Thursday, July 10, 2014

ဗန်းမော်ဆရာတော်၏ ဆုံးမစာနှင့် ဖိုးသူတော် ဦးနုစကားပုံ


လူဗိုလ်ဟူသည်မှကူးယူပါသည်

ဗန်းမော်ဆရာတော်၏ဆုံးမစာ
တရားကို တေးဆို ၊ အဖေကိုသားဆဲ
ဆွေမျိုးထဲက ဓါးပြတိုက် ၊ မိုက်လျှင်သောတာပန်
မကောင်းကြံလျှင် သမာဓိ ၊ ရွှေရှိမှ လူလိမ္မာ
လိမ်နိုင်မှ သစ္စာရှင် ၊ ပညာရှင်ကို ပယ်၍ထား
အချစ်ဆုံးက သစ္စာပျက် ၊ ရိုးသားသူကို အရူးဆို
အပျိုငယ်က လင်နေစော ၊ အင်္ကျီပါးနဲ့ ဥပုသ်သည်
ဇရပ်အလယ် ကို့ယို့ကားယား ၊ အမျိုးသမီးကောင်းက ပိုက်ဆံရှာ

အပျိုမဖြစ်ခင်က ရည်းစားထား ၊ ဆင်းရဲသားက သူဌေးယောင်ဆောင်
အ၀တ်ပြောင်မှ လူရိုသေ ၊ လင်ရှိမယားက အပျိုလုပ်
မသာပို့ရင်း အပျိုလှည့် ၊ အလှူပေးရင်း ထမင်းရောင်း
ဆယ်နှစ်သမီးက အိမ်ထောင်ကျ ၊ ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင်
ပွဲသဘင်ပါမှ အလှူဖြစ် ၊ စာမတတ်သူက တရားပြ
ဇာတ်သမားမှ လူခေါ်ချင် ၊ သူတော်စင်ကို ပယ်၍ထား
ကြွေးပေးသူက ကျွန်နဲ့တူ ၊ ကြွေးယူသူက သခင်ဖြစ်
မုန့်ပေးလျှင် ကျမ်းဂန်တတ် ၊ ရွှေကပ်သည့်ဘုရားမှ လူရိုသေ
အဖေ အမေက ကျွန်နဲ့တူ ၊ သားသမီးက သခင်ဖြစ်
ခေတ်ကြီးကိုတော့ အပြစ်ဆို ၊ မိမိကိုယ်တော့ အကောင်းပြော
ဂုံးတိုက်လျှင် ကျေးဇူးရှင် ၊ ဖြောင့်မတ်လျှင် လူမသုံး
သီလယူရင်း မျက်စပစ်…………….
………………သူတော်ကောင်းတို့ တရားပျက်ကြလေပြီ……………။ ။



ဖိုးသူတော် ဦးနုစကားပုံ  
 မြန်ဇမ္ဗူပေါ် ၊ ဉာဏ်ယူမျှော်သည် ၊ သူတော်ကျွန်ုပ် ၊ နား၏တန်ဆာ ၊ နားဝင်သာအောင် ၊ လင်္ကာပုဒ်ဖြင့် ၊
အာလုပ်ချိုမြ ၊ စကားပုံသရုပ် ၊ အမျိုးထုတ်ပြီးလျှင် ၊ အချုပ်ပြခဲ့မည် ။
    ၁။ ဗုဒ္ဓဆာယာကို တွယ်ရမည် ၊ ရုပ်လှတာကို ပယ်ရမည် ။ ဗုဒ္ဓဆာယာကို တွယ်မှ ၊ အေးမြရာ
သည် ၊ ရုပ်လှတာကိုပယ်မှ ၊ ဘေးပ ကွာသည် ။
    ၂။ သေရည်ကို မသောက်နှင့် ၊ ရေကြည်ကို မနှောက်နှင့် ။ သေရည်ကို သောက်က အပါယ်ဘုံသို့
ကျတတ်သည် ၊ ရေကြည်ကို နှောက်က ၊ အနယ်အမှုန်တို့ ထတတ်သည် ။
   ၃။ ထင်တိုင်းလည်း နှိပ်၍မဆိုနှင့် ၊ ၀င်တိုင်းလည်းသိပ်၍ မမြိုနှင့် ။ ထင်တိုင်းနှိပ်၍ဆိုက ရန်
အသွယ်သွယ်ပွားတတ်သည် ၊ ၀င်တိုင်းသိပ်၍မြိုက အန္တရာယ်များတတ်သည် ။
   ၄။ ဂေါဏမံ သံကိုလည်း မစားနှင့် ၊ ကောဓခြံ ရန်ကိုလည်းမပွားနှင့် ။ ဂေါဏမံ သံကိုစားက
မိဘသဖွယ် ဖြစ်ပေသည် ၊ ကောဓခြံ ရန်ကိုပွားက အဓိကရ အပါယ်နစ်ချေသည် ။
  ၅။ အယုတ်တရားကို အလိုမရှိနှင့် ၊ မဟုတ်စကားကို မဆိုဘိနှင့် ။ အယုတ်တရားကို အလိုရှိက
ဘဂ၀ါ၏စကားကို ပယ်ရာကျချေသည်၊ မဟုတ်စကားကိုဆိုဘိက သမာဓိတရားတို့
ကွယ်လာရချေသည် ။
   ၆။ မြှူသလိုပုံနှင့် ကလေးကိုမစနှင့် ၊ လူကိုယုံသဖြင့် အကြွေးကိုမချနှင့် ။ မြှူသလိုပုံနှင့် ကလေးကို
စ, က ကလေးအမိုက်မို့ ဆဲတတ်သည် ၊ လူကိုယုံသဖြင့် အကြွေးချက အရေးမစိုက်သမို့
မွဲတတ်သည် ။
  ၇။ အမျိုးယုတ်သူ အဆင်းလှလျှင် သတိထား ၊ တန်ခိုးနှုတ်သူ ထမင်းဝလျှင် မကျီစားနှင့် ။
အမျိုးယုတ်သူ အဆင်းလှကစာဂတန်တတ်သည် ၊ တန်ခိုးနှုတ်သူ ထမင်းဝက မာနထန်တတ်သည် ။
  ၈။ အဟုတ်အမှန်ကိုလည်း သိမှ ၊ အလုပ်အကြံလည်း ရှိမှ ။ အဟုတ်အမှန်ကိုသိက သံသရာဘေး
ပ၍ အနေကျယ်ကြမည် ၊ အလုပ်အကြံရှိက ဆန်ရှာရေးလှ၍ ၊ အခြေထယ်ကြမည် ။
   ၉။ သူဌေးလို ကြွယ်သော်လည်း ၊ မာန်စွယ်မထနှင့် ၊ မြွေပွေးကို ငယ်သော်လည်း အလမ္ပာယ်
မပြနှင့် ။ သူဌေးလို ကြွယ်သည်ဟု မာန်စွယ်ထက အရိုအသေနဲလို့ ပြေမုန်းတတ်သည် ၊ မြွေပွေးကို
ငယ်သည်ဟု အလမ္ပာယ်ပြက ထိုမြွေခဲလို့ သေဆုံးတတ်သည် ။
 ၁၀။ မတော်ပဲ မ၀ယ်နှင့် ၊ မခေါ်ပဲ မလည်နှင့် ။ မတော်ပဲ ၀ယ်ချေက အသပြာဓနရှုံးတတ်သည် ၊
မခေါ်ပဲ လည်ချေက မကြာခဏ မုန်းတတ်သည် ။
 ၁၁။ မတော်တာကို မမြီးမစားနှင့် ၊ အဖော်မပါလျှင် ခရီးမသွားနှင့် ။ မတော်တာကို မြီးစားက
ဘေးရလို့ရောဂါပွားတတ်သည် ၊ အဖော်မပါပဲခရီးသွားက အရေးမလှသမို့ သောကများတတ်သည် ။
  ၁၂။ ခရီးကိုလည်း အပြင်းမသွားနှင့် ၊ မီးကိုလည်း အကြွင်းမထားနှင့် ။ ခရီးကို အပြင်းသွားက မှားတတ်သည် ၊ မီးကို အကြွင်းထားက ပွားတတ်သည် ။
၁၃။ ဆရာပြောသမျှကို အပြီးမမှားလေနှင့် ၊ အနာရောဂါကို မကြီးပွားစေနှင့် ။ ဆရာပြောသမျှကို
အပြီးမှားက မုချမှောက်တတ်သည် ၊ အနာရောဂါကို ကြီးပွားက ဒုက္ခရောက်တတ်သည် ။
 ၁၄။ စကား စကား ပြောဖန်များက ၊ စကားထဲက ဇာတိပြ၍ မာနတံခွန်ထူတတ်သည် ၊ ဘုရား,တရား ဟောဖန်များက ၊ တရားထဲက ပါဠိရ၍ ဒါနအလွန် လှူတတ်သည် ။
 ၁၅။ အမျိုးမြတ်မှ အရိုးကိုကြံရာသည် ၊ တန်ခိုးလျှပ်မှ အဖိုးတန်ပါသည် ။

No comments:

Post a Comment