Monday, August 11, 2014

ကိုရီးယား ကင်ချီ


ကင်ချီကို ကိုရီးယားမှာ လူကြိုက်အများဆုံး ဟင်းလျာလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ဟင်းရံအဖြစ်တွဲဖက်စားသုံးနိုင်သလို အဓိက ဟင်းလျာအဖြစ် စွတ်ပြုတ်၊ စတူး၊ ထမင်းကြော်များမှာပါ တွဲဖက် စားသုံး နိုင်ပါတယ်။ အဓိကအားဖြင့် ကင်ချီကို မုန်ညှင်း၊ မုန်လာဥနီ၊ ကြက်သွန်မြိတ်(သို့) သခွာသီးတို့နှင့် ချဉ်ဖတ်ပြုလုပ်ကြတာ များပါတယ်။ ကျန်းမာလေးနှင့်လည်း ညီညွတ်တဲ့အပြင် ကင်ချီလုပ်နည်းတွေ ထဲမှ အလွယ်ဆုံး လုပ်နည်းဖြင့် ပြုလုပ်ထားမို့ အလွယ်တကူ လုပ်စားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ချက်နည်းကို ကြည့်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ [Ingredients]
  • မုန့်ညှင်း                               ♦ ၁ထုပ် (အကြီး)
  • မုန်လာဥနီ [carrot]               ♦ ၂ဥ (အရှည်ပါးပါးလှီးပါ)
  • ဆား [salt]                         ♦ စားပွဲတင်ဇွန်း ၂ဇွန်း
  • ငရုတ်သီးမှုန့် [hot pepper flakes]      ♦ စားပွဲတင်ဇွန်း ၅ဇွန်း

  • ငါးငံပြာရည် [fish sauce]        ♦ စားပွဲတင်ဇွန်း ၄ဇွန်း
  • သကြား [sugar]                   ♦ စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • ကြက်သွန်ဖြူ [garlic]             ♦ ၆ခု (နှုတ်နှုတ်စဉ်းထားပါ)
  • ကြက်သွန်မြိတ် (သို့) သခွာသီး   ♦ ၁စည်း ( အစောင်းပါးပါးလှီးပါ) [ထည့်လိုက ထည့်နိုင်သည်]
ကင်ချီလုပ်နည်း [Kimchi Recipes]
၁။ ဂေါ်ဖီကို ၁လက်မခွဲအရွယ်လေးများ ဓားဖြင့် စိတ်ပိုင်းလိုက်ပါ။
၂။ ပြီးလျှင် စတီဇလုံတစ်ခုထဲ ထည့်၍ ရေအေး၊ ဆားထည့်၍ ၁၀မိနစ်ခန့် စိမ်ထားပါ။ ပြီလျှင် မုန့်ညှင်းများကို ရေဖြင့် သေချာ ပြန်ဆေးပြီ ရေပြန်စစ်ထားပေးပါ။

၃။ ကင်ချီအနှစ်ကို ပြုလုပ်ပါမည်။ ကင်ချီအနှစ်အတွက် စတီဇလုံထဲသို့ (မုန်လာဥနီ၊ ငရုတ်သီးမှုန့်၊ သကြား၊ ငါးငံပြာရည်၊ ကြက်သွန်ဖြူ) တို့ကို ထည့်၍ လက်ဖြင့် သမအောင် ရောနုယ်လိုက်ပါ။

၎။ ထို့နောက် ကင်ချီအနှစ်ဖြင့် ထည့်ထားသော ဇလုံထဲသို့ မုန်ညှင်းများကို ရောနုယ်လိုက်ပါ။


၅။ ပြီနောက် ကင်ချီများကို ပလတ်စတစ်ဗူး(သို့) အိတ် ထဲသို့ ထည့်ပြီ အဖုံးကို လုံအောင် ပိတ်ထားလိုက်ပါ။

၆။ ထို့နောက် ရေခဲသေတ္တာထဲ ထည့်၍ ၁ပတ်ခန့်သိပ်ပေးပြီ အချဉ်နံ့ထွက်လာပါက ကင်ချီကို ကြိုက်နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ…

Sunday, August 3, 2014

အမျိုးသမီးတစ်ယောက်ရဲ့ တန်ဖိုး



တစ်ခါတုန်း ကပေါ့ ဘုရားသခင်က လူသား မိန်းမကို ဖန်ဆင်းနေတဲ့ အချိန်ကာလ အတွင်း ၆ ရက်မြောက် နေ့မှာ နတ်သမီး တစ်ပါး ရောက်လာ ပါတယ်။ ပြီးတော့ ဘုရားသခင်ကို မေးတယ်..

“ ဒီတစ်ခု လေးကို ဘုရားသခင်က ဘာလို့အချိန် အများကြီး ယူပြီး ဖန်ဆင်း နေရတာလဲ ”

ဘုရားသခင်က နတ်သမီးကို ကြည်ပြီး ပြောတယ်..

“ အခု ဖန်တီးနေတဲ့ လူသား မိန်းမရဲ့ အစိတ် ပိုင်းတွေကို တွေ့လား ” 

နတ်သမီးက ဖန်တီးလက်စ လူသား မိန်းမကို သေသေချာချာ ကြည့် လိုက်တယ်..

ဘုရားသခင်က ဆက်ပြောတယ်.. သူ ဖန်တီးပြီး ဖြစ်တဲ့ လူသား မိန်းမရဲ့ လက်နှစ်ချေင်းကို ညွှန်ပြ လိုက်ပြီး.. 

“ ဒီလက်နှစ်ချောင်းနဲ့ သူမဟာ ခန္ဓာကိုယ်ပေါ်က အ၀တ်တွေကို လျှော် ဖွပ်နိုင်တယ် အိမ်ထဲမှာ ရှိတဲ့ ပစ္စည်း အမျိုး ၂၀၀ လောက်ကိုလည်း ဟိုရွှေ့ ဒီရွေ့ပြောင်းနိုင်တယ် အရသာ ထူးကဲတဲ့ အစားအသောက် တွေကိုလည်း ချက်ပြုတ် ပြင်ဆင် ပေးနိုင်တယ် ဒါ့အပြင် ကလေးငယ်တွေ ကိုလည်း ချီမပြုစု ပေးနိုင်သေး တယ် အဲဒီ လက်နှစ်ဖက်နဲ့ပဲ ဒူးနာတာက အစ လူတစ်ဖက်သား အသည်းကွဲတာ အဆုံး သူ ပျောက်ကင်း အောင် စွမ်းဆောင် ပေးနိုင်တယ် နတ်သမီး ”

ဘုရားသခင်ရဲ့ စကားကြောင့် နတ်သမီးက လူသား မိန်းမကို အထင် ကြီးသွားတယ် ပြီးတော့ ဘုရား သခင်ကို ထပ်မေးတယ်..

“ ဒါဟာ လူသား မိန်းမရဲ့ ပုံသဏ္ဍန် အပြည့်အစုံ ပဲလား ဘုရားသခင် ” 

“ ဒီနေ့တော့ သူမကို ဖန်တီး၇တာတွေ များနေပြီ မနက်ဖြန် တစ်ချက် ကြည့်ပါဦး အဲဒီအခါ ပြီးပြည့်စုံတဲ့ လူသားမိန်းမ ပုံစံကို တွေ့ရပါလိမ့်မယ် ”

နောက်တစ်နေ့ကျတော့ နတ်သမီးက ဘုရားသခင်ဆီ ရောက်လာပြန်တယ် ဘုရားသခင်က ပြောတယ်..

“ ဒီနေ့တော့ လူသားမိန်းမရဲ့ ပုံစံဟာ ပြီးသင့်သလောက်တော့ ပြီးနေပါပြီ ဖန်ဆင်းခဲ့ သမျှထဲမှာ လူသား မိန်းမကို ဖန်ဆင်းရတာ အနှစ်သက်ဆုံးပါပဲ ”

“ ဘာလို့ပါလဲ ဘုရားသခင် ” နတ်သမီးက မေးတယ်..

“ နေထိုင်မကောင်းဖြစ်တဲ့ အချိန်မှာ ဆို လူသားမိန်းမဟာ သူမ ဘာသာသူမ ပြုစုစောင့်ရှောက် တတ်တယ် သူတစ်ပါး နေမကောင်းရင်လည်း ပြုစုစောင့်ရှောက်ေ ပးတတ်တယ် တစ်နေ့မှာ သူမဟာ ၁၈ နာရီလောက် အလုပ်လုပ်နိုင်စွမ်း ရှိတယ် ”

နတ်သမီးက ဘုရားသခင်ရဲ့ စကားကို နားထောင်ရင်း လူသားမိန်းမ အနီးကို တိုးကပ်သွားတယ် ပြီးတော့ လူသားမိန်းမကို တို့ထိကြည့် လိုက်တယ်..

“ နူးညံ့လိုက်တာ ” 

“ ဟုတ်တယ် နူးညံတယ် ဒါပေမယ့် စိတ်ထားကိုတော့ သန်မာအောင်လို့ ဖန်ဆင်းထားတယ် အခက် အခဲတွေ အတားအဆီးတွေကို ကျော်လွှားနိုင်အောင်လည်း ဖန်ဆင်းထားတယ် ”

“ သူမက တွေးခေါ်တတ်လို့လား ” နတ်သမီးက ထပ်မေးလိုက်တယ် 

“ တွေးတတ်ယုံတင် မကပါဘူး အကျိုးအကြောင်း ဆီလျှော်အောင် စဉ်းစားနိုင်ပြီး ညှိညှိနှိုင်းနှိုင်းလည်း လုပ်တတ်သေးတယ် ” 

နတ်သမီးက ဘုရားသခင် ဖန်တီးလက်စ လူသားမိန်းမ ပါးပြင်ကို လက်နဲ့ ထိလိုက်တယ်.. 

“ ဟင် ဒီမှာ အရည်တွေ စိမ့်ကျနေပါလား ဖန်ဆင်းထားတာ များလို့များ လူသားမိန်းမမှာ ၀န်ထုပ်ဝန်ပိုး ဖြစ်နေတာလား ” 

“ အဲဒါကို မျက်ရည်လို့ ခေါ်တယ် နတ်သမီး ” 

“ ဟင် .. ဘာအတွက်လဲ ” 

“ သူမရဲ့ဘ၀မှာ တွေ့ကြုံလာရတဲ့ ကြေကွဲမှု ၀မ်းနည်းမှု အမုန်းတရားနဲ့ ချစ်ခြင်းတရားတွေ အထီးကျန်မှုနဲ့ နာကျင်မှုတွေ ဂုဏ်ယူမှုတွေ ပျော်ရွှင်မှုတွေ စတဲ့ စိတ်ခံစားမှုတွေကို ဖော်ပြဖို့အတွက်ပါ ” 

နတ်သမီးဟာ လူသားမိန်းမကို အရမ်း အထင်ကြီးသွားတယ် ပြီးတော့ လူသား မိန်းမကိုပြောတယ်.. 

“ သင်ဟာ သိပ်ကို ကြီးကျယ် မြင့်မြတ်လှတဲ့ လူသားမိန်းမပါပဲ ဘုရားသခင် သင်ဟာအရာရာကို စဉ်းစား ချင့်ချိန်ပြီး တွေးတွေးဆဆ စွမ်းဆောင်နိုင်တယ် အခု သင်ဖန်ဆင်းထားတဲ့ လူသား မိန်းမကလည်း ကမ္ဘာလောကကြီး အတွက် ထူးခြားပြီး မရှိမဖြစ် အလိုအပ်ဆုံး ဖြစ်လာပါလိမ့်မယ် ” လို့ ဆိုလိုက်တယ်

ဘုရားသခင်က ပြုံးပြီးပြန်ပြောတယ် 

“ ဟုတ်တယ် လူသားမိန်းမက ကမ္ဘာကြီးအတွက် တကယ့် လိုအပ်မှုတစ်ခုပါ သူမမှာ လူသားယောက်ျား တွေ အံ့သြသွားစေမယ့် ခွန်အားနဲ့ သတ္တိတွေ ရှိတယ် မိသားစုရဲ့ ၀န်ထုပ်ဝန်ပိုး တွေကိုလည်း ဖြေရှင်းနိုင် စွမ်းရှိတယ် သူမကြောင့် ပျော်ရွှင်ခြင်းတွေ ချစ်ခြင်းတရားတွေနဲ့ အတွေးအခေါ်သစ်တွေ ဖြစ်ပေါ်လာနိုင် တယ် နောက်ဆုံး သူမကြောက်ရွံ့ နေတာတောင်မှ သူမမှာ ပြုံးပြနိုင်တဲ့ အစွမ်းရှိတယ် ”

“ အဲ့လောက်တောင် ပဲလား ” 

“ ဒါတင်မကသေးဘူး ငိုကြွေးရမယ့် ဒုက္ခတွေ ခါးဆီးခံရမယ့် အချိန်မှာ သူမ သီချင်းဆိုနိုင်တယ် ပျော်ရွှင် ရယ်မောတဲ့ အချိန်မှာလည်း သီချင်းဆိုတယ် ကြောက်ရွံ့ထိတ်လန့် နေချိန်မှာလည်း သီချင်းဆိုတယ် ” 

“ အိုး ... ” 

“ သူမ မိသားစုအတွက် သူမယုံကြည်ရာကို ပြုလုပ်နိုင်သလို မိသားစုအတွက် သူမဟာ အဓိက ဇာတ်ကောင် အဖြစ် ခံယူထားပြီး မိသားစု ငြိမ်းချမ်း တည်ငြိမ် အောင်မြင်အောင် သူမအပေါ် မူတည်နေ တယ်လို့လည်း ခံယူထားတယ် သူမရဲ့နှလုံးသားဟာ ပုံသဏ္ဍန် အမှန်မရှိဘူး ”

“ သူမရဲ့သားသမီးတွေ အောင်မြင်နေတာ ကြည်ပြီး ကြည်နူး မျက်ရည်တွေလည်း ကျနေတတ်တယ် သားသမီးအတွက် ၀မ်းနည်းတာဖြစ်စေ ၀မ်းသာတာဖြစ်စေ မျက်ရည် ကျတတ်သေးတယ် တခါတခါ ပီတိအပြုံးနဲ့ ဂုဏ်ယူနေတတ် သေးတယ် ” 

နတ်သမီးက ဘုရားသခင် စကားနားထောင်ရင်း လူသားမိန်းမကို သဘောကျနေခဲ့တယ် ဘုရားသခင်က နောက်ထပ် ဆက်ရှင်းပြတယ်... 

“ သူမ နှလုံးသားဟာ ဆွေမျိုး မိသားစုထဲက တစ်ယောက်ယောက် ဒါမှမဟုတ် သူငယ်ချင်း တစ်ယောက် ယောက် ဆုံးတယ် သတင်းကြားရင် ကြေကွဲထိခိုက် တတ်တယ် ဒါပေမယ့် အဲဒီကြေကွဲမှု တွေကိုပဲ ဘ၀အတွက် လိုအပ်တဲ့ ခွန်အားအဖြစ် ပြောင်းလဲ ယူနိုင်စွမ်းလည်း ရှိတယ် ”

“ သူတပါးအတွက် အနမ်းရယ် ယုယနွေးထွေးတဲ့ ဆက်ဆံခြင်းတွေက အသည်းကွဲခြင်းကို ကုစားပေးနိုင် တယ် ဆိုတာလည်း သူမက သိသေးတယ် ”

ဘုရားသခင်က နောက်ဆုံး နတ်သမီးကို စကား တစ်ခွန်းပြောတယ်.. 

“ ဒါပေမယ့် လူသားမိန်းမမှာ ချို့ယွင်းချက် တစ်ခုရှိတယ် ” 

“ ဘယ်လို .. ” “ ဘယ်လို ချို့ယွင်းချက်လဲ ဒီလောက် ပြည့်စုံနေတာကို ”

“ သူမဟာ သူမရဲ့ အဲဒီလို တန်ဖိုးရှိနေမှု တွေကို မေ့နေတတ်တယ် ” 

“ ဟင် .. ” 

“ နောက်ပြီး ကမ္ဘာပေါ်မှာ သူမဟာ အဖိုးတန်ဆုံး လူသား တစ်ယောက်ပါလား ဆိုတာကိုလည်း အမြဲတမ်း မေ့နေတတ်တယ် ”

အမျိုးသမီးတိုင်း မိမိ ရရှိနေတဲ့ ဘ၀ကို တန်ဖိုးထားပြီး ဂုဏ်ယူနိုင်ကြပါစေ။


The creatures of women အား ဆီလျှော်သလို ဘာသာပြန်သည်။

သက်တန့်ချို
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

Friday, August 1, 2014

" ကျွန်တော်တို့ လူမျိုးက ပုခုံးမတွန့်တတ်ကြပါ "


" ကျွန်တော်တို့ လူမျိုးက ပုခုံးမတွန့်တတ်ကြပါ "

" ကျွန်တော်တို့ လူမျိုးက ပုခုံးမတွန့်တတ်ကြပါ " ( 11.7.2013 , Voice daily )

. . . . . . . ကျွန်တော်က လူမျိုးခြား Foreigner တစ်ယောက်ကို မေးခဲ့တယ် . . လွန်ခဲ့တဲ့ ၄ နှစ် ၅ နှစ် တစ်ရက်က . . ကျွန်တော်တို့ လူမျိုးကို ခင်ဗျားရဲ့ အတွေ့အကြုံ ဗဟုသုတ များအပေါ် အခြေခံပြီး မှတ်ချက်ပေးစမ်းပါလို့ . . . သူက ကောင်းတာတွေလဲ ရှိပါတယ်ဆိုပြီး ပုခုံးတွန့်ပြတယ် . . ပြောပါ ပြောသာပြော ၅ နှစ်အထက်တွေ သတ်ပစ်ဆိုတာမျိုးအထိ ခင်ဗျားမှန်တယ်ထင်တာပြောဗျာ . . ကျွန်တော်နားထောင်မှာပါ . . ဆိုမှ

. . . . . . . ခင်ဗျားတို့လူမျိုးက တော်တယ် ၊ ဒါ လူမျိုးတိုင်းကို ပြောလို့မရတဲ့ ကောင်းကွက်တစ်ခုပေါ့ . . . ဥပမာ .. ဂျူးတွေ ညဏ်ရည်မြင့်တယ် ဆိုတာမျိုးပေါ့ . . . ခင်ဗျားတို့လူမျိုးကို ညံ့တယ်လို့ပြောတာမျိုး ကျွန်တော် သိပ်မတွေ့ဘူးဘူး။

. . . . . . . နောက်တစ်ခုက သဘောကောင်းတယ် ၊ ဖော်ရွေတယ် ၊ ခင်မင်တတ်တယ် ဆိုတာမျိုးပေါ့ . . မှန်သလောက် မှန်ပါတယ် . . တခြားလူမျိုးများထက်သာပါတယ်။

. . . . . . . ဘာသာတရား ကိုင်းရှိုင်းတဲ့အတွက် အများစုက စိတ်နှလုံး နှစ်လိုဖွယ်ရာရှိတယ်။

. . . . . . . နောက် .. သိပ် မသိကြတာက ခင်ဗျားတို့က မျိုးနဲ့ ရိုးနဲ့ စစ်တိုက်တော်တဲ့ လူမျိုးပဲ။ ခင်ဗျားတို့ လူဦးရေ မများခဲ့လို့ .. မဟုတ်ရင် ခင်ဗျားတို့ဟာ ပြောစမှတ်တွင်လောက်တဲ့ အင်ပါယာတစ်ခုကို ကောင်းကောင်းထူထောင်နိုင်မှာပဲ။

. . . . . . ကောင်းပြီ .. ခင်ဗျားတို့မှာ အဆိုးဆုံး အချက်က တခြားအာရှသားတွေလိုပဲ .. မနာလို မရှုစိမ့်မှုသိပ်ကြီးတဲ့ကိစ္စပဲ .. ခင်ဗျားတို့က တခြားအာရှသားတွေထက် ပိုဆိုးတယ်လို့ ကျွန်တော်ထင်တယ်။ ခင်ဗျားတို့ အချင်းချင်းကြားထဲမှာဒါဟာ သိပ်ကြီးမားကျယ်ပြန့်တယ်။ ကျွန်တော်တို့လို အပြင်လူတွေအတွက် မသိသာဘူး။ ဒါဟာ ခင်ဗျားတို့အတွက် ကောင်းတဲ့ကိစ္စမဟုတ်ဘူး။ အံ့သြစရာကောင်းတာက ခင်ဗျားတို့လူမျိုး ပညာတတ် ၊ အဆင့်မြင့်တွေ ကြားထဲမှာပါ ဒီလိုသဘောထား မသေးတာတွေ့ရတာပဲ။

. . . . . . . ဒုတိယ .. ခင်ဗျားတို့ မညီညွတ်ကြဘူး . . သမိုင်းစဉ်ထဲက ညီညွတ်ခြင်းကလဲ အချိန် နေရာ အရ လိုအပ်ချက်ကွက်လပ်ပေါ်လာလို့ ညီညွတ်သွားခြင်းမျိုးပဲ . . Intentionally, စိတ်ပါလက်ပါ ရည်ရွယ်ချက်ရှိရှိ ညီညွတ်ခြင်းမျိုး မဟုတ်ဘူး . . ညီညွတ်ခြင်း အကြောင်းကိုတောင် သေချာနားမလည်သေးတာမျိုးပဲ . . ကျွန်တော် စိတ်မကောင်းပါဘူး။

. . . . . . . အတွင်းကျကျ ကြည့်မြင်မယ်ဆိုရင် ခင်ဗျားတို့ အများစုက "အဆိုးမြင်စိတ်" ကဲတယ် .. ဒါကတော့ ခင်ဗျားတို့ ဖြတ်သန်းခဲ့ရ၊ ဖြတ်သန်းနေရတဲ့ သမိုင်းနဲ့လဲ ဆိုင်နိုင်ပါတယ်။

. . . . . . . နောက်အရေးပါမယ်လို့ ကျွန်တော်ထင်တာတစ်ခုကတော့ ခင်ဗျားတို့တွေက နည်းနည်း over confidence ဖြစ်နေသလားလို့ . . ခင်ဗျားတို့မှာ ဆရာက များပြီး တပည့်ရှားနေတာမျိုး ကျွန်တော် ခဏခဏ တွေ့ရတယ် . . နောက်လိုက်ကောင်းလည်း မလုပ်ချင်ဘူး . . အားလုံးလိုလိုက ကိုယ်ပဲတတ်တယ်လို့ထင်ကြတယ် . . . ကျွန်တော့်အမြင်မှားနိုင်တယ်နော်။

. . . . . . . နောက်ဆုံးကတော့ ခင်ဗျားတို့ သမိုင်းကြောင်းအရ လက်ဝဲ အယူအဆ အားကောင်းမောင်းသန်ရှိတုန်းပဲလို့ ကျွန်တော်ထင်တယ် . . အပေါ်ယံကို မဆိုလို ၊ အတွင်းသားကိုသာ ဆိုလိုပါတယ်၊ .. ဥပမာ . . ညှိနှိုင်းတာမျိုး အားနည်းတယ်၊ စိတ်လဲသိပ်ဝင်စားပုံမရဘူး၊ ငါအမှန်ဆို သူအမှားပဲ ဆိုတာမျိုး၊ ရန်သူကို ချေမှုန်းရမယ် ဆိုတာမျိုး၊ ငါနဲ့မတူ ရန်သူ ဆိုတာမျိုး ... ခင်ဗျား မြင်မှာပါ . . . win win situation ဆိုတာမျိုးကို သိပ်ပြီးနားမလည်နိုင်ကြဘူး . . . ။

. . . . . . . ကျွန်တော်က ဗမာ လူမျိုးတစ်ခုတည်းကိုပဲ ရည်ညွှန်းတာနော် ၊ OK , anymore ?

. . . . . . . သိပ်ကောင်းပါတယ်ဗျာ . . . ခင်ဗျားကို ကျေးဇူးလဲတင်ပါတယ်လို့ ပြောတဲ့အချိန်မှာ ကျွန်တော့် ပုခုံးက တွန့် တွန့် သွားရောဗျာ . . . . . ။

(ယက္ခ)ရဲကြီး ။ ၂၇.၆.၂၀၁၃ ။ ( 11.7.2013 , Voice daily )
 >> https://www.facebook.com/yekkha.yejee
 ( 11.7.2013 , Voice daily )

. . . . . . . ကျွန်တော်က လူမျိုးခြား Foreigner တစ်ယောက်ကို မေးခဲ့တယ် . . လွန်ခဲ့တဲ့ ၄ နှစ် ၅ နှစ် တစ်ရက်က . . ကျွန်တော်တို့ လူမျိုးကို ခင်ဗျားရဲ့ အတွေ့အကြုံ ဗဟုသုတ များအပေါ် အခြေခံပြီး မှတ်ချက်ပေးစမ်းပါလို့ . . . သူက ကောင်းတာတွေလဲ ရှိပါတယ်ဆိုပြီး ပုခုံးတွန့်ပြတယ် .

. ပြောပါ ပြောသာပြော ၅ နှစ်အထက်တွေ သတ်ပစ်ဆိုတာမျိုးအထိ ခင်ဗျားမှန်တယ်ထင်တာပြောဗျာ . . ကျွန်တော်နားထောင်မှာပါ . . ဆိုမှ

. . . . . . . ခင်ဗျားတို့လူမျိုးက တော်တယ် ၊ ဒါ လူမျိုးတိုင်းကို ပြောလို့မရတဲ့ ကောင်းကွက်တစ်ခုပေါ့ . . . ဥပမာ .. ဂျူးတွေ ညဏ်ရည်မြင့်တယ် ဆိုတာမျိုးပေါ့ . . . ခင်ဗျားတို့လူမျိုးကို ညံ့တယ်လို့ပြောတာမျိုး ကျွန်တော် သိပ်မတွေ့ဘူးဘူး။

. . . . . . . နောက်တစ်ခုက သဘောကောင်းတယ် ၊ ဖော်ရွေတယ် ၊ ခင်မင်တတ်တယ် ဆိုတာမျိုးပေါ့ . . မှန်သလောက် မှန်ပါတယ် . . တခြားလူမျိုးများထက်သာပါတယ်။

. . . . . . . ဘာသာတရား ကိုင်းရှိုင်းတဲ့အတွက် အများစုက စိတ်နှလုံး နှစ်လိုဖွယ်ရာရှိတယ်။

. . . . . . . နောက် .. သိပ် မသိကြတာက ခင်ဗျားတို့က မျိုးနဲ့ ရိုးနဲ့ စစ်တိုက်တော်တဲ့ လူမျိုးပဲ။ ခင်ဗျားတို့ လူဦးရေ မများခဲ့လို့ .. မဟုတ်ရင် ခင်ဗျားတို့ဟာ ပြောစမှတ်တွင်လောက်တဲ့ အင်ပါယာတစ်ခုကို ကောင်းကောင်းထူထောင်နိုင်မှာပဲ။

. . . . . . ကောင်းပြီ .. ခင်ဗျားတို့မှာ အဆိုးဆုံး အချက်က တခြားအာရှသားတွေလိုပဲ .. မနာလို မရှုစိမ့်မှုသိပ်ကြီးတဲ့ကိစ္စပဲ .. ခင်ဗျားတို့က တခြားအာရှသားတွေထက် ပိုဆိုးတယ်လို့ ကျွန်တော်ထင်တယ်။ ခင်ဗျားတို့ အချင်းချင်းကြားထဲမှာဒါဟာ သိပ်ကြီးမားကျယ်ပြန့်တယ်။ ကျွန်တော်တို့လို အပြင်လူတွေအတွက် မသိသာဘူး။ ဒါဟာ ခင်ဗျားတို့အတွက် ကောင်းတဲ့ကိစ္စမဟုတ်ဘူး။ အံ့သြစရာကောင်းတာက ခင်ဗျားတို့လူမျိုး ပညာတတ် ၊ အဆင့်မြင့်တွေ ကြားထဲမှာပါ ဒီလိုသဘောထား မသေးတာတွေ့ရတာပဲ။

. . . . . . . ဒုတိယ .. ခင်ဗျားတို့ မညီညွတ်ကြဘူး . . သမိုင်းစဉ်ထဲက ညီညွတ်ခြင်းကလဲ အချိန် နေရာ အရ လိုအပ်ချက်ကွက်လပ်ပေါ်လာလို့ ညီညွတ်သွားခြင်းမျိုးပဲ . . Intentionally, စိတ်ပါလက်ပါ ရည်ရွယ်ချက်ရှိရှိ ညီညွတ်ခြင်းမျိုး မဟုတ်ဘူး . . ညီညွတ်ခြင်း အကြောင်းကိုတောင် သေချာနားမလည်သေးတာမျိုးပဲ . . ကျွန်တော် စိတ်မကောင်းပါဘူး။

. . . . . . . အတွင်းကျကျ ကြည့်မြင်မယ်ဆိုရင် ခင်ဗျားတို့ အများစုက "အဆိုးမြင်စိတ်" ကဲတယ် .. ဒါကတော့ ခင်ဗျားတို့ ဖြတ်သန်းခဲ့ရ၊ ဖြတ်သန်းနေရတဲ့ သမိုင်းနဲ့လဲ ဆိုင်နိုင်ပါတယ်။

. . . . . . . နောက်အရေးပါမယ်လို့ ကျွန်တော်ထင်တာတစ်ခုကတော့ ခင်ဗျားတို့တွေက နည်းနည်း over confidence ဖြစ်နေသလားလို့ . . ခင်ဗျားတို့မှာ ဆရာက များပြီး တပည့်ရှားနေတာမျိုး ကျွန်တော် ခဏခဏ တွေ့ရတယ် . . နောက်လိုက်ကောင်းလည်း မလုပ်ချင်ဘူး . . အားလုံးလိုလိုက ကိုယ်ပဲတတ်တယ်လို့ထင်ကြတယ် . . . ကျွန်တော့်အမြင်မှားနိုင်တယ်နော်။

. . . . . . . နောက်ဆုံးကတော့ ခင်ဗျားတို့ သမိုင်းကြောင်းအရ လက်ဝဲ အယူအဆ အားကောင်းမောင်းသန်ရှိတုန်းပဲလို့ ကျွန်တော်ထင်တယ် . . အပေါ်ယံကို မဆိုလို ၊ အတွင်းသားကိုသာ ဆိုလိုပါတယ်၊ .. ဥပမာ . . ညှိနှိုင်းတာမျိုး အားနည်းတယ်၊ စိတ်လဲသိပ်ဝင်စားပုံမရဘူး၊ ငါအမှန်ဆို သူအမှားပဲ ဆိုတာမျိုး၊ ရန်သူကို ချေမှုန်းရမယ် ဆိုတာမျိုး၊ ငါနဲ့မတူ ရန်သူ ဆိုတာမျိုး ... ခင်ဗျား မြင်မှာပါ . . . win win situation ဆိုတာမျိုးကို သိပ်ပြီးနားမလည်နိုင်ကြဘူး . . . ။

. . . . . . . ကျွန်တော်က ဗမာ လူမျိုးတစ်ခုတည်းကိုပဲ ရည်ညွှန်းတာနော် ၊ OK , anymore ?

. . . . . . . သိပ်ကောင်းပါတယ်ဗျာ . . . ခင်ဗျားကို ကျေးဇူးလဲတင်ပါတယ်လို့ ပြောတဲ့အချိန်မှာ ကျွန်တော့် ပုခုံးက တွန့် တွန့် သွားရောဗျာ . . . . . ။

(ယက္ခ)ရဲကြီး ။ ၂၇.၆.၂၀၁၃ ။ ( 11.7.2013 , Voice daily )
>> https://www.facebook.com/yekkha.yejee

Friday, July 25, 2014

သစ်သီး၊ သစ်ရွက်များကို အန္တရာယ်မဖြစ်အောင် စားနည်း



ပန်းသီးစားခါနီး သတိထားကြပါ။ ကုန်တိုက်၊ စူပါမားက...က်နှင့် ဈေးဆိုင်တို့မှာ ရောင်းချနေတဲ့ ပန်းသီးနှင့် အခြားအသီးများမှာ ရေရှည်ထားခံအောင်နှင့် အအေးခံနိုင်အောင် ဖယောင်းသုတ်ထားတတ်ကြပါတယ်။ Becox wax ကို သုတ်လိမ်းထားပြီး ဘတ်တီးရီးယားပိုးများ မ၀င်အောင်၊ ခြောက်သွေ့ခြင်းလည်း မဖြစ်ပေါ်အောင် လုပ်ထားကြပါတယ်။
အခွံခွါပြီး စားသူများအတွက် ဘာမှမဖြစ်ပေမယ့် အခွံမခွါပဲ ကိုက်စားတတ်သူများအတွက် အလွန်အန္တရာယ်ကြီးပါတယ်။
ဒါ့ကြောင့် ပုံမှာ မြင်ရတဲ့အတိုင်း အခွံကို ရေဆေးထားတဲ့ ဓါးအသန့်နှင့် ဖယောင်းများကို အရင် ခြစ်ထုတ်လိုက်ပြီး ရေထပ်ဆေးကာ စားကြဖို့ ကျန်းမာရေးစာမျက်နှာများမှာ တိုက်တွန်းထားပါတယ်။
နောက်တစ်ခုကတော့ ဈေးက၀ယ်လာတဲ့ သစ်သီးသစ်ရွက်တွေကို ရေအရင်ဆေးပြီးမှသာ ချက်ပြုတ်စားသောက်ကြဖို့ပါ။
ဒီခေတ်မှာတော့ အသီးအရွက်များဟာ ပိုးသတ်ဆေးနှင့် ရေရှည်အထားခံအောင် ဆေးဖြန်းထားတဲ့ အသီးအရွက်များဟာ အလွန်ကို များပြားနေပါတယ်။
ဒါ့ကြောင့် ဈေးက၀ယ်လာပြီးတာနဲ့ မလှီးမဖြတ်မီ ရေဇလုံထဲထည့်ပြီး ရေအရင်ဆေးလိုက်ပါ။ လှီးဖြတ်ပြီးရင်လည်း မချက်မီ ရေဇလုံထဲကို ရှာလကာရည် ၂ဇွန်း၊ ၃ ဇွန်းခန့်ထည်ပြီး ခဏလောက် စိမ်ထားလိုက်ပါ။ ပြီးမှ ရေပြန်ဆေးကျောသန့်စင်ပြီး ချက်ပြုတ်စားသောက်ပါက အန္တရာယ်ကင်းရှင်းပြီး ရောဂါလည်း မဖြစ်နိုင်တော့ပါဘူး။
အသက်ကိုဉာဏ်စောင့်ဆိုသည့်အတိုင်း ဉာဏ်နှင့်ယှဉ်ပြီး အန္တရာယ်ကင်းစွာ စားသောက်နိုင်ကြစေဖို့ မေတ္တာဖြင့် မျှဝေပေးလိုက်ပါသည်။
စောနွဲ့ နေဆိုင် (တိုင်းခမ်းတီ)
ကိုးကား။ ။ Cleaning Fresh Fruit and Veggies with a Homemade Veggie Wash
Credit to ကျန်းမာရေးသတင်းများ
သင့်မိတ်ဆွေများကိုလည်း ပြန်လည်မျှဝေပေးဖို့ မမေ့နဲ့နော်။
--------
လူတိုင်းအတွက် အရေးကြီးနေသော ကျန်းမာရေးသတင်းများနှင့် မှတ်သားဖွယ်ဗဟုသုတများကို အမြဲတင်ပေးနေတဲ့ ဒီ Page လေးကို Like လုပ်ထားပါက နေ့စဉ် Post ကောင်းကောင်းများကို ဖတ်ရှုရပါမည်။
www.facebook.com/pages/New-Harmony/475499862558428
--------

Wednesday, July 23, 2014

ပူစီနံရွက်ရဲ့ ကျန်းမာရေး အာနိသင်

ပူစီနံရွက်ရဲ့ ကျန်းမာရေး အာနိသင်

ပူစီနံရွက်ဟာ ပရုတ်အုပ်စုဝင် အပင် တစ်မျိုးဖြစ်ပြီး အနံ့သင်းပျံ့မှု၊ နွေးထွေး စေမှုနဲ့ အနည်းငယ် ခါးသက်တဲ့ အရသာ ရှိပါတယ်။

အခြားဟင်း ချက်စရာ အရွက်တွေနဲ့ မတူတာက ပူစီနံကို ဟင်းခတ် အမွှေးအကြိုင် အပြင် ဆေးအဖြစ်လည်း အသုံးပြုလို့ ရပါတယ်။

၁။ ဘက်တီးရီးယားနဲ့ မှိုပိုးတွေကို သေစေပါတယ်။ နောက်ပြီး ကပ်ပါးပိုးကြောင့် ဖြစ်တဲ့ ယောနိ ရောင်ရမ်းခြင်း၊ ပါးစပ်အနာပေါက်ခြင်း တွေကို သက်သာ စေပါတယ်။

၂။ဓာတ်တိုး ဆန့်ကျင် ပစ္စည်းတွေ ပါဝင်တဲ့အတွက် အိုမင်းရင့်ရော်ခြင်း ကနေ ကာကွယ် ပေးပါတယ်။

၃။ ဗီတာမင်အေ၊ သံဓာတ်နဲ့ မက်ဂနီ ဆီယမ်တွေကြွယ်ဝစွာ ပါဝင်တဲ့အ တွက် ခုခံအား စနစ်ကို မြှင့်တင် ပေးနိုင်ပါတယ်။

၎။ဗီတာမင်စီဓာတ် ပါဝင်မှုများတဲ့ အတွက် သွားဖုံးနာခြင်း၊ သွေးထွက်ခြင်း၊ သွားဖုံး ပြည်တည်ခြင်း တွေမှာ ပူစီနံကို ချေထားတဲ့ အရည်ကို သောက်သုံး ပေးသင့်ပါတယ်။

၅။ အစာချေဖျက်ခြင်းကို အားပေးပြီး အစာအိမ်ရောင်ခြင်း၊ နာခြင်းတွေကို ကာကွယ် ပေးနိုင်တဲ့ thymolနဲ့ carvacol ဓာတ်တွေ ပါဝင်နေပါတယ်။

၆။အသက်ရှူ လမ်းကြောင်း ပိုးဝင်ခြင်းမှာ ပူစီနံရွက်ကို ရှူပေးရင် သက်သာနိုင်ပြီး ရေနွေးမှာ ပူစီနံရွက်ကို ထည့်ပြီး သောက်သုံး ပေးရင် သွေးမပေါ်ခင် ဖြစ်တတ်တဲ့ နာကျင်မှုကို သက်သာ စေပါတယ်။

သက်နှင်း

ဖူးဖူး(မြန်မာဝမ်း)ပြန်လည်မျှဝေသည်

www.myanmaronedirectory.com

အခြားသူများကို Share လုပ်၍ ပြန်လည် မျှဝေလိုက်ပါနော်
ပူစီနံရွက်ရဲ့ ကျန်းမာရေး အာနိသင်
ပူစီနံရွက်ဟာ ပရုတ်အုပ်စုဝင် အပင် တစ်မျိုးဖြစ်ပြီး အနံ့သင်းပျံ့မှု၊ နွေးထွေး စေမှုနဲ့ အနည်းငယ် ခါးသက်တဲ့ အရသာ ရှိပါတယ်။
အခြားဟင်း ...ချက်စရာ အရွက်တွေနဲ့ မတူတာက ပူစီနံကို ဟင်းခတ် အမွှေးအကြိုင် အပြင် ဆေးအဖြစ်လည်း အသုံးပြုလို့ ရပါတယ်။
၁။ ဘက်တီးရီးယားနဲ့ မှိုပိုးတွေကို သေစေပါတယ်။ နောက်ပြီး ကပ်ပါးပိုးကြောင့် ဖြစ်တဲ့ ယောနိ ရောင်ရမ်းခြင်း၊ ပါးစပ်အနာပေါက်ခြင်း တွေကို သက်သာ စေပါတယ်။
၂။ဓာတ်တိုး ဆန့်ကျင် ပစ္စည်းတွေ ပါဝင်တဲ့အတွက် အိုမင်းရင့်ရော်ခြင်း ကနေ ကာကွယ် ပေးပါတယ်။
၃။ ဗီတာမင်အေ၊ သံဓာတ်နဲ့ မက်ဂနီ ဆီယမ်တွေကြွယ်ဝစွာ ပါဝင်တဲ့အ တွက် ခုခံအား စနစ်ကို မြှင့်တင် ပေးနိုင်ပါတယ်။
၎။ဗီတာမင်စီဓာတ် ပါဝင်မှုများတဲ့ အတွက် သွားဖုံးနာခြင်း၊ သွေးထွက်ခြင်း၊ သွားဖုံး ပြည်တည်ခြင်း တွေမှာ ပူစီနံကို ချေထားတဲ့ အရည်ကို သောက်သုံး ပေးသင့်ပါတယ်။
၅။ အစာချေဖျက်ခြင်းကို အားပေးပြီး အစာအိမ်ရောင်ခြင်း၊ နာခြင်းတွေကို ကာကွယ် ပေးနိုင်တဲ့ thymolနဲ့ carvacol ဓာတ်တွေ ပါဝင်နေပါတယ်။
၆။အသက်ရှူ လမ်းကြောင်း ပိုးဝင်ခြင်းမှာ ပူစီနံရွက်ကို ရှူပေးရင် သက်သာနိုင်ပြီး ရေနွေးမှာ ပူစီနံရွက်ကို ထည့်ပြီး သောက်သုံး ပေးရင် သွေးမပေါ်ခင် ဖြစ်တတ်တဲ့ နာကျင်မှုကို သက်သာ စေပါတယ်။
သက်နှင်း
ဖူးဖူး(မြန်မာဝမ်း)ပြန်လည်မျှဝေသည်
www.myanmaronedirectory.com
အခြားသူများကို Share လုပ်၍ ပြန်လည် မျှဝေလိုက်ပါနော်

ပခုက္ကူဆရာတော်ဘုရားကြီး၏သြ၀ါဒ

စိတ်ကောင်းကြည်လင်
ဝမ်းမြောက်လျှင်
သုံးအင်ပုည ပြည့်စုံကြ။
ပုညပြည့်စုံ လူနတ်ဘုံ...
သူဌေးဖြစ်ရ လူ့ ဘ၀။

စိတ်ဆိုးစိတ်ညစ်
ကိုယ့်ကြောင့်ဖြစ်
ပယ်ပစ်သူတကာ။
စိတ်ညစ်ပယ်ချိုး
စိတ်မဆိုး
ရောက်ရိုးနိဗ္ဗူတာ။
(ပခုက္ကူဆရာတော်ဘုရားကြီး
ဘဒ္ဒန္တဣန္ဒောဘာသ
အနိစ္စဆရာတော်)
copy fr FB

Sunday, July 20, 2014

မြန်မာတို့ အတွက်မြန်မာ့ ဆေးမြီးတိုများ

လေဖြတ်ခြင်း ကင်းဝေးအောင်
ရှောက်သီး ကြီးကြီးတလုံး
ထန်းဖိုထန်းလျှက်အမဲရောင်(၂၅)ကျပ်သား
ရှောက်သီးကိုအခွံမခွါဘဲ အဝတ်နှင့်ပြောင် အောင်သန့်စင်ပါ၊ ရှောက်သီးအား အဝိုင်း...လိုက်
ပါးပါးလှီးပါ။ ထန်းလျှက်အားအမှုန့်ပြုပါ။
၎င်းလှီးဖြတ်ထားသောရှောက်သီးအား(အခွံပါ)
ဟောလစ်ပုလင်းကြီးထဲတွင် ရှောက်သီးတထပ်
ထန်းလျှက်မှုန့်တထပ်ထည့်ပြီးသိပ်ထည့်ပါ။
အဖုံးကိုလုံခြုံတင်းကြပ်အောင်ပိတ်ထားပါ။ နံက်စောစောနေရောင်အောက်တွင်နေပြပါ။ (၃)ရက်ပြပြီးလျှင်ရပါပြီ၊နောက်ထပ်နေပြရန်
မလိုတော့ပါ။ ပုလင်းအတွင်းရှိရှောက်သီးအ ရောင်ဝါဝင်းလာလျှင်သုံးဆောင်နိုင်ပါပြီ။
တရက်လျှင် ဟင်းစားဇွန်းဖြင့်တစ်ဇွန်း သုံးကြိမ်သောက်သုံးပါက လေကြောင့်ဖြစ်သော
ရောဂါများသက်သာပျောက်ကင်းစေပါသည်။ ၄င်းအတိုင်း(၆)လသောက်သုံးပြီးပါက လေလုံးဝ မဖြတ်တော့ပါ။လေဖြတ်ပြီးလက်ကပ်ခြေကပ်ခြင်း
ပါးရွဲ့ခြင်းများလဲအများအားဖြင့်ပြန်လည်ကောင်း
မွန်လာတာတွေ့ရတယ်၊ဇက်ကြောတက် မျက်စိ
ဝေသူများလဲသုံးဆောင်ပါက ရက်ပိုင်းအတွင်းသိ သာစွာ ပျောက်ကင်းချမ်းသာစေကြောင်း ဒါနပြု
ရေးသားလိုက်ပါတယ်။