာ လွန်လွန်းသည်ဟု ထင်မြင်မိပါသည်။ ထို့ကြောင့် အလုံးစုံကို သိမြင်တော်မူသည့် မြတ်ဗုဒ္ဓပြောပြခဲ့သည်ကို မယုံကြည်နိုင်၊ လက်မခံနိုင်ဖြစ်နေပြီး သာမန်လူများ ပြောပြသည်ကို ယုံကြည်လျက် မိမိကောင်းမှုကုသိုလ်လုပ်ငန်းများပါ နောက်ဆုတ်နေမည်ဆိုလျှင် မိမိသေသွားခဲ့ပါက ကောင်းမှုကုသိုလ်များသာ မရရှိဘဲ ဖြစ်နေပါလိမ့်မည်။

ထိုကဲ့သို့ မိမိမသေခင် သေချာရေရာမည့် ကုသိုလ်လုပ်ငန်းများပါ ရက်ရွေးနေ၍ မလုပ်ဖြစ်ခဲ့ဘဲ သေသွားလျှင် မည်မျှလောက် ဝမ်းနည်းစရာ နောင်တရစရာ ကောင်းနေမည်လည်းဆိုတာ သေချာစဉ်းစားကြည့်စေချင်ပါသည်။

တစ်ခါ အောက်ပါဖြစ်ရပ်မှန်လေးကလည်း စာဖတ်သူတို့အတွက် အသိပညာရစေမှာပါ။

သူငယ်ချင်းနှစ်ယောက် တက္ကသိုလ်ဝင်တန်းဖြေပြီးသောအခါ တစ်ယောက်က စစ်ထဲဝင်မည်။ တစ်ယောက်က ဆရာဝန်လုပ်မည်ဆိုပြီး ရည်ရွယ်ချက်ကိုယ်စီ ထားခဲ့ကြသည်။ ဒီလိုနဲ့ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသောအခါ စစ်သားဖြစ်ချင်သူက စစ်ထဲဝင်ခဲ့သည်။ ဗိုလ်လောင်းသင်တန်းပြီးသောအခါ စစ်သားဖြစ်သည့်သူငယ်ချင်း ရှေ့တန်းထွက်ရမည့် အခြေအနေ ရောက်လာသောအချိန် ဆရာဝန် သူငယ်ချင်းက “မင်းသွားလေရာမှာ ဘေးရန်အန္တရာယ်တွေကနေ ကင်းရှင်းအောင် ငါလက်ဖွဲ့လေးတစ်ခု ပေးလိုက်မယ်။ ဒီလက်ဖွဲ့လေးဟာ ငါတို့မျိုးရိုးစဉ်ဆက် ယုံကြည်စွာနဲ့ လက်မှာပတ်ထားခဲ့ကြတဲ့ အရာလေးပါ။ ဒါလေးကို မင်းဆောင်ထားမယ်ဆိုရင် မင်းအန္တရာယ်မျိုးစုံကနေ ကင်းလွတ်လိမ့်မယ်”ဟုပြောပြီး စာရွက်ခေါက်လေးတစ်ခုပေါ်မှာ အဝတ်စလေးပတ်ထားသော လက်ဖွဲ့တစ်ခု ပေးလိုက်သည်။

စစ်သားဖြစ်သူသည် သူငယ်ချင်းပြောသည့်စကားကို ယုံကြည်ချက်အပြည့်နှင့် လက်ဖွဲ့ကလေး လက်မှာအမြဲပတ်တီးထားပြီး ရှေးတန်းသို့ လေးကြိမ်တိုင်တိုင် ထွက်ခဲ့ရသော်လည်း မည်သည့်အန္တရာယ်မှ မကျရောက်ဘဲ ကျန်သူများသာ အန္တရာယ်ကြုံတွေ့ရခြင်းသည် သူငယ်ချင်းပေးလိုက်သော လက်ဖွဲ့အဆောင်ကြောင့်ဖြစ်မည်ဟု ယုံကြည်နေသည်။ ရှေ့တန်းသို့လေးကြိမ် ထွက်ခဲ့ပြီးနောက် ခွင့်ရသည်နှင့် သူငယ်ချင်းဆရာဝန်ဆီ အလည်သွားသောအခါ ဆရာဝန်ဖြစ်သည့် သူငယ်ချင်းအား “သူငယ်ချင်း၊ မင်းပေးလိုက်တဲ့ လက်ဖွဲ့အစွမ်းကြောင့် ငါ့မှာ ရှေ့တန်းလေးကြိမ်ထွက်ခဲ့ရပေမဲ့ ဘာအန္တရာယ်မှ မကြုံတွေ့ ခဲ့ရဘူး။ မင်း ငါ့ကို ခုလို အစွမ်းထက်တဲ့   လက်ဖွဲ့ပေးတဲ့အတွက် ကျေးဇူးဆပ်လို့မကုန်အောင် ကျေးဇူးတင်ပါတယ်”ဟု ပြောသောအခါ ဆရာဝန်ဖြစ်သူက “မင်းငါ့ပေးတဲ့လက်ဖွဲ့ကို တစ်ခါမှ ဖြုတ်မကြည့်ဖူးလား” ဟု မေးလိုက်သည်။ ထိုအခါ စစ်သားဖြစ်သူက “ဖြုတ်ကြည့်စရာမလိုအောင် အစွမ်းထက်နေတာမို့ မကြည့်ပါဘူး”ဟု ဖြေလေသည်။

ထိုအခါ ဆရာဝန်သူငယ်ချင်းက ငါပေးလိုက်သောလက်ဖွဲ့သည် ဘာလက်ဖွဲ့လဲဆိုတာ ကြည့်လိုက်ပါဦးဟု ပြောသောအခါမှ စစ်သားဖြစ်သူ ဖွင့်ဖတ်ကြည့်သောအခါ ဒေါသပုန်းထပြီး လက်ဖွဲ့ကို လွင့်ပစ်လိုက်လေသည်။ ထိုအချိန်မှစ၍ စစ်သားဖြစ်သူသည် လက်ဖွဲ့အပေါ် ယုံကြည်မှုမရှိသောအခါ သူ့မှာ ယုံကြည်ချက်ကင်းမဲ့ပြီး ခွန်အားကင်းမဲ့နေသဖြင့် နောက်တစ်ကြိမ် ရှေ့တန်းထွက်ရသောအခါ ကျဆုံးခဲ့သည်။ ဆရာဝန်ဖြစ်သူ သူငယ်ချင်းပေးလိုက်သည့် လက်ဖွဲ့သည် သူငယ်ချင်းအား နောက်ပြောင်လိုသည့်စိတ်နှင့် ရေးပေးလိုက်သော စာရွက်သာဖြစ်သည်။ စာရွက်ကလေးအတိုင်းပေးလျှင် သူ့ရှေ့မှာပင် ဖတ်ကြည့်ပါက သူ့ကို ဒေါသပုန်းထမည်စိုးသဖြင့် စာရွက်ကိုခေါက်လိပ်ပြီး အဝတ်စနှင့် စည်းပေးလိုက်ခြင်း ဖြစ်သည်။ ဆရာဝန်ဖြစ်သူ ရေးပေးလိုက်သည့်စာမှာ “မင်းသေရင် မင်းနှမ ငါယူမည်”ဟူသတည်း။

အထက်ဖော်ပြခဲ့ပါ သာဓကဝတ္ထုတို့ကို ထောက်ဆကြည့်မည်ဆိုပါက မိမိတို့သည် အခြားသောပုဂ္ဂိုလ်များ၏ စကားများကို ယုံကြည်ကြခြင်းမရှိဘဲ မြတ်ဗုဒ္ဓ၏ ဆုံးမသြဝါဒများကိုသာ ယုံကြည်ကြမည်။ မြတ်ဗုဒ္ဓမိန့်တော်မူခဲ့သည့် တရားတော်များရွတ်ဆိုပွားများပြီး တရားတော်များအတိုင်း ကျင့်သုံးနေထိုင်မည်။ သူတော်ကောင်းများ နှစ်သက်သဘောကျသည့် အလုပ်ကိစ္စများကိုသာ လုပ်ကိုင်ဆောင်ရွက်ကြမည်ဆိုလျှင် မည်သည့်လက်ဖွဲ့ကိုမျှ ဆောင်နေစရာမလိုသကဲ့သို့ နေ့ရက်များကိုလည်း ရွေးချယ်စရာမလိုဘဲ မိမိတို့ဘဝမှာ ချမ်းသာသုခများပြည့်စုံပြီးသကာလ မြတ်ဗုဒ္ဓတို့သွားရာလမ်းကို မလွဲဧကန် လျင်မြန်စွာရောက်ရှိပါလိမ့်မည်။

မှတ်ချက်။ ။ ဂျာနယ်၊ မဂ္ဂဇင်းများသို့ ထည့်သွင်းဖော်ပြခြင်း၊ ဖြန့်ဝေခြင်းများ မည်သူမဆို ပြုလုပ်နိုင်ပါသည်။ သို့သော် စာရေးသူရေးထားသည့်အတိုင်း အပြည့်စုံ ထည့်သွင်းပေးဖို့တော့ လိုအပ်ပါလိမ့်မည်။

အရှင်ကောမလ ဆန်နီနေမင်း
သာသနတက္ကသီလ ဓမ္မာစရိယ
B.A (Buddhism), M.A (Sri Lanka)
Ph.D (Thesis), Sri Lanka
ရွှေပြည်သာဓမ္မရိပ်သာ ကျောင်းထိုင်ဆရာတော်
ရပ်စောက်မြို့အနီး၊ ရွှေညောင်-ပင်းတယကားလမ်းဘေး၊
Ph-0933079721. 0973069549.

Wednesday, July 2, 2014

“”PTC (Paid to Click) မှာ ကြော်ငြာတွေကြည့်ပြီး အွန်လိုင်းငွေရှာနည်း သိထားသင့်သော အချက်လေးများ“”





User တစ်ယောက်က အွန်လိုင်းမှာ၊ PTC ဆိုဒ်တွေမှာ စတင်ငွေရှာတော့မယ်ဆိုရင်တော့ အကြမ်းဖျင်း အားဖြင့် အောက်ပါအချက်များကို သိထားသင့်ပါတယ်။ ဒါမှလည်း အလွယ်ကူဆုံးနဲ့အမြန်ဆုံးနားလည် လာမှာပါ။ ကျနော် အောက်မှာ နံပါတ်စဉ်လေးတွေနဲ့တစ်ချက်ချင်းစီ ရေးပြထားပါတယ်။ ဖတ်ကြည့် လိုက်ပါခင်ဗျာ။။ ဖက်ကြည့်ပီးလို့ သဘောကျတယ်ဆိုရင်တော့ လုပ်ငန်းကိုစတင်လိုက်ပါဗျာ။
PTC ဆိုဒ်တွေမှာငွေရှာဖို့အတွက် လိုအပ်ချက်က ကိုယ်ပိုင်အင်တာနက်လိုင်းရှိရပါမယ်၊ (သို့) အင်တာနက် လိုင်းရှိတဲ့ဖုန်းရှိရပါမယ်။ ကိုယ်ပိုင်ကွန်ပျူတာရှိရပါမယ်။ Laptop, Destop (မှတ်ချက်။  ။ ထိုကွန်ပျူတာ များတွင် PTCဆိုဒ်တွေကို အသုံးမပြုထားရသေးသော။ ကွန်ပျူတာ အသစ်များဖြစ်ဖို့လိုပါတယ်။ တစ်နေ့ကို ကိုယ့်ရဲ့ ကိုယ်ပိုင်လွတ်လပ်ချိန်၊ ၀န်ထမ်းဆိုရင်လည်း အလုပ်အားတဲ့အချိန်၊ အနည်းဆုံး မိနစ်(30)ရှိရပါမယ်။
PTC ဆိုဒ်တွေမှာငွေရှာတော့မယ်ဆိုရင်တော့ PTC ရဲ့စည်းကမ်းချက်တွေကို နားလည်ထားဖို့တော့လိုပါတယ်။ စည်းကမ်းချက်တွေက PTC ဆိုဒ်တွေကို အသုံးပြုမယ်ဆိုရင် ဖုန်းနဲ့အသုံးမပြုရပါဘူး။ Paid to click ဖြစ်တဲ့ အတွက် Mouse နဲ့သာ Click တာကို လက်ခံပါတယ်။ အင်တာနက်လိုင်း (၁)လိုင်းကို(၁၀)ရက်အတွင်းမှာ ကွန်ပျူတာ(၃)လုံးသာပြောင်းလဲ သုံးခွင့်ရှိပါတယ်။ (၃)လုံးထက်ကျော်ရင် အကောင့်ကို အဖျက်ခံရနိုင်ပါ တယ်။ အကောင့်အဘမ်းခံရနိုင်ပါတယ်။ ကွန်ပျူတာကို ခဏခဏပြောင်းလဲ အသုံးပြုခွင့်မရှိပါဘူး။ အတက်နိုင် ဆုံး မိမိရဲ့ သီးသန့်ကွန်ပျူတာမှာသာသုံးပါ။ တစ်ချို့ဆိုဒ်တွေက ထိုသို့ပြောင်းလဲသုံးတာ၊ စည်းကမ်းမလိုက် နာတာတွေကို ကြော်ငြာတွေကလစ်နေတဲ့အချိန်မှာ အကောင့်ကိုမဖျက်ပါဘူး။ ပိုက်ဆံထုတ်တဲ့အချိန်ကျမှ အကောင့်ကို ဖျက်ပြစ်လိုက်တာပါ။ ဒါဆိုရင်တော့ မိမိတို့ကြိုးစားထားတာတွေ သဲထဲရေသွန်ဖြစ်ကုန်မှာပါ။ ဒါ့ကြောင့် စည်းကမ်းချက်တွေကို လိုက်နာရပါမယ်။ PTC ဆိုဒ်တွေမှာ ငွေရှာရင် အရေးကြီးဆုံးအချက်က ကွန်ပျူတာ (၁)လုံးမှာ ဆိုဒ်အမျိုးတူ (၁)ကောင့်ပဲဖွင့်ရပါမယ်။ (၂)ကောင့်ဖွင့်ခွင့်မပေးပါ။ အကောင့်အပိတ်ခံ ရနိုင်ပါတယ်။ ဆိုဒ်အမျိုးမတူရင်တော့ အများကြီးဖွင့်လို့ရပါတယ်။ (ဥပမာ- thebux ဆိုတဲ့ ငွေရှာဆိုဒ်ကို မိမိရဲ့ကွန်ပျူတာမှာ (၁)ကောင့်ပဲဖွင့်သုံးခွင့်ရှိပါတယ်။ နောက်ထပ်တစ်ကောင့်ကိုဖွင့်သုံးခွင့်မရှိပါဘူး။ အဲ့လို မဟုတ်ဘဲ thebux ကဲ့သို့အခြားဆိုဒ်တွေကို ပါ ဖွင့်သုံးမယ်ဆိုရင်တော့ အများကြီးသုံးသုံးခွင့်ပေးပါတယ်။ အရေးကြီးတာက ကွန်ပျူတာ(၁)လုံးမှာ ဘယ်လို PTC ဆိုဒ်မျိုးကိုမဆို (၁)ကောင့်ပဲဖွင့်သုံးခွင့်ရှိပါတယ်။ (အရေးကြီးလို့ပါခင်ဗျာ) PTC ဆိုဒ်တွေအများကြီးမှာအကောင့်ဖွင့်ရင် gmail တစ်ခုတည်းကို အသုံးပြုခွင့် ပေးထားပါတယ်။ အသုံးပြုလို့ရပါတယ်။ လိုက်နာနိုင်မှသာ PTC မှာ ပိုက်ဆံရှာစေချင်ပါတယ်
အပေါ်ကအတိုင်း အားလုံးပြည့်စုံသွားပီဆိုရင်တော့ member ၀င်ဖို့စတင်ပါမယ်။ member ၀င်ရင်လည်း first name နဲက last name ကို အတူတူဖြည့်ပေးရပါမယ်။ password ကိုလည်း (6)လုံးအနည်းဆုံး ထည့်ပေးရပါ မယ်။ e-mail နေရာမှာ ဖြစ်နိုင်ရင် e-mail ကို အသစ်တစ်ခုထားစေချင်ပါတယ်။ မရှိလည်း အဟောင်းပဲထား လည်းဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ PTC ဆိုဒ်တွေကနေ spam mail တွေက အမြဲတမ်းဝင်နေကျမို့ပါ။ ဒါ့ကြောင့် ကို့gmail မှာ ရှုပ်နေလို့ စိတ်ရှုပ်နေမှာစိုးလို့ပါ။ payment အကောင့်တွေထည့်တဲ့နေရာမှာ (paypal, egopay. Payza) တို့နေရာမှာ အကောင်လုပ်ပီးသားရှိတယ်ဆိုရင်တော့ အကောင့်ကို ဖြည့်ပါ။ မရှိရင် ကိုယ့်ရဲ့ gmail အကောင့်ကိုပဲ ယာယီဖြည့်ထားလို့ရပါတယ်။
PTC ရဲ့မန်ဘာတစ်ယောက် အဖြစ်ဝင်ခွင့်ရသွားပြီဆိုရင်တော့ ဆိုဒ်ပိုက်ဆံရှာဖို့အတွက် နည်းလမ်းလေးကိုသိ ထားရပါမယ်။ ပေးထားတဲ့ကြော်ငြာတွေကိုကလစ်ပြီးရှာမယ်၊ (view ads) ၊ ကံစမ်းမဲနှိက်ပြီးပိုက်ဆံရှာမယ်၊ (Gridads)၊ ဗွီဒီယိုကြည့်ပီး ပိုက်ဆံရှာမယ်၊ (Video)၊ ဒါကတော့ အလွယ်ကူဆုံးငွေရနိုင်ပါတယ်။ ကျန်တဲ့နည်း တွေလည်းရှိပါသေးတယ်။ ကိုကလစ်ထားတဲ့ ကလစ်အရေအတွက်ကို ပိုက်ဆံနဲ့ပြန်လဲမယ်၊ (Convert pts)၊ ကြော်ငြာကြည့်တာနဲ့ကံစမ်းမဲနှိုက်တာကတော့ ဆိုဒ်တိုင်းလိုလိုပါဝင်ပါတယ်။ ဗွီဒီယိုနဲ့ကလစ်ပြန်လဲတာက တော့အချို့ဆိုဒ်တွေမှာ မပါပါဘူး။ နောက်ပိုင်းသိသွားမှာပါ။
PTC ဆိုဒ်တွေရဲ့ နောက်ထပ်ငွေရနိုင်တာကတော့ Direct Refeerals (DR) ပါ ကို့အကောင့်ရဲ့ DR လင့်ကနေ ပီးအကောင့် ၀င်တဲ့သူတွေဆီကနေရတဲ့ အခွင့်အရေးပါ။ ဒါကို ဘယ်လိုရအောင်လုပ်မလဲ အောက်မှာဖတ်ပါ။ Direct Referral ဆိုတာကတော့ ကိုယ်ရဲ့ Referral လင့်ကနေ အကောင့်ကို Register လုပ်သွားတဲ့အခါမှာ ကိုယ့်ဆီကို ရောက်လာတဲ့ member တွေကို ပြောတာပါ။ သူတို့ကိုကျ ငွေပေးပြီး ၀ယ်စရာမလိုတဲ့အတွက် ကိုယ့်အတွက် အကုန်အကျ တော်တော်သက်သာပါတယ်။ ကိုယ့်ဆီမှာ DR တွေရှိတယ်ဆိုရင် DR တွေဆီ ကနေကိုယ်ကကလစ်အရေအတွက်တချို့ကိုcreditအနေနဲ့ရပါတယ်။
ဒါပေမယ့် DRတွေ ကြည့်သမျှ ကလစ်အရေအတွက် အားလုံးကို credit ပေးတာမဟုတ်ဘဲ ကလစ်လေးခုကိုပဲ ပေးတာပါ။ ပြီးတော့ ဘယ်ကြော်ငြာ (များသောအားဖြင့်တော့ ငွေပိုပေးထားတဲ့ 0.01$ နဲ့အထက် ကြော်ငြာ) တွေကိုကြည့်မှ credit ပေးတာပါ။ တချို့တွေက DR တွေကလစ်သမျှ ကလစ်အရေအတွက်အားလုံးကို ရတယ်လို့ ထင်နေကြပါတယ်။ အများဆုံးမှ (DR ရဲ့ membership ပေါ်မူတည်ပြီး) ကလစ်လေးခုကနေ ရှစ်ခုအထိပဲရနိုင်တာပါ။
ဒါပေမယ့် အဲလို ကလစ်လေးချက်ပဲ ရပေမယ့် သူတို့အတွက် ငွေအကုန်အကျမရှိတဲ့အတွက် ကိုယ့်အတွက် အပိုဝင်ငွေအနည်းငယ်တော့ ရနိုင်ပါတယ်။ သူတို့ကို သက်တမ်းတိုးပေးစရာလဲ မလိုပါဘူး။ သူတို့အကောင့်ကို မပိတ်မချင်း(တခါတလေမှာ သူတို့ ဘမ်းခံရတာကလွဲရင်) ကိုယ့်အကောင့်ထဲမှာ DR အဖြစ်နဲ့ အမြဲတမ်းရှိနေမှာပါ။
ဒါပေမယ့် DR ရဖို့အတွက်ကတော့ ခက်ပါတယ်။ လူတိုင်းက ကိုယ့်အကောင့်အောက်မှာ Register လုပ်ချင်ကြတာ မဟုတ်ပါဘူး။ ပြီးတော့ ဆိုဒ်တခုမှာ သူက Register လုပ်ပြီးသွားလို့ ကလစ်နေပြီးသား သူဆိုရင် သူကလည်း အကောင့်အသစ် ထပ်ပြီးတော့လုပ်ချင်တော့မှာ မဟုတ်တဲ့အတွက် ကိုယ့်ဆီကို DR အဖြစ်နဲ့မရနိုင်တော့ပါဘူး။
DR တွေ ရနိုင်တဲ့နည်းလမ်း တချို့ကို ရေးပေးပါမယ်။ PTC ဆိုဒ်တွေရဲ့ ဖိုရမ်တွေကနေ တွေ့တာတွေကို ပြန်ရေးပေးထားတာပဲ ရှိတာပါ။ တကယ်လို့ ဖတ်ဘူးပြီးသားဖြစ်ရင်တော့ မဖတ်ဘဲ ကျော်သွားနိုင်ပါတယ်။

၁။ ကိုယ်ရဲ့ referral လင့်ကို ဖိုရမ်တွေမှာ ကြော်ငြာပါ။ ဒါပေမယ့် တအားကို မျက်စိနောက်အောင်တော့ မကြော်ငြာမိပါစေနဲ့။ ကိုယ်ကလည်း အခြားသူတို့အတွက် အကျိုးရှိမယ့် ပို့စ်တွေကို ရေးပြီးတင်ရင်းနဲ့ ကိုယ့်ရဲ့လင့်ကိုပါ တခါတည်းတင်ပေးပါ။ ဒါပေမယ့် PTC ဆိုဒ်တွေရဲ့ ဖိုရမ်တွေမှာတော့ အဲလို referral လင့်တွေအပါအ၀င် အခြားဘယ်လင့်ကိုမှ တင်ခွင့်မရှိပါဘူး။ Referral လင့်ကတော့ http://www.the-bux.net.com/?r=Usernameပုံစံမျိုးပါ။တွေ့ဖူးကြမယ်လို့ထင်ပါတယ်။
၂။ ကိုယ်ရဲ့သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ မိသားစုဝင်တွေကိုလည်း PTC ဆိုဒ်တွေအကြောင်းကို သေချာပြောပြပြီးစိတ်ဝင်စားလာ အောင်ဆွဲဆောင်ပါ။ဒါပေမယ့်အိုင်ပီတူ နေလို့ကိုယ်ပါကြော်ငြာ
မရတာမျိုး တော့သတိထားရပါမယ်။
၃။ အခြားသူတွေမြင်ရင် စိတ်ဝင်စားနိုင်မယ့် ကြော်ငြာတွေ ရေးပြီး PTC ဆိုဒ်တွေဆိုတာ ဘာလဲဆိုတာကို ရှင်းပြပြီး ကိုယ်ရဲ့လင့်ကို တခါတည်းထည့်ပြီး ဂျာနယ်တွေမှာ ကြော်ငြာနိုင်ပါတယ်။ ဒါမှမဟုတ် လူသုံးများတဲ့ Social network တွေ (Facebook လို) နေရာမျိုးတွေမှာ ကြော်ငြာနိုင်ပါတယ်။
       
၎။ ကိုယ်တိုင်လည်း PTC ဆိုဒ်တွေအကြောင်း ဘလော့တွေရေးပြီး ကြော်ငြာပါ။ ကိုယ်ရဲ့ ဘလော့ကိုလည်း လာဖတ်တဲ့သူများအောင်လုပ်ပါ။ ကိုယ်ရဲ့ ဘလော့ကို လာဖတ်တဲ့သူတွေ အကောင့်လုပ်ပြီး ကလစ်ချင်အောင် ကိုယ်ကလည်း ရေးနိုင်ဖို့ လိုပါလိမ့်မယ်။
        
၅။ PTC အကြောင်းတွေကို ရှင်းပြထားတဲ့ ဗွီဒီယိုဖိုင်တွေ လုပ်ပြီး Youtube လိုနေရာမျိုးမှာတင်ပါ။ ပြီးတော့ ကိုယ်ရဲ့ referral လင့်ကိုလည်း အောက်မှာတခါတည်းထည့်ပေးပါ။
    
၆။ Chatting တွေကနေ သိတဲ့သူတွေကိုလည်း သူတို့ကို သေချာပြောပြီး ဆွဲဆောင်နိုင်ပါတယ်။ သူတို့ဆီကို ကိုယ်ရဲ့ referral လင့်ကို ပို့ပြီး PTC ဆိုဒ်တွေအကြောင်း ပြောပြပါ။
     
၇။ ကိုယ်တိုင်လည်း PTC ဆိုဒ်တွေအကြောင်း ရှင်းပြတဲ့ ကျူတိုရီရယ်တွေ ရေးပါ။ ပြီးရင် ကိုယ်ရဲ့လင့်ကို တခါတည်းထည့်ပါ။ ပြီးတော့ PDF အဖြစ်ပြုလုပ်ပြီး သူငယ်ချင်းတွေဆီ ပို့ပါ၊ ဒါမှမဟုတ် လူသိများစေမယ့် နေရာတွေမှာ ဒေါင်းလုပ်အလွယ်တကူ လုပ်လို့ရအောင် တင်ပေးပါ။
  
၈။ အွန်လိုင်းဂိမ်းတွေ ဆော့တယ်ဆိုရင် ဂိမ်းဆော့တဲ့သူအချင်းချင်း စာရိုက်ပြီး ကြော်ငြာဝင်ပါ။ ကိုယ့်ရဲ့လင့်ကိုလည်း ပို့ပေးလိုက်ဖို့ မမေ့ပါနဲ့။

အပေါ်မှာပြောခဲ့တဲ့ နည်းလမ်းတွေကတော့ ငွေမကုန်ဘဲ DR ရနိုင်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ အောက်မှာ ပြောတဲ့နည်းလမ်းတွေကတော့ ငွေအကုန်အကျ နည်းနည်းရှိပါတယ်။ DR ရတာရှိနိုင်သလို မရတာလဲ ရှိနိုင်ပါတယ်။

၁။ PTC ဆိုဒ်တွေကို ၀င်လိုက်တဲ့အခါမျိုးမှာ ၀င်းဒိုးအသေးလေးနဲ့ Banner တွေတက်တက်လာတာကို တွေ့ဖူးမှာပါ။ အဲဒါက ကိုယ်ရဲ့ Banner လင့်ကို ကြော်ငြာတာပါ။ ဆိုဒ်ကိုလာတဲ့သူတွေက နှိပ်မိပြီး register လုပ်မှ ကိုယ့်ဆီကို DR အနေနဲ့ရမှာပါ။ DR ရဖို့အခွင့်အရေးတော်တော် နည်းပါတယ်။ အဲဒီဆိုဒ်က Banner ကိုပဲ အဲဒီဆိုဒ်မှာပဲ ပြန်ပြီးတော့ မကြော်ငြာမိပါစေနဲ့။ ဒီဆိုဒ်ကို ၀င်တဲ့သူက ဒီဆိုဒ်မှာ အကောင့်လုပ်ထားပြီးသားဖြစ်လို့ပါ။ အခြားဆိုဒ်ရဲ့ Banner ကိုပဲ ကြော်ငြာချင်ကြော်ငြာနိုင်ပါတယ်။
၂။ PTC ဆိုဒ်တွေမှာ PTSU (Paid To Sing Up) အကောင့်လုပ်တယ်ဆိုရင် ငွေပေးတာတွေ ရှိပါတယ်။ သူရဲ့သဘောကို နည်းနည်းပြောပြချင်ပါတယ်။ ကိုယ်ကအဲဒီမှာ PTSU ထည့်ချင်တယ်ဆိုရင် ကိုယ်ရဲ့ referral လင့်ကို တင်ရပါတယ်။ ပြီးရင် ကိုယ်ရဲ့လင့်အောက်မှာ အကောင့်ဖောက်တယ်ဆိုရင် ငွေဘယ်လောက်ပေးမယ်ဆိုတာ ထည့်ပေးရပါတယ်။ ဒါပေမယ့် ငွေကိုတော့ ချက်ချင်းပေးစရာမလိုပါဘူး။ ကိုယ်က စည်းမျဉ်းတစ်ခု သတ်မှတ်နိုင်ပါတယ်။ ဥပမာအနေနဲ့ ကိုယ်ပေးတဲ့လင့်မှာ အကောင့်လုပ်ပြီးရင် တစ်ပတ်တိတိကြော်ငြာကြည့်ပြီးမှ ငွေဘယ်လောက်ပေးမယ်ဆိုပြီး စည်းကမ်းတစ်ခုပါ ထည့်ပေးရပါတယ်။ အခြားသူတစ်ယောက်က ကိုယ့်လင့်ရဲ့အောင်မှာ Register လုပ်တယ်ဆိုရင် ကိုယ့်ဆီကို သူ့အကောင့်နာမည်နဲ့ အီးမေးလိပ်စာကို ထည့်ပေးသွားပါလိမ့်မယ်။ ကိုယ်က အဲဒီအကောင့်က ကြော်ငြာတွေကို ကိုယ်သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်းကြည့်လားဆိုတာ စောင့်ကြည့်ဖို့ လိုပါတယ်။ ကိုယ်သတ်မှတ်ထားတဲ စည်းကမ်းအတိုင်းလုပ်ခဲ့တယ်ဆိုရင် ငွေပေးရပါမယ်။ တကယ်လို့ ကိုယ်သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်းမလုပ်ဘဲ အကောင့်သာလုပ်သွားပြီး ကြော်ငြာတွေကို မကြည့်ဘူးဆိုရင် ငွေကို မပေးဘဲ ငြင်းပိုင်ခွင့်ရှိပါတယ်။ သူကလည်း ကိုယ်သတ်မှတ်ထားတဲ့ စည်းကမ်းပြည့်သွားလို့ ငွေရပြီးသွားရင် ဆက်ပြီးတော့ ကြော်ငြာကြည့်ချင်မှ ကြည့်ပါလိမ့်မယ်။ အဲဒါကတော့ သူ့ရဲ့ရွေးချယ်မှုအပေါ်မှာ မူတည်ပါတယ်။ အဲဒါကြောင့် သူ့ကို ပေးရမယ့်ငွေနဲ့ သူ့ဆီကနေ ပြန်ရမယ့်ငွေကို ချိန်ပြီး စည်းကမ်းတစ်ခု သတ်မှတ်ပြီး ကိုယ်တိုင် PTSU မှာ ကိုယ့်လင့်ကို ကြော်ငြာနိုင်ပါတယ်။
  

၃။ ကိုယ်ရဲ့ Referral လင့်ကိုလည်း PTC ဆိုဒ်တွေမှာ ကြော်ငြာအဖြစ်ထည့်နိုင်ပါတယ်။ ကြော်ငြာဖို့အတွက် ကြော်ငြာတစ်ခုကို အရင်လုပ်ရပါတယ်။ ပုံမှန်အားဖြင့်တော့ ကိုယ့်ကြော်ငြာနာမည်၊ အဲဒီကြော်ငြာအကြောင်းကို အကျဉ်းချုပ်ရယ်၊ ပြီးရင် ကိုယ်ရဲ့ referral လင့်ရယ်ကို ထည့်ပေးရပါတယ်။ ကြော်ငြာတစ်ခု လုပ်လိုက်ပြီးဆိုရင် အဲဒီ ကြော်ငြာကို PTC ဆိုဒ်က အရင်စစ်ဆေးပါတယ်။ သူတို့အတည်ပြုပြီးလို့ ကြော်ငြာခွင့်ရတယ်ဆိုရင် ကလစ်အရေအတွက်ကို ၀ယ်ရပါမယ်။ ကြော်ငြာအမျိုးအစား၊ ကြော်ငြာကြည့်ဖို့အတွက် ကြာချိန်ရယ်၊ ကြော်ငြာကြည့်တဲ့သူနေတဲ့ နိုင်ငံရယ်ကို ကန့်သတ်လို့ ရ၊မရ ပြီးတော့ ကိုယ်ဝယ်ချင်တဲ့ ကလစ်အရေအတွက် ပေါ်မူတည်ပြီး ဈေးနှုန်းက ကွာသွားပါတယ်။ ပြီးရင် အဲဒီကြော်ငြာကို ကိုယ်ကကြော်ငြာလိုက်ပေါ့။ တကယ်လို့ ကိုယ်ကြော်ငြာကို ကလစ်မိပြီး အခြားသူက အကောင့်လာလုပ်မယ်ဆိုရင် ကိုယ့်ဆီကို DR အနေနဲ့ ရောက်လာပါလိမ့်မယ်။ ကိုယ်ရဲ့ Referral လင့်မှ မဟုတ်ပါဘူး။ ကိုယ်ကြော်ငြာချင်တာကို ကြော်ငြာလို့ ရပါတယ်။ ကိုယ့်ဘလော့ကို ကြော်ငြာချင်တယ်ဆိုလဲ ရပါတယ်။
Rent Refeerals ဒါကတော့ PTC ဆိုဒ်တွေရဲ့ အကောင်းဆုံး ၀င်ငွေကို ပေးနိုင်တဲ့ သူတွေပါဘဲ။ သူကတော့ Direct Refeerals လိုတော့ အများကြီးလုပ်စရာမလိုပါဘူး။ သူကတော့ ကိုယ်က ကြော်ငြာကလစ်လို့ရလာတဲ့ ငွေတွေကို ငှားရတာပါ။ (၁)ခါငှားရင် ရက်ပေါင်း(30)ရပါတယ်။ ရက်ပေါင်း(30)ပြည့်သွားရင် သက်တမ်းကုန် သွားပါတယ်။ ဒါဆိုရင် RR တွေကို အများကြီးဘယ်စုလို့ရတော့မလဲ ဒါကတော့ Autopay နဲ့ဆိုင်ပါတယ်။ Auto pay ဖွင့်ထားရင် RR ကို သက်တမ်းတိုးပေးပါတယ်။ RR ကို အများဆုံးဝယ်နိုင်လေ ကိုယ့်အတွက်ဝင်ငွေ ပိုရလေပါဘဲ။ RR တွေအလုပ်လုပ်ပုံလုပ်နည်းကိုလည်း ဆိုဒ်တစ်ဆိုဒ်ချင်းအသုံးပြုနည်းတွေမှာ ဖော်ပြပေးထားပါတယ်။
Autopay  ကျွန်တော်တို့က Referral ကို တစ်လတိတိ ငှားထားလို့ရတယ်လို့ ပြောခဲ့ပါတယ်။ AutoPay ဆိုတာက ကိုယ်ငှားထားပြီးသားဖြစ်တဲ့ Referral ကို တစ်ရက်တည်း ထပ်တိုးပြီးငှားဖို့ အတွက်ပါ။ ဘယ်အချိန်မှာ အဲလိုထပ်တိုးပြီး ငှားလိုက်သလဲဆိုရင် ကိုယ့်ရဲ့ Referral က ကလစ်တစ်ချက်နှိပ် (ကြော်ငြာတစ်ခုကြည့်)လိုက်ပြီဆိုတာနဲ့ အဲဒီ Referral ကို တစ်ရက် ပိုပြီးတော့ ငှားလိုက်ပါတယ်။ 
ဥပမာအနေနဲ့ ကျွန်တော်တို့က Autopay ကို Enable လုပ်ထားတယ်ဆိုပါစို့။ ကလစ်မနှိပ်သေးခင်အချိန်မှာ ကျွန်တော်တို့ရဲ့ Referral မှာ remaining day က 23 ဖြစ်နေရင် သူ ကလစ်လုပ်လိုက်တာနဲ့ remaining day က 23+1=24 ဖြစ်သွားပါတယ်။ အဲဒီတစ်ရက်စာအတွက် ငှားခကို Rental balance ထဲကနေ အော်တိုဖြတ်ယူသွားပါတယ်။ Rental balance ထဲမှာ ငွေမရှိရင်တော့ တစ်ရက်ထပ်တိုးမပေးပါဘူး။
 
တကယ်လို့သာ ကျွန်တော်တို့ရဲ့ Referral က အဲဒီနေ့အတွက် ကလစ်လုံးဝမလုပ်ခဲ့ဘူးဆိုရင် နောက်တစ်ရက်ရောက်တာနဲ့ remaining day က 23-1=22 ဖြစ်သွားပါလိမ့်မယ်။ ပုံမှန်အတိုင်းရက်ကို လျှော့သွားပါလိမ့်မယ်။ သူအတွက်လည်း တစ်ရက်စာ ငွေပေးစရာမလိုပါဘူး။
   
နောက်တစ်ခုမှတ်ထားရမှာ AutoPay က remaining day က ရက် ၂၀ အောက်ကို ရောက်သွားရင်တစ်ရက်ထပ်ပေါင်းပြီး တိုးမပေးတော့ပါဘူး။
AutoPay မှာ ကောင်းတာတွေရှိပါတယ်။
၁။ ကျွန်တော်တို့ရဲ့ အလုပ်ကို ပုံမှန်အတိုင်းကောင်းကောင်းလုပ်နေတဲ့ Referral တွေရဲ့ ငှားထားတဲ့ သက်တမ်းကုန်သွားမှာ စိုးရိမ်စရာမလိုပါဘူး။ Rental balance ထဲကိုတော့ ငွေပုံမှန်ထည့်ထားဖို့ လိုပါတယ်။
၂။ Referral က တစ်လငှားမယ်ဆိုရင် ပုံမှန်ဆိုဒ်တော်တော်များများမှာ 0.2$ ရှိပါတယ်။ တစ်ရက်ကို $0.2/30=$0.006667 လောက် ပေးရပါတယ်။ ဒါပေမယ့် AutoPay ကနေ တစ်ရက်ထပ်ငှားတယ်ဆိုရင် $0.006667 ပေးစရာမလိုဘဲ discount 15% ပိုသက်သာပါတယ်။
AutoPay မှာ မကောင်းတာလည်း ရှိပါသေးတယ်။
၁။ ကျွန်တော်တို့ရဲ့ Referral က ပုံမှန်အတိုင်းအလုပ်ကောင်းကောင်းမလုပ်ဘဲ တနေ့ကို ကလစ်တစ်ချက် တည်းပဲ နှိပ်တယ်ဆိုပါစို့။ အဲဒါဆိုရင် AutoPay ကိုဖွင့်ထားတယ်ဆိုရင် သူ့ကိုလည်း တစ်ရက်ထပ်တိုးပြီး ငှားနေမှာပါ။ (AutoPay က Referral တစ်လိုင်းချင်းပေါ်မှာပေးထားလို့ မရပါဘူး။) အဲဒါဆိုရင် သူ့ဆီက ရမယ့်ဝင်ငွေက ပုံမှန်ဆိုရင် သူကြော်ငြာကြည့်ခရဲ့ 50% ဖြစ်ပါတယ်။ အဲဒါဆိုတော့ တစ်နေ့ကို (0.01/2)-0.006667= -0.001667$ လောက် အရှုံးပြနေမှာပါ။
Another user with my IP address has already seen the advertisement in the last 24 hours
ဒီပြသနာကတော့ မြန်မာနိုင်ငံမှာ ဖြစ်တာအများဆုံးထင်ပါတယ်။ PTC ဆိုဒ်တွေက IP address တစ်ခုကို အကောင့်တစ်ခုနှုန်းပဲ အသုံးပြုခွင့်ပေးပါတယ်။ ကြော်ငြာတွေကို ကြည့်ခွင့်ပေးတဲ့အခါမှာ IP address တစ်ခုအတွက် ၂၄ နာရီအတွင်းမှာ အကောင့်တစ်ခုကိုပဲ ကြည့်ခွင့်ပေးပါတယ်။တကယ်လို့ တစ်ယောက်ယောက်က IP တစ်ခုကနေ ကြော်ငြာတွေ ကြည့်ပြီးသွားပြီဆိုပါစို့။ အဲဒီ အရင်လူကြည့်ခဲ့တဲ့ IP လိပ်စာကပဲ နောက်ထပ်အကောင့်တစ်ခုက ကြော်ငြာလာကြည့်မယ်ဆိုရင် ဒီ IP လိပ်စာက ကြော်ငြာတွေကို ကြည့်ပြီးသွားပြီဆိုတဲ့ Message တက်လာတာပါ။ဒီပြသနာက ဘယ်လိုအခါမျိုးတွေမှာ ဖြစ်တတ်သလဲဆိုရင်
    

၁။ ကျွန်တော်တို့ရဲ့ ISP(Internet Service Provider) က Proxy ကို သုံးပြီးတော့ အင်တာနက်သုံး တဲ့သူတွေကို IP address တစ်ခုတည်းကိုပဲ ရှယ်ယာသဘောမျိုး ပေးထားတဲ့အခါမှာလည်း ဖြစ်တတ်ပါတယ်။

၂။ နောက်တစ်ခုက ကျွန်တော်တို့က အင်တာနက်အသုံးပြုတဲ့အခါမှာ shared network ကို သုံးတဲ့အခါမှာလည်း ဖြစ်တတ်ပါတယ်။ ဘယ်လိုနေရာတွေမှာလဲဆိုရင် ကျောင်းတို့၊ ရုံးတို့၊ အင်တာနက်ဆိုင်တို့မှာ အသုံးပြုတာဖြစ်ပါတယ်။ ဥပမာဆိုရင် အင်တာနက်ဆိုင်မှာ ဆိုပါစို့။ သူက ISP ကနေ IP လိပ်စာတစ်ခုနဲ့ အင်တာနက်ကို ယူထားပါတယ်။ ပြီးရင် သူက သူ့ဆိုင်မှာ ပြန်ပြီးတော့ Share လုပ်ပေးထားပါ။ အဲဒီလိုနေရာတွေမှာ ရှိတဲ့ ကွန်ပြူတာတွေ အားလုံးက IP လိပ်စာ အတူတူဖြစ်နေမှာပါ။

၃။ နောက်ဆုံးတစ်ခုကတော့ ကျွန်တော်တို့က wireless network ကို အသုံးပြုတဲ့အခါမှာ Password ကို အသုံးမပြုဘဲထားတဲ့အတွက် အခြားတစ်ယောက်ယောက်က ၀င်ပြီး အသုံးပြုနေတဲ့အတွက် ဖြစ်နိုင်ပါတယ်။ ဒီပြဿနာကို ဘယ်လိုဖြေရှင်းနိုင်သလဲဆိုရင်

၁။ ကျောင်းတို့၊ ရုံးတို့၊ အင်တာနက်ဆိုင်တို့မှာ အသုံးပြုတဲ့သူတွေဆိုရင် ကိုယ်ပိုင်အင်တာနက်လိုင်းတစ်လိုင်း သီးသန့်ယူမယ်ဆိုရင် အကောင်းဆုံးပါပဲ။ ဒါပေမယ့် အဲဒါက ကုန်ကျစရိတ်တော့ များပါတယ်။
  

၂။ ကိုယ်ရဲ့ wireless network ကို အခြားသူအသုံးပြုလို့ မရအောင် လုံလုံခြုံခြုံဖြစ်အောင် လုပ်ထားဖို့ လိုပါလိမ့်မယ်။

၃။ အင်တာနက်ဆိုင်တွေမှာ ကလစ်တဲ့သူတွေဆိုရင် သူများထက်စောအောင်သွားပြီး ကိုယ်က အရင်ဦးအောင် ကြော်ငြာတွေကို ကလစ်ဖို့လိုပါတယ်။ အဲဒါနည်းကတော့ ကိုယ့်အတွက် အရေးကြီးတဲ့အလုပ်ရှိရင်တော့ အလုပ်ပျက်နိုင်ပါတယ်။

၎။
 တခါတလေမှာတော့ Modern တို့၊ Router တို့ကို တစ်မိနစ်လောက်ပိတ်ထားပြီးတော့ ပြန်ဖွင့်ပြီး ပြန်စမ်းကြည့်နိုင်ပါတယ်။ www.whatismyip.com မှာ ကိုယ်ရဲ့ IP လိပ်စာကို ၀င်ကြည့်လို့ ရပါတယ်။  အိုင်ပီလိပ်စာအသစ် ပြောင်းသွားတယ်ဆိုရင် ၀င်ပြီးတော့ ကြော်ငြာတွေကို ကြည့်လို့ အဆင်ပြေပါတယ်။
၅။ Prxoy ဆော့ဝဲတွေကို သုံးမယ်ဆိုရင်တော့ IP လိပ်စာကို ပြောင်းလဲပြီး ကြော်ငြာတွေကို အဆင်ပြေပြေ ကြည့်လို ရနိုင်ပါတယ်။ ဒါပေမယ့် PTC ဆိုဒ်တွေက အဲလိုအသုံးပြုပြီး ကြော်ငြာတွေကို ကြည့်တာကို ခွင့်ပြုမထားပါဘူး။ ကိုယ့်အကောင့်ကို ၀င်ပြီးတော့ ကလစ်အရေအတွက် ကြည့်တာတို့၊ Refer ငှားတာတို့၊ သက်တမ်းတိုးတာတို့ စသည်ဖြင့် Manage လုပ်တာကိုပဲ ခွင့်ပြုထားပါတယ်။
     

ဒါပေမယ့် ကျွန်တော်ကိုယ်တိုင် တစ်လလောက် စမ်းကြည့်ပြီးမှ ဒီပို့စ်ကို ပြန်ဆက်ရေးလိုက်တာပါ။ ကျွန်တော်ကိုယ်တိုင် အင်တာနက်လိုင်းက နှစ်လိုင်းယူထားပါတယ်။ တစ်လိုင်းက အဆောင်ကနေပေးထားတဲ့ ဈေးနည်းနည်းသက်သာတဲ့ အင်တာနက်တစ်လိုင်းနဲ့ နောက်တစ်လိုင်းကတော့ ကျွန်တော့်အတွက် သီးသန့်ပြန်ယူလျှောက်ယူထားတဲ့ လိုင်းတစ်လိုင်းပါ။ သီးသန့်အင်တာနက်လိုင်းမှာတော့ ကျွန်တော်တစ်ယောက်တည်း ကြော်ငြာကြည့်တာ ဖြစ်တဲ့အတွက် အိုင်ပီတူစရာ အကြောင်းမရှိပါဘူး။
   
ဒါပေမယ့် အဆောင်ကနေ ယူထားတဲ့လိုင်းမှာတော့ ကျွန်တော့်လိုပဲ ကြော်ငြာကြည့်တဲ့သူ ရှိပါတယ်။ အမြဲတမ်းလိုလို အိုင်ပီအတူတူနဲ့ ကြည့်သွားပြီးပြီဆိုတဲ့ Message ကို တွေ့ရပါတယ်။ ကျွန်တော့်မှာ အပိုရှိနေတဲ့ Netbook ကွန်ပြူတာမှာ
 Proxy ဆော့ဝဲတွေကို သုံးပြီး အကောင့်အသစ်လုပ်ပြီး စမ်းကြည့်တာပါ။         
ကျွန်တော်ကိုယ်တိုင် အဓိကသုံးတဲ့ စက်နဲ့တော့ မစမ်းရဲပါဘူး။ ငွေထည့်ပြီး ကြော်ငြာကြည့်နေတဲ့ အကောင့်ကို သုံးနေတာဖြစ်တဲ့အတွက် ဘမ်းခံရရင် မသက်သာပါဘူး။ အဲဒီလို စမ်းပြီးတော့ ကြော်ငြာတွေကြည့်တဲ့အခါမှ တွေ့ရတာတွေကတော့

၁။ ကျွန်တော်ကိုယ်တိုင် တစ်လလောက် ဆော့ဝဲသုံးပြီးကြော်ငြာကြည့်တာ ဘာမှ ပြဿနာမရှိပါဘူး။ နေ့တိုင်းလဲ ကြော်ငြာတွေကို အေးအေးဆေးဆေး ကြည့်လို့ အဆင်ပြေပါတယ်။ အကောင့်လဲ အခုချိန်ထိ မဘမ်းခံရသေးပါဘူး။

၂။ အကောင့်တွေ ဘမ်းခံရတယ်ဆိုတာလဲ ကြားရပါတယ်။ ဒါပေမယ့် သူတို့ကို မေးကြည့်လိုက်ရင် ကွန်ပြူတာတစ်လုံးတည်းကနေ အနည်းဆုံး အကောင့်နှစ်ခု လုပ်ထားဘူးတဲ့သူတွေဖြစ်နေတာကို တွေ့ရပါတယ်။ အကောင့်တစ်ခုကို ကွန်ပြူတာတစ်လုံးတည်းနဲ့ပဲ အသုံးပြုတဲ့သူတွေမှာ ဘမ်းခံရတာကို မတွေ့သေးပါဘူး။ ကျွန်တော်ဆိုရင် Netbook မှာလည်း အကောင့်တစ်ခုတည်းပဲ သုံးနေတာ အခုထိ ဘာမှ မဖြစ်သေးပါဘူး။ ကိုယ်ပိုင်စက်မဟုတ်ဘဲ အင်တာနက်ဆိုင်လို လူအများသုံးတဲ့နေရာက စက်မှာ အကောင်လုပ်ဖူးရင်တော့ သေချာမပြောတတ်ပါဘူး။ ကိုယ်ပိုင်စက်မှာပဲ အကောင့်တစ်ခုတည်းလုပ်ပြီး သုံးစေချင်ပါတယ်။
   

၃။ ကျွန်တော်သုံးခဲ့ဖူးတဲ့ ဆော့ဝဲတွေကို ပြောပြပါမယ်။ အဆင်ပြေတာကို ရွေးချယ်ပြီး အသုံးပြုနိုင်ပါတယ်။ အခုပြောတဲ့ဆော့ဝဲတွေကို PayPal အသုံးပြုတဲ့အခါမှာလည်း အိုင်ပီချိန်းဖို့အတွက် အသုံးပြုနိုင်ပါတယ်။ PayPal ကိုလည်း မြန်မာကနေ အဆင်ပြေပြေနဲ့ သုံးနိုင်ပါလိမ့်မယ်။ (Your Freedom, Hotspot shield) ပါ။ အသုံးပြုနည်းကို လည်းကျနော် ဒီဆိုဒ်မှာ တင်ပေးထားပါတယ်။
 Proxy ဆော့ဝဲတွေကို သုံးတယ်ဆိုရင် စက်တစ်လုံးတည်းကနေ အကောင့်နှစ်ခုလုပ်ပြီး ကြည့်မယ်ဆိုလဲ ရပါတယ်။ တချို့တွေက အကောင့်နှစ်ခုထက် ပိုလုပ်ထားပြီး အခြားအကောင့်တွေကို ကိုယ့်ရဲ့ DR အဖြစ်လုပ်ထားပြီး ကြော်ငြာခပိုရအောင် လုပ်တတ်ကြပါတယ်။ အဲလိုတော့ မလုပ်မိအောင် သတိထားပေးပါ။

PTC Strategy Guide (သို့) ၀င်ငွေတိုးအောင် ဘယ်လိုလုပ်မလဲ
PTC website တွေဟာ အစပိုင်းမှာ ငွေနည်းနည်းပဲ ၀င်ပါတယ်။ Site တစ်ခုကို တစ်လလုံးလောက် ကလစ်ပြီး ကြော်ငြာတွေကို အကုန်လုံးကြည့်မှ 1.5$ ကနေ 2$ လောက်အထိပဲ ၀င်ပါတယ်။ ဒါပေမယ့် Site 10 ခုလောက် ချိတ်ထားနိုင်ရင် တစ်လကို 15$ ကနေ 20$ လောက်ဝန်းကျင်ရပါလိမ့်မယ်။ တစ်နေ့ကို အများကြီး လုပ်စရာလဲ မလိုပါဘူး။ ကိုယ်ချိတ်ထားတဲ့ ဆိုဒ်အရေအတွက်ပေါ်မူတည်ပြီး တစ်နေ့ကို မိနစ် ၃၀ ကနေ မိနစ် ၅၀ လောက် အချိန်ပေးရင်ကို ရပါတယ်။ နေ့တိုင်း ကလစ်နေဖို့ပဲ လိုတာပါ။ PTC တွေက ငွေရှာရတာ လွယ်တယ်။ ဒါပေမယ့် နည်းနည်းချင်းပဲ ၀င်ငွေရှိပါတယ်။ တစ်လမှ အဲလောက်ပဲဆိုလို့ စိတ်မပျက်သွားပါနဲ့။ ၀င်ငွေတိုးအောင် လုပ်တဲ့နည်းတွေ အများကြီး ရှိပါတယ်။

PTC website တွေမှာ ၀င်ငွေတိုးအောင် လုပ်ဖို့ဆိုရင် Referral အကြောင်းကို သိဖို့လိုပါတယ်။ Referral မှာ Direct Referral နဲ့ Rented Referral ဆိုပြီး နှစ်မျိုးရှိပါတယ်။ တချို့ဆိုဒ်တွေမှာတော့ Bought Referral ဆိုပြီး သုံးမျိုး ရှိတတ်ပါတယ်။

Direct Referral    

Direct Referral ဆိုတာကတော့ ကိုယ်လုပ်ထားတဲ့ အကောင့်လင့် (link) ကနေ အခြားသူကို ညွှန်းပြီးတော့ အကောင့်ကို Register လုပ်စေခြင်းအားဖြင့် ရလာတဲ့ Referral တွေပါ။ Direct Referral တွေက အရေအတွက်များများရဖို့၊ ပြီးတော့ active ဖြစ်တဲ့ Direct Referral ရဖို့အတွက် အရမ်းခက်ခဲလွန်းတဲ့အတွက် ၀င်ငွေတိုးစေဖို့ အတွက်ဆိုရင် အဓိက အရေးမပါပါဘူး။
         

Rented Referral

Rented Referral ဆိုတာကတော့ ကျွန်တော်တို့လို Member တွေပါပဲ။ သူတို့က အခြား Member တွေရဲ့ အကောင့်လင့်ကနေ ရောက်လာတာမဟုတ်ဘဲ PTC ဆိုဒ်တွေကို တိုက်ရိုက်ရောက်လာတဲ့ Member တွေပါ။ သူတို့ကျ PTC ဆိုဒ်တွေကနေ ပြန်ပြီးတော့ လိုချင်တဲ့သူတွေကို ငှားပါတယ်။
   

တစ်လစာအတွက် Refer တစ်လိုင်းကို ပုံမှန်အားဖြင့် 0.2$ နှုန်းရှိပါတယ်။ တစ်လကုန်သွားလို့ရင် သက်တမ်းတိုးပြီး ထပ်ငှားလို့ ရပါတယ်။ တကယ်လို့ ကိုယ်ငှားထားတဲ့ refer ကို မကြိုက်ဘူးဆိုရင် 0.005$ လောက်အလိုက်ပေးပြီး နောက် refer တစ်လိုင်းကို လဲယူနိုင်ပါသေးတယ်။ တစ်ပတ်ကို တစ်ကြိမ်ပဲ ငှားခွင့်ပေးပါတယ်။ အဲဒီအချိန်မှာ ကိုယ်ကြိုက်သလောက် အရေအတွက် 3 Refer ကနေ 100 refer အထိ ကိုယ့်မှာရှိတဲ့ ငွေပမာဏပေါ်မူတည်ပြီး ငှားယူနိုင်ပါတယ်။
     

PTC site တွေမှာ ၀င်ငွေတိုးစေတာက Rented Referral တွေပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်လိုချင်သလောက်အရေအတွက်ကို ငှားယူရရှိနိုင်လို့ပါပဲ။ Referral များများငှားနိုင်လေ၊ ကိုယ်အတွက် ၀င်ငွေပိုကောင်းလာလေလေ၊ ၀င်ငွေပိုကောင်းလာလေလေ Referral များများပိုပြီး ငှားနိုင်လေ ဖြစ်ပါတယ်။

မှတ်ချက်။ ။ ကျွန်တော်တို့မှာ Rented Referral တွေရှိလာပြီဆိုရင် ကိုယ်တိုင်ကလည်း နေ့တိုင်း ကြော်ငြာတွေကို ပုံမှန်ကလစ်ပေးနေဖို့ လိုပါတယ်။ ဆိုဒ်တွေတိုင်းမှာ သူ့သတ်မှတ်ချက်နဲ့သူ တနေ့ကို ကြော်ငြာဘယ်နှကြည့်ရမယ်ဆိုတာ ရှိပါတယ်။ ပုံမှန်ကလစ်မနေဘူးဆိုရင် ကိုယ်ပျက်ကွက်ခဲ့တဲ့အတွက် နောက်နေ့မှာ Rented Referral တွေဆီက ၀င်ငွေမရဘဲဖြစ်တတ်ပါတယ်။ ပြန်ပြီးကလစ်ရင် နောက်ရက်ကို ပြန်ပြီး ၀င်ငွေပြန်ရောက်ပါလိမ့်မယ်။ တချို့ဆိုဒ်တွေမှာ Vacation mode ဆိုတာကို upgrade လုပ်ထားတဲ့ member တွေအတွက် ထည့်ပေးထားပါတယ်။ အဲဒီကျရင်တော့ ကိုယ်ပျက်မယ့်ရက်ကို သတ်မှတ်ပေးထားပြီး ကြော်ငြာတွေကို မကြည့်ဘဲ အနားယူရင်းနဲ့ ငွေထိုင်ထုတ်ယူနေလို့ ရပါတယ်။

Bought Referral
  

Bought Referral ဆိုတာကတော့ ကျနော်တို့ အပိုင်ဝယ်ယူလိုက်ရတဲ့ refer တွေပါပဲ။ သူတို့ကကျ ဈေးနည်းနည်းကြီးပါတယ်။ PTC ဆိုဒ်တွေတိုင်းမှာ ၀ယ်လို့မရပါဘူး။ PTC ဆိုဒ်တွေက သူတို့အတွက် အမြတ်များများရအောင် ငှားစားလေ့ရှိပါတယ်။ တကယ်လို့ မကြိုက်လို့ ပြန်လဲချင်တယ်ဆိုရင် upgrade လုပ်ထားတဲ့ member တွေပဲ ပြန်လဲလို့ ရပါတယ်။
    

Upgrading Membership

ဝင်ငွေတိုးစေတဲ့ အချက်ထဲမှာ Membership ကို upgrade လုပ်တာလဲ ပါပါတယ်။ ဒါပေမယ့် သူ့အတွက် upgrade လုပ်ခ ထပ်ပေးရပါတယ်။ Upgrade လုပ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ရဲ့ Rented Referral တွေဆီက ရတဲ့ဝင်ငွေက နှစ်ဆတိုးပြီး ရပါတယ်။ ကြော်ငြာတွေကိုလည်း ပိုပြီးတော့ များများရလာပါတယ်။ ကြော်ငြာကြည့်ခဈေးနှုန်းတွေလဲ နှစ်ဆလောက်ပိုပြီးတော့ တိုးလာပါတယ်။ Rented Referral ငှားယူနိုင်တဲ့ အရေအတွက်ကလည်း ထပ်တိုးလာပါတယ်။ ကိုယ့်အကောင့်ထဲမှာ ပိုက်ဆံပြည့်ပြီ ဆိုရင် Upgrade လုပ်ဖို့ အကြံပေးချင်ပါတယ်။

1.  Recycle, AutoRecycle
Recycle ဆိုတာကတော့ ကျွန်တော်တို့ငှားလိုက်တဲ့ Referral ကပုံမှန်အတိုင်း အလုပ်ကို ကောင်းကောင်း မလုပ်ဘူးဆိုရင် အဲဒီ Referral ကို နောက်ထပ်အသစ် Referral နဲ့ လဲလှယ်လိုက်တာကို ပြောတာပါ။ ဒါပေမယ့် ကျွန်တော်တို့က 0.007$ လောက် အလိုက်ပေးပြီးမှ လဲရတာပါ။ အသစ်ထပ်ပြီး ၀ယ်ဆိုရင် 0.2$ ပေးရမှာ ဖြစ်တဲ့အတွက် တကယ်ကို အလုပ်မလုပ်ဘူးဆိုရင်တော့ လဲလှယ်ပစ်သင့် ပါတယ်။ ဒါပေမယ့် အချိန်နည်းနည်းပေးပြီး စောင့်ကြည့်သင့်ပါတယ်။       

PTC ဆိုဒ်တွေရဲ့ အကြံပေးချက်တွေထဲမှာ Recycle လုပ်တာ များလွန်းရင် ကိုယ့်ငွေထဲ ပါသွားတတ်ပြီးတော့ Recycle လုပ်တာ နည်းလွန်းရင်ကျ ကိုယ့်ဝင်ငွေ ကျသွားတတ်ပါတယ်တဲ့။ အဲဒါကြောင့် သတိထားပြီး သေချာစဉ်းစားပြီးမှ လုပ်ဖို့ အကြံပေးထားကြပါတယ်။ အဲဒီလို လဲလိုက်လို့ နောက်အသစ်ရောက်တာတဲ့ Referral ကလည်း အလုပ်ကောင်းကောင်းလုပ်မယ်လို့ အာမခံချက် ပေးထားတာ မရှိပါဘူး။
     

AutoRecycle ဆိုတာကတော့ PTC ဆိုဒ်တိုင်းမှာ မရှိပါဘူး။ သူတို့သတ်မှတ်ထားတဲ့ ရက်အထိ Referral က ကလစ်တစ်ချက်မှ မနှိပ်ဘူးဆိုရင် အဲဒီ Referral ကို အလိုအလျောက် ဘာမှထပ်ပေးစရာ မလိုဘဲ နောက်အသစ်နဲ့ လဲပေးတာပါ။ Neobux, Probux တို့မှာ အဲဒီလို လဲပေးတာရှိပါတယ်။ ပုံမှန် standard member တွေအတွက် စောင့်ရမယ့်ရက်က ၁၄ ရက်ဖြစ်ပါတယ်။ ၁၄ ရက်အထိ အဲဒီ Referral က အလုပ်မလုပ်ဘူးဆိုရင် အော်တိုအသစ်ရောက်လာပါလိမ့်မယ်။

မှတ်ချက်။   ။ တကယ်လို့ Referral ရဲ့ remaining day က ၁၄ ရက်ထက်နည်းပြီး ကျန်တော့တယ် ဆိုရင်တော့ လဲမပေးတော့ပါဘူး။ ကိုယ်တိုင်သာ မြန်မြန် Recycle လုပ်ပစ်လိုက်ပါ။

2.  Break Even Point (BEP)
BEP ဆိုတာက ကျွန်တော်တို့ရဲ့ Referral တွေ တစ်နေ့ကို ကလစ်အရေအတွက် ဘယ်လောက်နှိပ်ရင် သူတို့ကို ငှားထားတဲ့ ငှားခပြန်ရမလဲဆိုတာ တွက်တာပါ။ BEP မှာ တွက်ရတဲ့ နှုန်းအတိုင်း Referral က ကလစ်နှိပ်နေမယ်ဆိုရင် ကျွန်တော်တို့အတွက် အရင်းပါပဲ။ လျော့ပြီးတော့ နှိပ်မယ်ဆိုရင် ကျွန်တော်တို့အတွက် အရှုံးပေါ်နေပါပြီ။ ပိုပြီးနှိပ်နေမယ်ဆိုရင်တော့ အမြတ်တွေရနေပြီပေါ့။ အဲဒီလို သိနိုင်ဖို့အတွက် BEP ကို တွက်ချက်ကြည့်ရအောင်ပါ။   

ကျွန်တော်တို့ Referral ငှားမယ်ဆိုရင် ပထမဆုံးလမှာ တစ်လိုင်းကို 0.2$ ပေးရပါတယ်။ တစ်ရက်ကိုဆိုရင်
 (0.2$)/(30days)= 0.006667 $/day လောက် နေ့တွက်ပေးပြီးတော့ ငှားထားရတာပါ။ တကယ်လို့ ကျွန်တော်တို့က standard member ပဲရှိသေးတယ်ဆိုရင် Referral ဆီက ကလစ်တစ်ချက်ကို 0.005$ ပဲ ရတာပါ။ အဲဒီတော့ Referral တွေက တစ်နေ့ကို အရင်းပြန်ရဖို့ အတွက် ကလစ်အရေအတွက် (0.006667 $/day)/(0.005 $/click) = 1.333 click/day လောက် ရှိပါမယ်။ အဲဒီတန်ဖိုးဟာ ကျွန်တော်တို့အတွက် BEP တန်ဖိုးပါပဲ။

Referral တွေက တစ်နေ့ကို 1.333 ထက်နည်းပြီးတော့ ကလစ်နေမယ်ဆိုရင် ကျွန်တော်တို့အတွက် အရှုံးဖြစ်နေပါပြီ။ အလုပ်မလုပ်တဲ့ Referral တွေကို သေချာရှာပြီး ရှင်းထုတ်ဖို့ လိုလာနေပါပြီ။
BEP ကို အလွယ်တကူ ကြည့်ဖို့အတွက် အောက်မှာ အဆင်သင့်ကြည့်လို့ရတဲ့ chart တွေ ပြထားပါတယ်။

အောက်မှာ ပေးထားတဲ့ chart က ပထမဆုံးစပြီးတော့ ငှားတဲ့လအတွက် BEP တွေဖြစ်ပါတယ်။ Chart တွေကို သေချာကြည့်လိုက်ပါ။ Golden member အတွက်က BEP ပိုပြီးတော့ နိမ့်တာကို တွေ့ရပါတယ်။ တစ်နေ့ကို Referral က ကြော်ငြာတစ်ခုကြည့်ရင်ကို သူ့အတွက် အမြတ်ရနေပါပြီ။ အဲဒါကြောင့် Upgrade ကိုတော့ လုပ်ဖြစ်အောင် လုပ်ဖို့ အကြံပေးချင်ပါတယ်။
https://2.bp.blogspot.com/-apIYDQ2-bu4/UfVty1hSXfI/AAAAAAAAAWA/x13Y1BV0f5w/s1600/toupload0032.png

အောက်မှာ ပေးထားတဲ့ chart ကတော့ ကိုယ်သက်တမ်းတိုးတဲ့ ကာလနဲ့ ကိုယ့်မှာရှိတဲ့ referral အရေအတွက်ပေါ်ကို မူတည်ပြီးတော့ standard member အတွက် BEP တွေဖြစ်ပါတယ်။
https://2.bp.blogspot.com/-GXEMfYfu-sQ/UfVtywh1p_I/AAAAAAAAAV0/XgwWgNpMlH4/s1600/toupload0033.png

အောက်မှာ ပေးထားတဲ့ chart ကတော့ ကိုယ်သက်တမ်းတိုးတဲ့ ကာလနဲ့ ကိုယ့်မှာရှိတဲ့ referral အရေအတွက်ပေါ်ကို မူတည်ပြီးတော့ golden member အတွက် BEP တွေဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် golden member တွေက အမြတ်ပိုရဖို့ သေချာပါတယ်။

https://1.bp.blogspot.com/-jn5tXTReGNg/UfVty-krjcI/AAAAAAAAAV4/jvFQs5oRvFQ/s1600/toupload0034.png
3.  PTC website တွေထဲက ငွေကို ဘယ်လိုလွှဲယူမလဲ
http://2.bp.blogspot.com/-DfGrKbBKMhk/UfEtZEqqicI/AAAAAAAAAOE/aqLqU4YBgsM/s400/toupload37.png

အွန်လိုင်းမှာ ငွေချေခြင်း၊ ငွေလွှဲခြင်း၊ ငွေထုတ်ခြင်း တွေကို ကြားခံအနေနဲ့ ဆောင်ရွက်ပေးနေတဲ့ Paypal, Payza or Alertpay, Neteller, Egopay, libertyreserve,… စသည်ဖြင့် Cyber banking website တွေ အများကြီးရှိပါတယ်။ မိမိရဲ့ credit card ဒါမှမဟုတ် debit card ကို အွန်လိုင်းပေါ်မှာ တိုက်ရိုက်အသုံးပြုပြီး ငွေပေးချေတာထက် ပိုပြီးတော့ လုံခြုံစိတ်ချရတယ်လို့ ဆိုကြပါတယ်။ ကျွန်တော်တို့ အခုပြောနေတဲ့ PTC site တွေ အားလုံးကလည်း Paypal ဒါမှမဟုတ် Payza or Alertpay တစ်ခုခုကနေ ငွေထုတ်လို့ ရတာတွေချည်းပါပဲ။ ကျွန်တော်ကတော့ Paypal ကို အသုံးပြုဖို့ တိုက်တွန်းချင်ပါတယ်။ PTC ဆိုဒ်တိုင်းမှာ Paypal ကို အသုံးပြုလို့ ရပါတယ်။ https://www.paypal.com/ မှာ ၀င်ရောက်ပြီးတော့ လေ့လာနိုင်ပါတယ်။
Paypal အကောင့်ဖွင်ဖို့အတွက် နောက်မှာသီးသန့်ထပ်ရေးပေးထားပါမယ်။ Paypal အကောင့်ကို မြန်မာနိုင်ငံကနေ တိုက်ရိုက်ဝင်လို့ မရသေးပါဘူး။ မြန်မာနိုင်ငံရဲ့ IP address ကို Paypal ကနေ ပိတ်ထားပါတယ်။ တကယ်လို့ ၀င်လိုက်မယ်ဆိုရင် ကိုယ့် Paypal အကောင့်ကို ချက်ချင်း limited လုပ်လိုက်မှာပါ။ တကယ်လို့ ၀င်မယ်ဆိုရင် Your-freedom လို Proxy Software မျိုးသုံးပြီး ကျော်ဝင်မှ ရပါလိမ့်မယ်။ Payza ကတော့ မြန်မာနိုင်ငံကနေ တိုက်ရိုက်သုံးလို့ အဆင်ပြေပါတယ်။ ဒါပေမယ့် တချို့ PTC တွေက Payza ကနေ ငွေလွှဲဖို့အတွက် ထည့်သွင်းပေးမထားပါဘူး။
အွန်လိုင်း ငွေပေးခြင်း၊ ငွေချေခြင်း၊ ငွေလွှဲတာတွေ အကြောင်းကို ပိုပြီးတော့ သိချင်တယ်ဆိုရင် https://www.myanpay.com.mm/ မှာ မြန်မာဘာသာနဲ့ ၀င်ရောက်ဖတ်နိုင်ပါတယ်။ Paypal တို့နဲ့ လုပ်ထားပုံစနစ် အတူတူပါပဲ။
(မှတ်ချက်။ ။ PTC site တွေကနေ ငွေလွဲတဲ့အခါ Paypal အစား Myanpay ကို အသုံးပြုလို့ရတယ်လို့ ပြောတာမဟုတ်ပါ။ လုပ်ထားပုံချင်းတူလို့ နားလည်လွယ်အောင် ဥပမာအနေနဲ့ ပြောပြတာပါ။ နောက်ဆိုရင်တော့ အသုံးပြုလို့ ရလာနိုင်ပါတယ်။)

ကဲသူငယ်ချင်းများအားလုံးပဲ ကျနော်ဖော်ပြပေးခဲ့တာတွေအတွက် ပြည့်စုံပြီလို့တော့ ထင်တယ်ဗျာ။ လိုအပ်တာ
တွေလည်းရှိပါလိမ့်မယ်။ တစ်ခုပြောချင်တာက ကျနော်လည်း ဒီလိုဆိုဒ်တွေမှာအလုပ်လုပ်နေပါတယ်။
အခုဖော်ပြခဲ့တာတွေကလည်း တစ်ခုဟာတွေကို ကျနော်နားလည်သလို၊ ကိုယ်တိုင်လုပ်ခဲ့ဖူးသလို၊ တစ်ချို့ အရာတွေကိုတော့ ကိုယ်တိုင်မလုပ်ခဲ့ဖူးသေးပါဘူး။ လေ့လာဆဲပါ။ အခုလိုရေးသားနိုင်တာကလည်း
ကိုနိုင်အောင်စိုး ရဲ့ ဘလော့ကနေပီပြန်လည် ကူးယူဖော်ပြပေးတာပါ။
ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်။ တစ်စတစ်စ နဲ့ အားလုံးကိုသိအောင်လို့ နောက်ပီး ကျနော်တို့
မြန်မာနိုင်ငံက နိုင်ငံသားတွေအနေနဲ့ အင်တာနက်ကို ပိုက်ဆံရှာရင်လည်း သုံးလို့ရပါလားဆိုတဲ့
အသိလေးရသွားရင်ကျေနပ်ပါတယ်။ အင်တာနက်ဆိုတာ Q ဖို့ Chat ဖို့အတွက်ပဲမဟုတ်ပါဘူး။ တကယ်သုံးတက်ရင်
ကျနော်ဖော်ပြပေးခဲ့သလိုပဲ ကိုယ့်ရဲ့ ၀င်ငွေကိုပါ ရှာပေးနိုင်ပါတယ်။ အားလုံးပဲ ဖတ်ကြည့်ပီးတော့
လက်တွေ ငွေတွေအများကြီးရှာနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။ ကိုနိုင်အောင်စိုးကိုလည်း ဒီနေရာကပဲ ခရက်ဒစ် ပေးပါတယ်။ ကျေးဇူးအရမ်းတင်ပါတယ်။

အရွက်မှအစ အမြစ်အဆုံး ပဉ္စငါးပါးစလုံး ဆေးဖက်ဝင်သည့် သြဇာပင်

သစ်ထူးလွင်မှကူးယူပါသည်
သြဇာပင်သည် မြန်မာနိုင်ငံဒေသ အနှံ့အပြားတွင် ပေါက်ရောက်လေ့ရှိပြီး အလယ်ပိုင်း ဒေသများ၌ အလေ့ကျပေါက်သည်ကို တွေ့ရသည်။ မြန်မာ ဆေးကျမ်းများအရ သြဇာသီးသည် အေး၍ သွေးအားကို

တိုးပွားစေသည်။ နှလုံးကို များစွာအကျိုးပြု၍ ပူလောင်ခြင်း၊ လေပူရောဂါနှင့် သွေးအန်ရောဂါများကို ပယ်ဖျောက်နိုင်စွမ်းရှိသည်။

သြဇာရွက်ကို ကြိတ်၍စားခြင်းဖြင့် သန်ကျစေပြီး အရွက်ကို ချေ၍ရှူပေးပါက အမူးအမော် သက်သာစေသည်။ သြဇာသီးအစိမ်းသည် ချုပ်သော သတ္တိရှိသဖြင့် ဝမ်းသွားခြင်း၊ ဝမ်းသက်ခြင်းများ အတွက် ကောင်း၏။ ဝမ်းကိုက်ရောဂါ၊ လေနာရောဂါနှင့် အစာအိမ် မကောင်းခြင်းတို့ကိုလည်း ပျောက်ကင်းစေနိုင်သည်။ သြဇာသီးအစေ့ကို အမှုန့်ပြုလုပ်ကာ အနာများပေါ် ဖြူးပေးပါက ပိုးများသေ၍ ပျောက်ကင်းစေနိုင်ပြီး သြဇာပင်မှ အမြစ်ကို သွေး၍ သောက်ပါက ဆီးချို၊ ဆီးချုပ်ရောဂါများကို ပျောက်ကင်းစေနိုင်ကြောင်း သိရသည်။

မြ၀တီ