Friday, June 20, 2014

သန္တိသုခနှင့် အာဏာစက်

copy from SONATA-CANTATA
သန္တိသုခကျောင်းတိုက်ကို ညအချိန်မတော် ၀င်ရောက် စီးနင်းပြီး ချိတ်ပိတ်လိုက်တယ် ဆိုတဲ့သတင်းက သာသနာ့ သမိုင်းမှာ အမည်းစက်တခုလို့ဘဲ မြင်မိပါတယ်။ ဒီနေရာမှာ ဒီကျောင်းတိုက်ကို ဘယ်သူ ပိုင်ဆိုင်သင့်တယ်လို့ ပြောချင်တာ မဟုတ်ပါဘူး။ အာဏာစက်ရဲ့ အဓိပ္ပါယ်ကို အလွဲသုံးစားလုပ်ပြီး မရိုးဖြောင့်တဲ့ နည်းလမ်းတွေနဲ့ ပြဿနာကို ဖြေရှင်းနေကြလို့ပါ။


ဘုရားရှင်ပရိနိဗ္ဗာန်စံဝင်ပြီးတဲ့နောက် ရှင်မဟာကဿပ အမှူးရှိတဲ့ သံဃာတော်တွေက သံဂါယနာတင်မယ့်အကြောင်း အဇာတသတ်မင်းကို အသိပေးတဲ့အခါ အဇာတသတ်မင်းက “တပည့်တော်က အာဏာစက်ကို ဖြစ်စေပါမယ်။ အရှင်ဘုရားတို့က ဓမ္မစက်ကို ဖြစ်စေတော်မူပါ” ဆိုတဲ့စကား ပြန်လျှောက်ဖူးပါတယ်။ ဒီစကားက ခေတ်အဆက်ဆက် အုပ်ချုပ်သူ အာဏာပိုင်တွေ အကြိုက် လက်သုံးစကား ဖြစ်လာပါတယ်။ ဒီနေရာမှာ အုပ်ချုပ်သူ မင်းတွေရဲ့ အမိန့်အာဏာကို အာဏာစက်လို့ သုံးစွဲသလို၊ ဘုရားရှင် ပညတ်တော်မူတဲ့ ၀ိနည်း အဆုံးအမတွေကိုလည်း အာဏာစက်လို့ သုံးစွဲတာကို သတိပြုမိဖို့လိုပါတယ်။ ဓမ္မစက်နဲ့ အာဏာစက်က ဓမ္မနဲ့ ၀ိနယ (Principle and Law) ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ သာသနာရေးကိစ္စတွေကို ဆောင်ရွက်တဲ့အခါ အုပ်ချုပ်ရေး အာဏာစက်ကို လက်လွတ်စပယ် သုံးစွဲတာထက်၊ ဘုရားရှင်ရဲ့ အာဏာစက်ဖြစ်တဲ့ ၀ိနည်း စည်းကမ်း လုပ်ထုံးလုပ်နည်းတွေကို ဦးထိပ်ပန်ဆင်ပြီး လိုက်နာတာက ဗုဒ္ဓသာသနာနဲ့ ပိုပြီး အံဝင်ပါလိမ့်မယ်။ ယခုလို ပဋိပက္ခတွေကို ဖြေရှင်းဖို့ အတွက် ဘုရားရှင်က နည်းလမ်း ၇-သွယ် ညွှန်ကြားတော်မူခဲ့ပါတယ်။ မျက်နှာချင်းဆိုင် တွေ့ဆုံ ဖြေရှင်းခြင်း၊ မဲခွဲ ဆုံးဖြတ်ခြင်း၊ သတိပေးခြင်း၊ ၀န်ခံစေခြင်း၊ သင်ပုန်းချေခြင်း စတဲ့ နည်းလမ်းတွေ ပါဝင်ပါတယ်။ အကြမ်းဖက် အင်အားသုံးဖြေရှင်းဖို့၊ အုပ်ချုပ်ရေး အာဏာရဲ့ အကူအညီယူဖို့ ဆိုတာတွေ မပါပါဘူး။ ရဟန်းတော်တွေအတွက် ပညတ်ခဲ့တယ်ဆိုပေမယ့် ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတိုင်း အတုယူလိုက်နာသင့်တဲ့ ပဋိပက္ခဖြေရှင်းနည်းတွေဖြစ်လို့ “အဓိရုဏ်း နှိမ်နင်းရေး (http://sonata-cantata.blogspot.sg/2009/03/blog-post_9600.html)” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပို့စ်တပုဒ် ရေးခဲ့ဖူးပါတယ်။ ဒီလောက်ကောင်းတဲ့ ဘုရားရှင် အလိုကျ နည်းလမ်းတွေ ရှိပါလျှက်၊ ဘုရားရှင်ရဲ့ အာဏာစက်ကို ကျော်လွန်ပြီး တထစ်ရှိတိုင်း အုပ်ချုပ်ရေးက သာသနာရေးမှာ ၀င်ရောက်စွက်ဖက် အင်အားသုံးဖြေရှင်းတာကို “ဓမ္မစက်ကို အာဏာစက် နဲ့ အကူအညီပေးတယ်”လို့ စကားလုံးလှလှ သုံးတော့၊ “အာဏာသိမ်းတာကို Aid to Civil Power” လို့ တခါတလေ စကားလုံး လှလှသုံးတတ်ကြတာကိုပဲ ပြေးပြေး သတိရပါတယ်။

ယခုဖြစ်ရပ်နဲ့စပ်ပြီး သီတဂူဆရာတော်ကြီးကလည်း “ဒီလိုကျောင်းတိုက်တွေကို သူပိုင်ငါပိုင် အငြင်းပွားကြတဲ့ကိစ္စမှာ ဘုရားဟော ပါဠိတော်ထဲမှာ ပါတဲ့အတိုင်း မျက်နှာချင်းဆိုင် တွေ့ဆုံပြီးတော့ ဆွေးနွေး ဖြေရှင်းရမယ့်ကိစ္စမှာ ပီနန်ဆရာတော်ကြီး နိုင်ငံခြားခရီးထွက်နေတဲ့အခိုက် တိတ်တဆိတ် သန်းခေါင်ယံမှာဝင်ပြီးတော့ ချိတ်ပိတ်လိုက်တဲ့ကိစ္စဟာလည်း တော်တော် မသင့်လျော်တဲ့ကိစ္စဖြစ်တယ်” လို့ မှတ်ချက်ပြုပါတယ်။ ယခုလို နည်းလမ်းမကျဘဲ ဖြေရှင်းမှုကို အ ကြောင်းပြုပြီး ရဟန်းသံဃာအချင်းချင်း စိတ်ဝမ်းကွဲစရာ ဖြစ်လာစေနိုင်သလို၊ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအပေါ်လည်း အထင်အမြင် လွဲမှားစရာ ဖြစ်လာနိုင်ပါတယ်။ အဆိုးဆုံးကတော့ ဗုဒ္ဓသာသနာရဲ့ ဂုဏ်သိမ်ကို ငြိုးမှိန်စေတာပါပဲ။

ဒါပေမယ့် သာသနာရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲမှာ “အကြမ်းဖက်တယ်လို့ ယူဆရင် အကုသိုလ်ဖြစ်တယ်။ အကယ်၍ သာသနာတော် သန့်ရှင်းအောင်ဆောင်ရွက်တာလို့ လက်ခံရင် ကုသိုလ်တောင် ဖြစ်နိုင်ပါတယ်” ဆိုတဲ့သဘောမျိုး တရားချသွားပါတယ်။ အခုလို အကြမ်းဖက် ဖြေရှင်းရတာကို “ဒေါသမထွက်ဘဲ သည်းခံပေးကြရင် ခန္တီ ကုသိုလ်ဖြစ်ပါတယ်” ပြောခဲ့ရင် မထောင်းတာပေမယ့်၊ ဒီလုပ်ရပ်ကို “သာဓု အနုမောဒနာ ခေါ်စရာ ကုသိုလ်” သဘောရောက်အောင် ပြောသွားတာကတော့ သာသနာတော်အတွက် အတော်လေး ရင်လေးစရာပါ။

အခုတလောမှာ စာနယ်ဇင်းတွေမှာ နိုင်ငံရေးနဲ့ ဘာသာရေး ရောထွေးမှုကိစ္စကို ပြောဆိုနေကြတာ ရှိပါတယ်။ မိမိတဦးချင်း အမြင်ကတော့ ရဟန်းတော်တွေကို နိုင်ငံရေးမှာ လုံးဝ မပါဝင် မပတ်သက်ဖို့ တားမြစ် မရနိုင်သလို၊ နိုင်ငံရေးသမားတွေ အုပ်ချုပ်ရေးအာဏာပိုင်တွေ ဘာသာရေး မလုပ်ရလို့လဲ တားမြစ်စရာ မလိုပါဘူး။ ဒါပေမယ့် ရဟန်းတော်တွေက ဘာသာရေး သြဇာသုံးပြီး နိုင်ငံရေး၊ အုပ်ချုပ်ရေးတွေမှာ ၀င်ရောက် စွက်ဖက်ကြမယ်၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေက နိုင်ငံရေး သြဇာ၊ အုပ်ချုပ်ရေးအာဏာတွေသုံးပြီး သာသနာရေး ကိစ္စတွေမှာ ၀င်ရောက် စွက်ဖက်ကြမယ် ဆိုရင်တော့ မကြာခင်မှာ သာသနာတော်လည်း ပျက်စီး၊ ပျက်စီးပြီးသား တိုင်းပြည်လည်း နလံပြန်ထူနိုင်ဖို့ မလွယ်ဘူးလို့ အတွေးဝင်မိပါတယ်။

Thursday, June 19, 2014

ခရမ်းချဉ်သီးကို ဒီလို သုံးလို့ ရပါတယ်

လွမ်းမပြေသုတရပ်ဝန်းမှကူးယူပါသည်။


သဘာဝကပေးတဲ့ ဆေးတစ်လက် ဖြစ်ပါတယ်။ အထူးသဖြင့် ကတော့ အမျိုးသမီးများ အတွက် ဖြစ်ပါ တယ်။ အမျိုးသမီးများ မျက်နှာ အသားအရေ ကြည်လင် တောက်ပြောင် ချင်တယ်ဆိုရင် ခရမ်းချဉ်သီးကို မှီဝဲသင့် ပါတယ်။

အသုံးပြုပုံကတော့ ခရမ်းချဉ်သီးကို ပါးပါးလေး လှီးကာ မျက်နှံပေါ်သို့ မီးနစ် ၂၀ (သို့) ၃၀ လောက် တင်ပေးပါက မျက်နှာပေါ်မှာ ရှိတဲ့ အဆီများကို စုပ်ယူနိုင်တဲ့အပြင် အသားအရေကိုလည်း လှပစေပါ တယ်။

ဒါ့အပြင် ဟင်းအဖြစ် ချက်ပြုတ်စားသောက် ပါကလည်း လှပသော အသားအရေကို ပိုင်ဆိုင်စေနိုင် မှာပါ။ မျက်နှာ အသားအရေနှင့် ခန္ဓာကိုယ် အသားအရေကို ဂရိုစိုက်သော အမျိုးသမီးများ အနေနဲ့ မျှဝေရေးသား ပေးလိုက်ရပါတယ်။


ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

Wednesday, June 18, 2014

ထူးကဲသောအရသာကိုဖြစ်စေမည့်ဟင်းလျာများ၏လျှို့ဝှက်ချက်များ



လွမ်းမပြေသုတရပ်ဝန်းမှကူးယူပါသည်
 
ဟင်းမျိုးစုံတို့ကို ချက်ပြုတ်ကြရာတွင် ချက်နည်းနှင့် ထည့်ချက်သည့် အမျိုးအစားပေါ်တွင် မူတည်ပြီး ဟင်း၏ အရသာမှာလည်း ကွဲပြားသွားကြပါသည်။

ဟင်းလျှာမျိုးစုံတို့ကို ပိုမိုထူးကဲသော အရသာကို ပိုင်ဆိုင်လိုပါက အောက်ပါနည်းတို့ကို အသုံးပြုနိုင်ကြ ပါ သည်။

၁။ ကြက်သားဟင်းသည် အာလူးနှင့် အလိုက်ဖက်ဆုံးဖြစ်ပါသည်။ ကြက်သားကို ချက်သည်ဖြစ်စေ၊ ကြော်သည်ဖြစ်စေ အာလူးနှင့်တွဲစားပါက အရသာပိုမို ထူးကဲပါသည်။ ကမ္ဘာကျော်အစားအစာ တစ်ခုဖြစ် သည့် KFC ကြက်ကြော်ကို အာလူးချောင်းကြော်များနှင့် တွဲစားကြသည်မှာ သက်သေဖြစ်ပါသည်။

၂။ ဘဲသားကို ပေါင်းစားသည်ဖြစ်စေ၊ ဘဲစတူးလုပ်စားသည်ဖြစ်စေ မှိုအမည်းနှင့် ဂျပန်တို့ဟူးကို ထည့်ပေးပါ။ ပိုမိုထူးကဲသော အရသာကို ပိုင်စေပါမည်။ (နာမည်ကြီးပြီး လူအများကြီးစားသုံးနေတဲ့ ဆိုင် အချို့မှာ နည်းစနစ်ကို လူသိမှာစိုး၍ မှိုနှင့် တို့ဟူးပါမှန်းမသိအောင် အဖတ်ကို ဆည်ထားတတ်ကြပါသည်)

၃။ ဆိတ်သားကို မချက်ခင်မှာ ဒိန်ချဉ်နှင့် သံပရာသီးကိုညှစ်ထည့်ပြီး အရင်နှပ်ထားရပါမည်။ ပြီးမှ ချက် လျှင် အညီနံ့လည်းပျောက်သလို အသားလည်းနူးပြီး ပိုစားကောင်းပါသည်။

၎။ ဂဏန်းကို အရသာပိုရှိအောင် ချက်စားရသည့်လှို့ဝှက်ချက်သည် ကြက်ဥဖြစ်ပါသည်။ ချက်စား၊ ပေါင်း စားသည်ဖြစ်စေ ကြက်ဥတစ်လုံးကိုတော့ ပါအောင် ထည့်ပေးပါ။

၅။ အကြော် ကြော်စားတော့မည်ဆိုလျှင် ဘူးသီးကြော်၊ ကြက်သွန်ကြော်စသည့် မည်သည့်အကြော်မဆို အကြော်ကြော်မည့် မှုန့်နှစ်ထဲကို ငှက်ပျောသီးတစ်လုံး ချေပြီး ထည့်လိုက်ပါ။ ရွှေကြည်မှုန့် အနည်းငယ်ကို ထည့်ပေးပါ။ အကြော်များ ဖောင်းဖောင်းလေးဖြစ်ပြီး ပိုမိုကြွတ်ရွစေကာ အရသာလည်း ပိုကောင်းစေပါ မည်။

၆။ ခေါက်ဆွဲကို တရုတ်ဆိုင်ကခေါက်ဆွဲကြော်ငြာကဲ့သို့ မွှေးကြိုင်နေအောင် ကြော်စားချင်လျှင် အကြော် အိုးကို သီးသန့်ထားပါ။ ဆီဝနေသည့် အကြော်သီးသန့်အိုးသည် အနံ့နှင့် အရသာကိုပါ ကွာခြားစေပါ သည်။

၇။ နာမည်ကြီး Chinese Restaurant များ၏ ဟင်းလျှာအရသာလျှို့ ဝှက်ချက်မှာ ကြက်ရိုးပြုတ်ရည် ဖြစ်ပါ သည်။ မိုးလင်းကတည်းက ပြုတ်ထားသည့် ကြက်ရိုးပြုတ်ရည်ကို မည်သည့်ဟင်းကိုမဆို အနည်းငယ်စီ ခပ်ပေးပါက အရသာပိုမို ထူးကဲစေပါမည်။

၈။ ၀က်သားကို အချိုချက်ကလေး စားချင်လျှင် သကြားအနည်းငယ် ထည့်လိုက်ပါ။ ၀က်သားတရုတ်ချက် အရသာ ပေါ်လာစေမည်။

၉။ ရိုးဒယားနာမည်ကြီး တုံယမ်းဟင်းရည်ချက်စားမည်ဆိုလျှင် ထည့်ရမည့် ရှောက်ရွက်သည် ရှောက်ဘီ လူးရွက် ဖြစ်ပါသည်။ ရိုးရိုးရှောက်ရွက်ထည့်လိုက်လို့ အရသာခါးသက်သက်ဖြစ်သွားကြသူများ သတိထား စရာပါ။

၁၀။ ကန်စွန်းရွက်ကြော်ကို အရောင်မမည်းသွားစေအောင် ကြက်သွန်နှင့် ဆားကို အုပ်ပေးလိုက်ပါ။ သို့ မဟုတ် မကြော်ခင်မှာ ရေခဲရေထဲကို ဆားထည့်ပြီး စိမ်ဆေးပါ။

၁၁။ ထမင်းကို ဖြူဖြူဖွေးဖွေးလေးနဲ့ မျက်နှာပန်းလှစေချင်ရင် ဆန်ဆေးသည့်အခါ ရှောက်သီးအရည်လေး အနည်းငယ်ညစ်ထည့်ပေးပါ။

၁၂။ မုန့်ဟင်းခါးအရသာထူးကဲစေခြင်း၏ လျှို့ဝှက်ချက်မှာ ငါးဖယ်ရိုးပြုတ်ရည်ဖြစ်ပါသည်။

၁၃။ အညာတို့ဟူးသုပ်၏ ထူးကဲသောအရသာလျှို့ဝှက်ချက်မှာ စဥ့်အင်တုံထဲမှာ ဖျော်ထားသည့် ဆားရည် သည် အဓိက ဖြစ်ပါသည်။


Royal Sai (ပူတာအို)
Ref: Kyaw Han Thar Myint
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

Tuesday, June 17, 2014

ဆေးဖက်ဝင်တဲ့ ဖလံတောင်ဝှေးပင်လေးများ

လွမ်းမပြေသုတရပ်ဝန်းမှကူးယူပါသည်


Posted: 15 Jun 2014 03:29 AM PDT


ယခုလို မိုးဦးကာလများတွင်သာတွေ့ ရတဲ့ ရာသီစာ ဖလံတောင်ဝှေးပင်တွေ ပေါ်လာပြီ ဆိုမှဖြင့် အိမ်ရှင်မ တို့  လက်စွမ်းပြနိုင်ကြ ပါပြီ။ အပူပေးချက်ပြုတ်လိုက်တဲ့အခါမှာ ထွက်ရှိ လာတဲ့ မဆို သလောက် သူ့ ရဲ့ အမွှေးနံ့ က နှစ်သက်သူများအဖို့ သွားရည်ယိုစ ရာလေး ပါဘဲ။ အပင်၏ ရင့်တဲ့ အပိုင်းကို ဖဲ့ချွေပြီးနောက်၊ ဖလံတောင်ဝှေးနုနုတွေကို ငရုတ်ကျည်ေ ပွ့နဲ့ထု ဓားနဲ့ သင့် ရုံပိုင်းဖြတ် ၍ ကြက်သွန်ဖြူဆီသတ်ကာ အဖြူ ထည်လေးဘဲကြော်ကြော်(သို့ မဟုတ်) ပုဇွန်ထဲ့၍ ဘဲကြော်ကြော် (သို့ မဟုတ်)အချဉ်ကြိုက်တတ် သူများ ကလည်း ဒယ်အိုးထဲဖလံတောင်ဝှေးနွ မ်းလာတဲ့အခါ ကင် ပွန်း ချဉ်ရွက်လေး လက်တစ်ဆုပ်လောက် အိုးထဲထဲ့လှိမ့်၍ အရ သာရှိ ရှိ ကြော်စားကြပါတယ်။

သူ့ ပင်ကိုယ်သဘာဝက ဆေးစွမ်းထက်တာကြောင့်လည်း နားပြည်ယို၊ နားကိုက်ခြင်းအတွက် ဖလံတောင်ဝှေး အပင်ရဲ့ အပ်ါယံ အခွံကိုခွာ နွမ်းယုံလောက်မီးကင်၍ အအေးခံပြီး တဲ့အခါ အရည် ညှစ်ယူထားပါ။ ရလာတဲ့ ထိုဖလံတောင်ဝှေးသတ္တုရည် ၄-စက်ခန့် ကို နားထဲ့သို့  တစ်နေ့  ၅-ကြိမ် မျှထဲ့ပေးခြင်းဖြင့် သက်သာပျောက် ကင်းစေ နိုင်ပါတယ်။ ရှေးလူကြီးများက ဖလံတောင်ဝှေးပင်ရဲ့  မြစ်ကို ထောင်းထု၍ နှာစေး၊ ချောင်းဆိုး၊ အဖျား၊ အစာမကြေ၊ လေနာ၊ အရေပြားရောဂါ၊ မြွေကိုက်ခြင်း တို့ အတွက် ဆေးမြီး တိုအဖြစ်ကုသလေ့ ရှိပါတယ်။ ဒါတင်မ ကသေးပါဘူး။ အမျိုးသမီးရောဂါမျာြး ဖစ်ကြ တဲ့ သားအိမ်လျော၊ သားအိမ်ကျ၊ သားအိမ် အောင့်ြ ခင်း နှင့် အမျိုး သားရောဂါများဖြစ်ကြတဲ့ အူကျခြင်း၊ တိုနာရောဂါတို့ အတွက် ဖလှံတောင်ဝှေးကို အခြောက်လှန်း အမှုန့်ပြု ၍ အုန်းဆီနှင့် ရောဖျော်ပြီး စအိုနှင့် ဆီးစပ်ပေါ်ကို လိမ်းထားခြင်းဖြင့် ချမ်းသာရရစေ နိုင်ပါတယ်။ ဒါ့ပြင် အမျိုးသမီး(အပျိုကြီး) တွေမှာဖြစ် တတ်တဲ့ ရင်းသားအဆီ ကျိတ်ဖုအတွက် ဖလှံေ တာင်ဝှေးပင် အနုအရင့်တွေကို ထုခြေ၍ အကျိတ်ပေါ် အုံပေးပြီး အ၀တ်စည်းပေးခြင်းဖြင့် အကျိတ်ကျေစေပါတယ်။

တစ်နှစ်မှ တစ်ကြိမ်သာပေါ်တဲ့ ရာသီစာ ဖလံတောင်ဝှေးကို ဆေးဖက်ဝင်အောင်ချက်ကျွေးချင်တယ် ဆိုရင်ဖြင့်-
(၁) နို့ တိုက်မိခင်များမှာ ဖြစ်လေ့ရှိတဲ့ နို့မထွက်ခြင်း၊ နို့ပူခြင်း၊ ယားယံခြင်း၊ နို့အနာပေါက်ခြင်း၊ နို့ချောင်း ပိတ်ခြင်း၊ သကျည်း ကိုက်ခြင်း စတဲ့ ပြဿနာများအတွက် ဖလှံတောင်ဝှေးကို မကြာ ခဏဟင်းခါး ချက် စားပေးပါ။
(၂) နှမ်းဆီစစ်စစ်ဖြင့်ကြော်ပါ။ ချောင်းဆိုးရောဂါ နှင့် နှလုံးအားနည်း၍ နှလုံးတုန်ရောဂါ တို့ကို သက် သာစေနိုင်ပါတယ်။
(၃) ငါးခူ နှင့်ရော၍ချက်စားပါ။ ကာမအားကို တိုးပွားစေနိုင်ပါတယ်။
(၄) ငါးသိုင်း (သို့ မဟုတ်) ပုစွန်နှင့်ရော၍ချက်စားပါ။ သွေးဝမ်းရောဂါကို ပျောက်စေပါတယ်။
(၅) အမဲသားနှင့်ချက်စားပါ။ ဆီးရွှင်၍ ကျောက်ကပ်ကို ကျန်းမာစေပါတယ်။
(၆) ရေကြက်သားနှင့် ချက်စားပါ။ ဆီးကျောက်တည်၊ ဆီးပူ၊ ဆီးအောင့်၊ ဆီးအားနည်း၊ ဆီးကျန်၊ ဆီးဝါခြင်းတို့ကို ပျောက်ကင်း စေနိုင်ပါတယ်။
(၇) ပုစွန်စုတ်ဖွား(ပုစွန်စိပ်) လေးတွေဖြင့်ကြော်စားပါ။ လိပ်ခေါင်းသွေးကျခြင်းကို သက်သာစေပါတယ်။
(၈) ကင်ပွန်းချဉ်ရွက်ဖြင့် ရောကြော်စားပါ။ ဆံပင်ဖြူခြင်း နှင့် သွေးဆုံးကိုင်ဝေဒနာကို သက်သာစေပါ တယ်။
(၉) ဖလံတောင်ဝှေးက အမျှင်ဓာတ်ကြွယ်ဝတာကြောင့် မကြာခဏ ချက်စားပေးခြင်းဖြင့် ၀မ်းချုပ်ခြင်းကို မဖြစ်စေတော့ပါဘူး။
(၁၀) အမျိုးသားများ ဒူလာရောဂါအတွက်ကိုတော့ လက်တစ်ဆုပ်စာပမာဏရှိတဲ့ ဖလံတောင်ဝှေး အ ပင်နှင့်အမြစ် တို့ ကို သုံး ခွက် တစ်ခွက်တင်ကြိုသောက်၍သော်လည်းကောင်း၊ ဖလှံတောင်ဝှေးအမြစ်ဥ ကို ချင်း၊ သကြားနှင့် ရောကြို၍သော်လည်းကောင်း တစ်နေ့  ၂-ကြိမ် သောက်ပေးသင့်ပါတယ်။
(၁၁) အထိုင်များ၍ ခါးနာတတ်သူများ နှင့် ဆီးချိုရောဂါကြောင့် ကျောက်ကပ်ပျက်စီးသူများ အတွက် ဖလှံတောင်ဝှေး ပဉ္စငါးပါး (ပင် စည်၊ အမြစ်၊ အရွက်၊ အပွင့်၊ အမြစ်ဥ) တို့ ကို ငရုတ်ကောင်း ၂-စေ့ထည့် ၍ ဆူပွက်ေ နအောင် ကျိုချက်ပြုတ်ကာ သောက်သုံးနိုင်ပါတယ်။
(၁၂) နာလန်ထစလူနာများအတွက် ဖလှံတောင်ဝှေးပင်ကို အခြောက်မှုန့်ပြု၍ ပျားရည် ၊ ထောပတ်နှ င့်တေ၍ ညအိပ်ယာဝင်ခါးနီးတိုင်း လက်ဖက်ရည်ဇွန်း တစ်ဇွန်းမှန်မှန်စားသုံးပေးခြင်းခြင့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပင် သိသိသာသာ ခွန်အား ပြည့်လာစေပါတယ်။


(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)
--
*promise.pauk*
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

Monday, June 16, 2014

အရှင်စန္ဒိမာ (မွန်စိန်တောရ) – အုပ်စု နှစ်ခု

(၁)

ဗုဒ္ဓဓမ္မကို ဂဃနဏ နားလည်သဘောပေါက်သူ မှန်ပါက လူမျိုးစွဲ ဘာသာစွဲ ရှိမည် မဟုတ်ပါ။ ရွှေကျင်စွဲ သုဓမ္မာစွဲ ရှိမည် မဟုတ်ပါ။ လူစွဲသော်မှ ရှိမည် မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် အစမထင် ဘဝသံသရာမှာ အမြဲတမ်း လူ့ဘဝချည်း ရခဲ့တာ မဟုတ်လို့ပါ။

ဗမာလူမျိုးချည်း ဖြစ်ခဲ့တာ မဟုတ်သလို မွန်လူမျိုးချည်းလည်း ဖြစ်ခဲ့တာ မဟုတ်ပါ။ အရှေ့တိုင်းသားချည်း ဖြစ်ခဲ့တာ မဟုတ်သလို အနောက်တိုင်းသားချည်းလည်း ဖြစ်ခဲ့တာ မဟုတ်ပါ။ ဘဝတိုင်း ဗုဒ္ဓဘာသာဝင်ချည်း ဖြစ်ခဲ့တာ မဟုတ်ပါ။ ခရစ်ယာန်ဘာသာဝင်ချည်း ဖြစ်ခဲ့တာ မဟုတ်သလို အစ္စလမ်ဘာသာဝင်ချည်းလည်း ဖြစ်ခဲ့တာ မဟုတ်ပါ။ မြတ်စွာဘုရား အလောင်းတော်ပင်လျှင် ဘဝပေါင်း လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့စဉ်ကာလမှာ ဘုရားသာသနာတော်နှင့် ကြုံတွေ့ခဲ့တာ (၉) ဘဝမျှသာ ရှိခဲ့ပါတယ်။ မြတ်စွာဘုရား အလောင်းတော်အနေဖြင့် ပါရမီဖြည့်ခဲ့တဲ့ မရေမတွက်နိုင်တဲ့ များစွာသော ဘဝတွေဟာ ဗုဒ္ဓဘာသာဝင် မဟုတ်ခဲ့ပါဘူး။

ဒီအချက်ကို ဓမ္မဓိဌာန်ကျကျ မျှမျှတတ ပြန်လည်စဉ်းစားပါက အင်မတန် စိတ်ထားမြင့်မြတ် ဖြူစင်ကြတဲ့ လူမျိုးခြား ဘာသာခြား ပုဂ္ဂိုလ်များဟာ တစ်နေ့နေ့ တစ်ချိန်ချိန် ဘဝတစ်ခုခုမှာ ပကတိသာဝက မဟာသာဝက စသည် အဖြစ်ဖြင့် ကျွတ်တန်းဝင်မယ့် အလောင်းလျာတွေ မဖြစ်နိုင်ဘူးလို့ ဘယ်သူ ငြင်းနိုင်ပါ့မလဲ???

ဝိပဿနာဥာဏ်ဖြင့် ရုပ်ဓမ္မ နာမ်ဓမ္မကို အမှန်တကယ် မြင်ပါက ထိုထိုအစွဲများ ရှိတော့မည်မဟုတ်ပါ။ ထိုထိုအစွဲသည်ပင် လူမျိုးရေးအစွန်းရောက် ဘာသာရေးအစွန်းရောက် ဝါဒစွဲအစွန်းရောက် အာဏာစွဲအစွန်းရောက်အဖြစ်သို့ တွန်းပို့နေတာပါ။ ထိုထို အစွဲများ ရှိနေခြင်းသည်ပင် ဗုဒ္ဓဓမ္မရဲ့ အနှစ်သာရကို မမြင်သေးဘူးဆိုတာကို ဖေါ်ပြနေတာပါ။ ရုပ်နာမ်ဓမ္မကို အသာထား။ သတ္တဝါအားလုံးအပေါ် မေတ္တာမထားနိုင်သေးသမျှ ဘုရားအဆုံးအမကို အမှန်တကယ် လိုက်နာသူလို့ မဆိုနိုင်သေးပါ။

(၂)

သို့သော် လူမျိုးဘာသာမရွေး နေရာဒေသမရွေး လူရှိနေသရွေ့ အစွန်းရောက်တဲ့ လူတွေလည်း ရှိနေအုံးမှာပါ။ သူတစ်ပါး အစွန်းရောက်မှုကြောင့် မိမိတို့ ပြန်လှန်အစွန်းရောက်ရန် မလိုအပ်ပါ။ အစွန်းရောက်မှုကို အစွန်းရောက်မှုဖြင့် တုံ့ပြန်နေသရွေ့ ပြဿနာ ကြီးသထက် ကြီးထွားလာရန်သာ ရှိပါတယ်။ အစွန်းရောက်စိတ်ဓါတ်ဟာ မွေးမြူရန်မဟုတ်။ ပယ်ရှားရန်သာ ဖြစ်ပါတယ်။ အစွန်းရောက်သူများဟာ လူများစုကို ကိုယ်စားမပြုပါ။ အစွန်းရောက်သူ ၀.၀၁ ရာခိုင်နှုန်းရဲ့ စကားတွေကို အေးအေးချမ်းချမ်း နေလိုကြတဲ့ သာမာန်ပြည်သူ ၉၉.၉၉ ရာခိုင်နှုန်းအနေနဲ့ နားမယောင်သင့်ပါ။

လူမျိုးရေးအစွန်းရောက်စိတ်၊ ဘာသာရေးအစွန်းရောက်စိတ်၊ ဝါဒစွဲအစွန်းရောက်စိတ်၊ အာဏာစွဲအစွန်းရောက်စိတ်တွေကြောင့် လူသားများ သေကြေပျက်စီးခဲ့ကြရတဲ့ သမိုင်းသင်ခန်းစာများကို မမေ့အပ်ပါ။ သို့သော် လူဆိုသည်မှာ တစ်ဦးနဲ့ တစ်ဦး ရုပ်ရည်ချင်းမျှသာ ကွာခြားနေတာ မဟုတ်ဘဲ အသိဥာဏ် အနိမ့်အမြင့်၊ အကျင့်သီလ ရင့်ကျက်တည်ငြိမ်မှု ရေချိန်တွေလည်း ကွာဟနေတာ လက်တွေ့မျက်မြင်ပါ။ ဒီလို ကွာဟချက်တွေဟာ ယေဘုယျအားဖြင့် အသက်အရွယ် အတွေ့အကြုံအရ ပြောင်းလဲလာတတ်ပေမယ့် ဒါကလည်း လုံးဝဥဿုံ မမှန်ပြန်ပါဘူး။ တသတ်လုံး လူသတ်ဖို့ အမိန့်ပေးလာခဲ့တဲ့ လူဟာ တတိယအရွယ် ရောက်လာတာတောင် ဒုံဟောင်းဟာ ဒုံဟောင်းပါပဲဆိုတာ အာဏာရှင် ဦးနေဝင်းရဲ့ နောက်ဆုံးမိန့်ခွန်းက သက်သေခံနေပါတယ်။

(၃)

ကမ္ဘာပေါ်မှာ ရှိကြတဲ့ အာဏာရှင်တွေကို ကြည့်လိုက်ရင် တူညီတဲ့ အချက်များစွာကို တွေ့ရပါလိမ့်မယ်။ အဲဒီအထဲမှာ ကိုယ်ကျိုးအတ္တကို ရှေ့တန်းတင်တာ၊ သူတို့ရဲ့ မိသားစု ဆွေမျိုးအဝန်းအဝိုင်းနဲ့ အာဏာရှင်စနစ် တည်မြဲရေးနဲ့ ကိုယ်ကျိုစီးပွါးအတွက် အပြန်အလှန် ကျေးဇူးရှိကြတဲ့ ရေပေါ်ဆီ အခွင့်ထူးခံ ခရိုနီ လူတန်းစားဆိုတဲ့ ကျဉ်းမြောင်းတဲ့ လူမှုအသိုက်အဝန်းထဲမှာ စည်းစိမ်ခံစားကာ ကျေနပ်နှစ်သိမ့် ပျော်မွေ့ နေကြတာတွေကတော့ တထပ်တည်း တူကြတယ်။

သူတို့ ယုံကြည်ကိုးကွယ်တဲ့ ဘာသာတရားကတော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တူချင်မှ တူမယ်။ ဥပမာ မြောက်ကိုးရီးယားဆိုရင် ကွန်မြူနစ်စနစ်ကို လက်ခံကျင့်သုံးတာ ဆိုတော့ ဘာသာမဲ့ပဲ ဆိုပါတော့။ ဆီးရီးယားကေတာ့ အစၥလမ္ဘာသာပါ။ မြန်မာနိုင်ငံကတော့ သိကြတဲ့အတိုင်း ဗုဒ္ဓဘာသာပါ။ ဒါပေမယ့် သူတို့ရဲ့ နိုင်ငံသားများကို ဖိနှိပ်အုပ်ချုပ်တာ၊ အာဏာမြဲဖို့ ဘယ်သူသေသေ ငတေမာပြီးရော မူကို လက်ကိုင်ထားတာချင်းကတော့ တူကြတယ်။

တကယ်တော့ သူတို့ အမည်ခံထားတဲ့ ဘာသာတရား ယုံကြည်ကိုးကွယ်မှုဆိုတာ သူတို့ အာဏာမြဲရေးအတွက် လိုအပ်ရင် ခုတုံးလုပ် အသုံးချဖို့ထက် မပိုပါဘူး။ ဘယ်အမျိုးဘာသာကိုမှ သူတို့စောင့်မှာ မဟုတ်ပါဘူး။ တစ်ခုတော့ ရှိတယ်။ အာဏာ အသက်ဆက်ရေးအတွက် အထောက်အပံ့ဖြစ်မယ် ဆိုရင်တော့ ဘာမဆို ယူသုံးမှာပါ။ မျိုးစောင့်ဥပဒေမှ မဟုတ်ပါဘူး။ အရင်းစစ်လိုက်ရင် အာဏာရှင်တို့ရဲ့ ကိုးကွယ်တဲ့ ဘာသာဟာ ဗုဒ္ဓဘာသာ မဟုတ်သလို အစ္စလမ်ဘာသာလည်း မဟုတ်ပါဘူး။ အာဏာသာလျှင် ကမ္ဘာပေါ်မှာ ရှိကြတဲ့ အာဏာရှင်တို့ရဲ့ ကိုးကွယ်ရာ ဘာသာ ဖြစ်တယ် ဆိုတာ သာဓက ထုတ်စရာ မလိုလောက်အောင် ထင်ရှားပြီးသားပါ။

(၄)

အာဏာရှင်စနစ်ကို အသက်ဆက်ချင်နေကြသူတွေကို အုပ်စု နှစ်ခု ခွဲလို့ ရနိုင်ပါတယ်။ ပထမအုပ်စုက အာဏာရှင်စနစ်ကြောင့် အကျိုးခံစားခွင့် ရနေကြသူများ ဖြစ်ပါတယ်။ ဒုတိယအုပ်စုက အာဏာရှင်များနဲ့ အာဏာရှင်လက်ဝေခံတွေရဲ့ မှိုင်းတိုက်မှုကို ခံရပြီး ကိုယ်ပိုင်ခေါင်း (ဦးနှောက်) မရှိသူများ ဖြစ်ပါတယ်။

ပထမအုပ်စုက လူလည်လူညစ်များဆိုတော့ သူတို့ရဲ့ အတ္တအတွက်ဆိုရင် ဘနဖူး သိုက်တူးမယ့် လူတွေမို့ ပြောစရာ ကုန်နေပါပြီ။ ဒုတိယအုပ်စုအတွက်ကတော့ စိတ်မကောင်းစရာပါ။ အာဏာရှင်ခေတ် တလျှောက်လုံးမှာ လူမျှိုးရေး ဘာသာရေး မှိုင်းတိုက်မှုတွေကို အာဏာရှင်တွေ မရိုးနိုင်အောင် ကျင့်သုံးခဲ့တယ်။ အာဏာရှင်တွေအတွက် ဒီကျင့်စဉ်ဟောင်းက ယနေ့အထိလည်း အသုံးတဲ့နေဆဲပါ။ မှိုင်းတိုက်သူတွေ ရှိနေလို့လည်း မှိုင်းတိုက်ခံရသူတွေ ရှိနေရတာပါ။ မှိုင်းတိုက်နည်း များစွာထဲမှာ ဘာသာရေးမှိုင်းတိုက်နည်းက လူဗိန်းကြိုက်မို့ အရင်းစိုက်ရ အနည်းဆုံးနဲ့ အသုံးအတဲ့ဆုံးပဲ ဖြစ်ပါတယ်။

ယနေ့ အပြောများနေတဲ့ ၅၉(စ) ကလည်း တကယ်တော့ စစ်အာဏာရှင်တွေရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားတဲ့ ပုဂ္ဂိုလ်ရေးအာဃာတနဲ့ ဣဿာ မစ္ဆရိယ ပြယုဂ်တစ်ခုမျှသာ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးအာဃာတနဲ့ ပြဌာန်းထားခဲ့တဲ့ ၅၉(စ)ကို အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအတွက် တည်ရှိနေသင့်တဲ့ ဥပဒေအဖြစ် အမြင်မှားနေကြသူတချို့လည်း ရှိနေပြန်တယ်။ အာဏာရှင်တို့ အလိုကျ ၂၀၀၈ အခြေခံဥပဒေကို ရေးခဲ့ကြတဲ့ လူတွေဟာ အမျိုးဘာသာသာသနာကို ထိန်းသိမ်းစောင့်ရှောက်ဖို့ စေတနာနဲ့ ၅၉(စ)ကို ထည့်သွင်းခဲ့တာလား၊ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်အောင် ဟန့်တားပိတ်ပင်ဖို့ ညစ်ပတ်တဲ့ ရည်ရွယ်ချက်နဲ့ ၅၉(စ)ကို ထည့်သွင်းခဲ့တာလား ဆိုတာ စဉ်းစားဥာဏ်ရှိသူတိုင်း သိထားပြီး ဖြစ်ပါတယ်။

ပုဒ်မ ၄၃၆ နှင့် ၅၉(စ) မပြင်ဆင်ရေး တန်ပြန် ဆန္ဒပြနေကြသူတွေဟာ အထက်မှာ ဖေါ်ပြခဲ့တဲ့ အုပ်စု နှစ်ခုစလုံးမှ လူတွေ ပါဝင်နေမှာ သေချာပါတယ်။ စစ်အာဏာရှင်တွေက သူတို့ဟာသူတို့ ညစ်ပတ်တဲ့အကြံနဲ့ ၅၉(စ)ကို ပြဌာန်းခဲ့တာကို အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအတွက် ရှိသင့်တဲ့ ဥပဒေအဖြစ် မှိုင်းတိုက်သူတွေ ရှိနေသလို မှိုင်းတိုက်ခံရသူတွေ ရှိနေတာလည်း အမှန်ပါပဲ။

(၅)

ဗုဒ္ဓမြတ်စွာ ပွင့်ပေါ်တော်မူလာခြင်းဟာ ဗုဒ္ဓကို ယုံကြည်ကြသူများအတွက်မျှသာ မဟုတ်ပါ။ ၃၁ ဘုံမှာ တည်ရှိကြတဲ့ သတ္တဝါဝေနေယျများအားလုံးအတွက် ပွင့်ပေါ်တော်မူလာခြင်း ဖြစ်ပါတယ်။ ဘုရားလောင်း အကိတ္တိရှင်ရသေ့ရဲ့ ဆုတောင်းများဟာ လူမျိုးမရွေး ဘာသာမရွေး အသားအရောင်မရွေး လူသားများအားလုံး အတုယူသင့်တဲ့ ဆုတောင်းများဖြစ်ပါတယ်။ အကိတ္တိရှင်ရသေ့ရဲ့ ဆုတောင်းများကို နမူနာယူပြီး ဤသို့ ဆုတောင်းစကား ဆိုချင်ပါတယ်……………


ဘဝဆက်တိုင်း အစွန်းမရောက်သူ ဖြစ်ရပါလို၏။ အစွန်းရောက်သူကို ဘဝဆက်တိုင်း မတွေ့မမြင်ရပါလို၏။ အစွန်းရောက်သူအကြောင်း ဘဝဆက်တိုင်း မကြားရပါလို၏။ အစွန်းရောက်သူနှင့် ဘဝဆက်တိုင်း မိတ်ဆွေမဖြစ်ရပါလို၏။ အစွန်းရောက်သူနှင့် ဘဝဆက်တိုင်း စကားမပြောရပါလို၏။ အစွန်းရောက်သူကို ဘဝဆက်တိုင်း မနှစ်သက်ရပါလို၏။


(မိုးမခမှ ကူးယူဖေါ်ပြပါသည်။)

(၃)ရက်နဲ့ တစ်ပတ်အတွင်း ၀က်ခြံ၊ အမာရွတ် ပျောက်နိုင်တဲ့နည်း

from

ဆယ်ကျော်သက်ရွယ်ကစလို့ ၊ သွေးဆုံး ပြီး နောက် ၃ – နှစ်ခန် တိုင်အောင် ဟော်မုန်းတွေ ပြောင်းလဲ မှု ကြောင့် အမျိုးသား၊ အမျိုးသမီး ၁၀ ဦးမှာ ပျမ်းမျှ အား ဖြင့် ၉.၉၉ ဦး ခန့်  အနည်း နဲ့ အများ ဆိုသလို ၀က်ခြံ မပေါက်ဖူး တဲ့ သူရယ် လို့ မရှိ ကြပါဘူး။ ကျန် ၀.၀၁ ဦး က တော့ ရှားပါးလွန်းတဲ့ အသားအရေ ကံထူးရှင် တွေလို့ ဆိုနိုင်ပါတယ်။ အသင့်အတင့် ၀က်ခြံ ပေါက်ပြီး နောက် ၃ – ရက် နဲ့ ၁ – ပတ် အတွင်းမှာ အမာရွတ်တွေ သူ့ အလိုလို ပျောက်သွား တတ်ပါတယ်။ ဒါပေမယ့် အချို့ အသား အရေ ပိုင်ရှင်တွေ မှာ တော့ ရုပ် အလှ ပျက် လောက်အောင် ၀က်ခြံအမာရွတ်တွေ စွဲကျန် နေရစ် ခဲ့ရှာတုန်းပါဘဲ။

အောက်ပါ ရိုးရှင်း လွယ်ကူတဲ့ အိမ်တွင်း ကုထုံးနည်းလမ်း ( ၅ ) သွယ်ထဲက တစ်ခုခု နဲ့  အဆင်ပြေသွားပြီ ဆိုရင် တော့ သင့်မျက်နှာ ပေါ် ၀က်ခြံ အမာရွတ် တွေကို ….. တာ့တာ လို့သာ ဆို လိုက် ပါ တော့ နော်။

( ၁ ) နံ့ သာဖြူမှုန့် နဲ့  နှင်းဆီ ရည်

နံ့ သာဖြူ မှုန့် နဲ့ နှင်းဆီရေ ကို ပျစ်ပျစ် ဖျော်စပ် ပြီး၊ အမာရွတ် ပေါ်တိုက် ရိုက် လိမ်းပေး ပါ။ အချိန် ၁ နာရီ ကျော် ထားပါ ( သို့ မဟုတ် ) တညလုံး လိမ်း အိပ်နိုင် ပါတယ်။ ပြီးရင် ရေအေး ဖြင့် မျ က်နှာ သစ် လိုက်ပါ။ အသား အရေအေးမြတဲ့ ခံစားမှု ကို ချက်ချင်း သိရမှာပါ။ အမာရွတ် တွေ သိ သိ သာသာ လျော့ပါး သက်သာ လာစေ ပါတယ်။

( Rosewater လို့ ခေါ်တဲ့ နှင်းဆီရေ ကို အလှကုန် ပစ္စည်း ဆိုင် တွေ မှာ ၀ယ်ယူ ရရှိ နိုင်ပါတယ် )

( ၂ ) သံလွင်ဆီ

သံလွင်ဆီ နဲ့ အမာရွတ် ကို နေ့ စဉ်လိမ်းပေး ကြည့်ပါနော်။ အစိုဓာတ် ထိန်းပေးနိုင်တဲ့ အစွမ်းသတ္တိပါရှိတဲ့ သံလွင်ဆီ အစွမ်း ကြောင့် အသား အရေ နူးညံ့ ချောမွတ်ကာ အမာရွတ် တွေ လ ည်း ပြေပျောက် သွား နိုင်ပြီပေါ့ရှင်။

( ၃ ) သခွားသီး

အသား အရေ ထိန်း အလှကုန် ပစ္စည်း တွေကို ဘာ့ကြောင့် သခွားသီး နဲ့ ဖော်စပ် ထုတ်လုပ် ထား ရ ပါသလဲ၊ အဖြေ ကတော့ ရှင်းရှင်း လေးပါ။ သခွား ရည်က အသားရေ ကို နူးညံ့ ချောမွေ့ေ အးမြ စေပြီး၊ ၀က်ခြံ အမာရွတ် တွေကို လည်း ပျောက်ကင်း သက်သာ စေလို့  ပါ ဘဲ။

( ၄ ) ရှားစောင်း လက်ပက်

ရှေးယခင် က စလို့  ရှားစောင်း လက်ပက် ပင်ရဲ့ ဂျယ်လီတွေ ကို အသား အရေ အတွက် အိမ် တွင်း သမားတော် အဖြစ် သုံးစွဲ လာခဲ့ ကြ ပါတယ်။ သူက မျက်နှာ အသား အရေ ကို ကျန်းမာ သိပ် သည်း ကြံ့ခိုင် စေပြီး တင်းတိပ်၊ ၀က်ခြံ နဲ့ ဝက်ခြံ ကြောင့် စွဲကျန်ရစ် တဲ့ အမာ ရွတ် တွေ ကို သက် သာ ပျောက်ကင်း စေတယ် နော်။

( ၅ ) ရေ

တစ်နေ့ကို သောက် ရေဖန်ခွက် ၈ – ခွက်စာထက်မနဲသောက်ဖြစ်အောင်သောက် ကြနော်။
 ရေသောက်ခြင်းက ခန္ဒာကိုယ် အရေ ပြား ရှိ အဆိပ် အတောက် များ ကို ဖယ်ရှား သန့်စင် စေပြီး၊ အရေပြား ဆဲလ် အသစ်များကို မွေးဖွား ပေးကာ၊ ၀က်ခြံ ကြောင့် ဖြစ်တဲ့ ဆဲလ်အသေတွေ ၊ အမာရွတ်တွေကို ဖယ်ရှား သန့် စင် စေပေးတယ် လေ။

Daily Health

Saturday, June 14, 2014

"တော်ကြပါပေတယ်"

လူဗိုလ်ဟူသည်မှကူးယူပါသည်

လူ ၄ယောက် စကားပြောနေကြရင်း သူတို့နိုင်ငံက ဆေးပညာတိုးတက်မှုတွေကို ကြွားနေကြသတဲ့။
ဂျပန်က ကြွားတယ်... ...
"ငါတို့နိုင်ငံမှာ လူတစ်ယောက်ရဲ့ မကောင်းတဲ့ကျောက်ကပ်ကို အပြင်ထုတ် ဆေးကြောသန့်စင်ပြီး သူ့ခန္ဓာကိုယ်ထဲ ပြန်ထည့်ပေးလိုက်တာ၊ ရက် ၄ ပတ်အတွင်း အဲဒီလူက အလုပ်လုပ်ဖို့ အလုပ်လိုက်ရှာနေပြီ"


အင်္ဂလိပ်က ကြွားတယ်... ...
"ငါတို့နိုင်ငံမှာ လူတစ်ယောက်ရဲ့ နှလုံးကို ဆွဲထုတ်ပြီး၊ နှလုံးအတုစက်ကို သူ့ခန္ဓာကိုယ်ထဲ ပြန်ထည့်ပေးလိုက်တာ၊ ရက် ၃ပတ်အတွင်း အဲဒီလူက အလုပ်လုပ်ဖို့ အလုပ်လိုက်ရှာနေပြီ"
အမေရိကန်က ကြွားတယ်... ...
"ငါတို့နိုင်ငံမှာ လူတစ်ယောက်ရဲ့ အသည်းကို ဆွဲထုတ်ပြီး၊ မကောင်းတဲ့အပိုင်းကိုဖယ်လို့ သူ့ခန္ဓာကိုယ်ထဲ ပြန်ထည့်ပေးလိုက်တာ၊ ရက် ၂ ပတ်အတွင်း အဲဒီလူက အလုပ်လုပ်ဖို့ အလုပ်လိုက်ရှာနေပြီ"
နောက်ဆုံး အသားညိုညို၊ မျက်နှာငယ်ငယ်နဲ့ လူကကြွားတယ်... ....
"ငါတို့နိုင်ငံမှာ လူတချို့ရဲ့ ဦးနှောက်တွေကို ထုတ်ပြီး၊ ပြန်ထည့်မပေးမိဘူးနဲ့ တူပါတယ်ကွာ၊ သူတို့ လူကြီးဖြစ်ပြီး၊ ရက် ၁ပတ်အတွင်းမှာ တစ်နိုင်ငံလုံး အလုပ်လိုက်ရှာနေရပြီ"
မှတ်ချက် ။ ။ နောက်ဆုံးလူ၏ နိုင်ငံအမည် ခန့်မှန်းခြင်း သည်းခံပါ၊ ကျနော်လည်း မသိပါ။
သန်၎ကို- ရမ်းဘာသာပြန်သည်။