Friday, July 25, 2014

သစ်သီး၊ သစ်ရွက်များကို အန္တရာယ်မဖြစ်အောင် စားနည်း



ပန်းသီးစားခါနီး သတိထားကြပါ။ ကုန်တိုက်၊ စူပါမားက...က်နှင့် ဈေးဆိုင်တို့မှာ ရောင်းချနေတဲ့ ပန်းသီးနှင့် အခြားအသီးများမှာ ရေရှည်ထားခံအောင်နှင့် အအေးခံနိုင်အောင် ဖယောင်းသုတ်ထားတတ်ကြပါတယ်။ Becox wax ကို သုတ်လိမ်းထားပြီး ဘတ်တီးရီးယားပိုးများ မ၀င်အောင်၊ ခြောက်သွေ့ခြင်းလည်း မဖြစ်ပေါ်အောင် လုပ်ထားကြပါတယ်။
အခွံခွါပြီး စားသူများအတွက် ဘာမှမဖြစ်ပေမယ့် အခွံမခွါပဲ ကိုက်စားတတ်သူများအတွက် အလွန်အန္တရာယ်ကြီးပါတယ်။
ဒါ့ကြောင့် ပုံမှာ မြင်ရတဲ့အတိုင်း အခွံကို ရေဆေးထားတဲ့ ဓါးအသန့်နှင့် ဖယောင်းများကို အရင် ခြစ်ထုတ်လိုက်ပြီး ရေထပ်ဆေးကာ စားကြဖို့ ကျန်းမာရေးစာမျက်နှာများမှာ တိုက်တွန်းထားပါတယ်။
နောက်တစ်ခုကတော့ ဈေးက၀ယ်လာတဲ့ သစ်သီးသစ်ရွက်တွေကို ရေအရင်ဆေးပြီးမှသာ ချက်ပြုတ်စားသောက်ကြဖို့ပါ။
ဒီခေတ်မှာတော့ အသီးအရွက်များဟာ ပိုးသတ်ဆေးနှင့် ရေရှည်အထားခံအောင် ဆေးဖြန်းထားတဲ့ အသီးအရွက်များဟာ အလွန်ကို များပြားနေပါတယ်။
ဒါ့ကြောင့် ဈေးက၀ယ်လာပြီးတာနဲ့ မလှီးမဖြတ်မီ ရေဇလုံထဲထည့်ပြီး ရေအရင်ဆေးလိုက်ပါ။ လှီးဖြတ်ပြီးရင်လည်း မချက်မီ ရေဇလုံထဲကို ရှာလကာရည် ၂ဇွန်း၊ ၃ ဇွန်းခန့်ထည်ပြီး ခဏလောက် စိမ်ထားလိုက်ပါ။ ပြီးမှ ရေပြန်ဆေးကျောသန့်စင်ပြီး ချက်ပြုတ်စားသောက်ပါက အန္တရာယ်ကင်းရှင်းပြီး ရောဂါလည်း မဖြစ်နိုင်တော့ပါဘူး။
အသက်ကိုဉာဏ်စောင့်ဆိုသည့်အတိုင်း ဉာဏ်နှင့်ယှဉ်ပြီး အန္တရာယ်ကင်းစွာ စားသောက်နိုင်ကြစေဖို့ မေတ္တာဖြင့် မျှဝေပေးလိုက်ပါသည်။
စောနွဲ့ နေဆိုင် (တိုင်းခမ်းတီ)
ကိုးကား။ ။ Cleaning Fresh Fruit and Veggies with a Homemade Veggie Wash
Credit to ကျန်းမာရေးသတင်းများ
သင့်မိတ်ဆွေများကိုလည်း ပြန်လည်မျှဝေပေးဖို့ မမေ့နဲ့နော်။
--------
လူတိုင်းအတွက် အရေးကြီးနေသော ကျန်းမာရေးသတင်းများနှင့် မှတ်သားဖွယ်ဗဟုသုတများကို အမြဲတင်ပေးနေတဲ့ ဒီ Page လေးကို Like လုပ်ထားပါက နေ့စဉ် Post ကောင်းကောင်းများကို ဖတ်ရှုရပါမည်။
www.facebook.com/pages/New-Harmony/475499862558428
--------

Wednesday, July 23, 2014

ပူစီနံရွက်ရဲ့ ကျန်းမာရေး အာနိသင်

ပူစီနံရွက်ရဲ့ ကျန်းမာရေး အာနိသင်

ပူစီနံရွက်ဟာ ပရုတ်အုပ်စုဝင် အပင် တစ်မျိုးဖြစ်ပြီး အနံ့သင်းပျံ့မှု၊ နွေးထွေး စေမှုနဲ့ အနည်းငယ် ခါးသက်တဲ့ အရသာ ရှိပါတယ်။

အခြားဟင်း ချက်စရာ အရွက်တွေနဲ့ မတူတာက ပူစီနံကို ဟင်းခတ် အမွှေးအကြိုင် အပြင် ဆေးအဖြစ်လည်း အသုံးပြုလို့ ရပါတယ်။

၁။ ဘက်တီးရီးယားနဲ့ မှိုပိုးတွေကို သေစေပါတယ်။ နောက်ပြီး ကပ်ပါးပိုးကြောင့် ဖြစ်တဲ့ ယောနိ ရောင်ရမ်းခြင်း၊ ပါးစပ်အနာပေါက်ခြင်း တွေကို သက်သာ စေပါတယ်။

၂။ဓာတ်တိုး ဆန့်ကျင် ပစ္စည်းတွေ ပါဝင်တဲ့အတွက် အိုမင်းရင့်ရော်ခြင်း ကနေ ကာကွယ် ပေးပါတယ်။

၃။ ဗီတာမင်အေ၊ သံဓာတ်နဲ့ မက်ဂနီ ဆီယမ်တွေကြွယ်ဝစွာ ပါဝင်တဲ့အ တွက် ခုခံအား စနစ်ကို မြှင့်တင် ပေးနိုင်ပါတယ်။

၎။ဗီတာမင်စီဓာတ် ပါဝင်မှုများတဲ့ အတွက် သွားဖုံးနာခြင်း၊ သွေးထွက်ခြင်း၊ သွားဖုံး ပြည်တည်ခြင်း တွေမှာ ပူစီနံကို ချေထားတဲ့ အရည်ကို သောက်သုံး ပေးသင့်ပါတယ်။

၅။ အစာချေဖျက်ခြင်းကို အားပေးပြီး အစာအိမ်ရောင်ခြင်း၊ နာခြင်းတွေကို ကာကွယ် ပေးနိုင်တဲ့ thymolနဲ့ carvacol ဓာတ်တွေ ပါဝင်နေပါတယ်။

၆။အသက်ရှူ လမ်းကြောင်း ပိုးဝင်ခြင်းမှာ ပူစီနံရွက်ကို ရှူပေးရင် သက်သာနိုင်ပြီး ရေနွေးမှာ ပူစီနံရွက်ကို ထည့်ပြီး သောက်သုံး ပေးရင် သွေးမပေါ်ခင် ဖြစ်တတ်တဲ့ နာကျင်မှုကို သက်သာ စေပါတယ်။

သက်နှင်း

ဖူးဖူး(မြန်မာဝမ်း)ပြန်လည်မျှဝေသည်

www.myanmaronedirectory.com

အခြားသူများကို Share လုပ်၍ ပြန်လည် မျှဝေလိုက်ပါနော်
ပူစီနံရွက်ရဲ့ ကျန်းမာရေး အာနိသင်
ပူစီနံရွက်ဟာ ပရုတ်အုပ်စုဝင် အပင် တစ်မျိုးဖြစ်ပြီး အနံ့သင်းပျံ့မှု၊ နွေးထွေး စေမှုနဲ့ အနည်းငယ် ခါးသက်တဲ့ အရသာ ရှိပါတယ်။
အခြားဟင်း ...ချက်စရာ အရွက်တွေနဲ့ မတူတာက ပူစီနံကို ဟင်းခတ် အမွှေးအကြိုင် အပြင် ဆေးအဖြစ်လည်း အသုံးပြုလို့ ရပါတယ်။
၁။ ဘက်တီးရီးယားနဲ့ မှိုပိုးတွေကို သေစေပါတယ်။ နောက်ပြီး ကပ်ပါးပိုးကြောင့် ဖြစ်တဲ့ ယောနိ ရောင်ရမ်းခြင်း၊ ပါးစပ်အနာပေါက်ခြင်း တွေကို သက်သာ စေပါတယ်။
၂။ဓာတ်တိုး ဆန့်ကျင် ပစ္စည်းတွေ ပါဝင်တဲ့အတွက် အိုမင်းရင့်ရော်ခြင်း ကနေ ကာကွယ် ပေးပါတယ်။
၃။ ဗီတာမင်အေ၊ သံဓာတ်နဲ့ မက်ဂနီ ဆီယမ်တွေကြွယ်ဝစွာ ပါဝင်တဲ့အ တွက် ခုခံအား စနစ်ကို မြှင့်တင် ပေးနိုင်ပါတယ်။
၎။ဗီတာမင်စီဓာတ် ပါဝင်မှုများတဲ့ အတွက် သွားဖုံးနာခြင်း၊ သွေးထွက်ခြင်း၊ သွားဖုံး ပြည်တည်ခြင်း တွေမှာ ပူစီနံကို ချေထားတဲ့ အရည်ကို သောက်သုံး ပေးသင့်ပါတယ်။
၅။ အစာချေဖျက်ခြင်းကို အားပေးပြီး အစာအိမ်ရောင်ခြင်း၊ နာခြင်းတွေကို ကာကွယ် ပေးနိုင်တဲ့ thymolနဲ့ carvacol ဓာတ်တွေ ပါဝင်နေပါတယ်။
၆။အသက်ရှူ လမ်းကြောင်း ပိုးဝင်ခြင်းမှာ ပူစီနံရွက်ကို ရှူပေးရင် သက်သာနိုင်ပြီး ရေနွေးမှာ ပူစီနံရွက်ကို ထည့်ပြီး သောက်သုံး ပေးရင် သွေးမပေါ်ခင် ဖြစ်တတ်တဲ့ နာကျင်မှုကို သက်သာ စေပါတယ်။
သက်နှင်း
ဖူးဖူး(မြန်မာဝမ်း)ပြန်လည်မျှဝေသည်
www.myanmaronedirectory.com
အခြားသူများကို Share လုပ်၍ ပြန်လည် မျှဝေလိုက်ပါနော်

ပခုက္ကူဆရာတော်ဘုရားကြီး၏သြ၀ါဒ

စိတ်ကောင်းကြည်လင်
ဝမ်းမြောက်လျှင်
သုံးအင်ပုည ပြည့်စုံကြ။
ပုညပြည့်စုံ လူနတ်ဘုံ...
သူဌေးဖြစ်ရ လူ့ ဘ၀။

စိတ်ဆိုးစိတ်ညစ်
ကိုယ့်ကြောင့်ဖြစ်
ပယ်ပစ်သူတကာ။
စိတ်ညစ်ပယ်ချိုး
စိတ်မဆိုး
ရောက်ရိုးနိဗ္ဗူတာ။
(ပခုက္ကူဆရာတော်ဘုရားကြီး
ဘဒ္ဒန္တဣန္ဒောဘာသ
အနိစ္စဆရာတော်)
copy fr FB

Sunday, July 20, 2014

မြန်မာတို့ အတွက်မြန်မာ့ ဆေးမြီးတိုများ

လေဖြတ်ခြင်း ကင်းဝေးအောင်
ရှောက်သီး ကြီးကြီးတလုံး
ထန်းဖိုထန်းလျှက်အမဲရောင်(၂၅)ကျပ်သား
ရှောက်သီးကိုအခွံမခွါဘဲ အဝတ်နှင့်ပြောင် အောင်သန့်စင်ပါ၊ ရှောက်သီးအား အဝိုင်း...လိုက်
ပါးပါးလှီးပါ။ ထန်းလျှက်အားအမှုန့်ပြုပါ။
၎င်းလှီးဖြတ်ထားသောရှောက်သီးအား(အခွံပါ)
ဟောလစ်ပုလင်းကြီးထဲတွင် ရှောက်သီးတထပ်
ထန်းလျှက်မှုန့်တထပ်ထည့်ပြီးသိပ်ထည့်ပါ။
အဖုံးကိုလုံခြုံတင်းကြပ်အောင်ပိတ်ထားပါ။ နံက်စောစောနေရောင်အောက်တွင်နေပြပါ။ (၃)ရက်ပြပြီးလျှင်ရပါပြီ၊နောက်ထပ်နေပြရန်
မလိုတော့ပါ။ ပုလင်းအတွင်းရှိရှောက်သီးအ ရောင်ဝါဝင်းလာလျှင်သုံးဆောင်နိုင်ပါပြီ။
တရက်လျှင် ဟင်းစားဇွန်းဖြင့်တစ်ဇွန်း သုံးကြိမ်သောက်သုံးပါက လေကြောင့်ဖြစ်သော
ရောဂါများသက်သာပျောက်ကင်းစေပါသည်။ ၄င်းအတိုင်း(၆)လသောက်သုံးပြီးပါက လေလုံးဝ မဖြတ်တော့ပါ။လေဖြတ်ပြီးလက်ကပ်ခြေကပ်ခြင်း
ပါးရွဲ့ခြင်းများလဲအများအားဖြင့်ပြန်လည်ကောင်း
မွန်လာတာတွေ့ရတယ်၊ဇက်ကြောတက် မျက်စိ
ဝေသူများလဲသုံးဆောင်ပါက ရက်ပိုင်းအတွင်းသိ သာစွာ ပျောက်ကင်းချမ်းသာစေကြောင်း ဒါနပြု
ရေးသားလိုက်ပါတယ်။

Saturday, July 19, 2014

တတိယအရွယ်ရောက်မှ တရားရှာသင့်တာလား ?






ဘုန်းဘုန်းဘုရားတပည့်တော်နာမည်က မော်မော်မော်စန်းပါဘုရားအခုအသက်(၃၅) နှစ် ရှိပါပြီဘုရား၊ ရက်ရှည်အလုပ်ပိတ်ရက်တွေမှာ ရက်ရသလောက်လေးတရားစခန်းကိုဝင်ပါတယ်၊ အခြားရက်တွေမှာလဲ  ဆွမ်းခံကြွတဲ့ ကိုယ်တော်လေးတွေကို တတ်နိုင်သလောက် ဆွမ်းလောင်းပြီး ဘုရားရှိခိုး၊တရားနာတွေလဲ အချိန်ရတိုင်း ပြုလုပ်ပါတယ်ဘုရား။ အလုပ်နားရက်တွေမှာ သူများတွေလို ရုပ်ရှင်ကြည့်တာတို့ ပန်းခြံသွာတာတို့ကိုမလုပ်ပါဘူးဘုရား။ 

ဒီလိုနေတာကို တပည့်တော်မရဲ့ မိဘတွေကသဘောမကျကြပါဘူးဘုရား၊ “(၃၅)နှစ်ဆိုတာ အငယ်လေးပဲရှိသေးတာ ဘုရားတရားအလုပ်ဆိုတာ အသက်ကြီးမှလုပ်ရတာ၊ ဘုရားကတောင် ပထမအရွယ်မှာပညာရှာ၊ ဒုတိယအရွယ်မှာဥစ္စာရှာ၊တတိယအရွယ်မှ တရားရှာလို့ ဟောထာတယ်” ဆိုပြီးပြောပါတယ်ဘုရား။ သူတို့ကခုလိုအမြဲပြောပြောနေတော့ တပည့်တော်မ ဘာသာရေးလုပ်ရမှာကို     မ၀ံ့မရဲဖြစ်နမိပါတယ်ဘုရား။ ဒါကြောင့် တပည့်တော်မ အခုလိုငယ်ရွယ်တဲ့အချိန်မှာ တရားမရှာသင့်ဘူး၊ သင့်တယ်ဆိုတာကို ဖြေကြားပေးတော်မူပါဘုရား။

ကြည်ညိုရိုသေစွာဖြင့်
မမော်မော်စန်း၊
မရမ်းကုန်း၊ရန်ကုန်

          ဒကာမကြီးရေ ပထမဆုံးမြတ်စွာဘုရားကိုယ်တော်တိုင်တိုင်  မဟာသမယသုတ် မှာဟောကြားတော်မူထားတဲ့ တရားအားထုတ်ရန်မသင့်လျှော်တဲ့ အချိန်ကာလ(၅)မျိုးကို ပြောပြချင် ပါတယ်။ ဒီချိန်ကာလတွေကတော့

(၁) အိုးမင်မစွန်းဖြစ်သောအခါ
(၂) နာမကျန်းဖြစ်သောအခါ
(၃) ဆန်ရေစပါး၊ ပစ္စည်းဥစ္စာရှားပါးသောအခါ
(၄) သောင်းကျန်းသူများရဲ့ ဘေးရန်အန္တရာယ်ရှိသောအခါ
(၅) သံဃာတော်များဂိုဏ်းကွဲသောအခါ တို့ဖြစ်ပါတယ်။

          ဒီ(၅)မျိုးထဲက နံပါတ်(၁) နဲ့ နံပါတ်(၂) အရ အိုမင်းမစွမ်းဖြစ်သောအခါနဲ့ နာမကျန်းဖြစ် သောအခါမှာ တရားအားထုတ်ရန်မသင့်လျှော်ကြောင်း ဟောကြားထားတာမို့ ငယ်ရွယ်နုနယ် ကျမ္မာရေး ကောင်းစဉ်မှာ တရားအားထုတ် ရမယ်လို့ဆိုလိုပါတယ် ဒီလို ငယ်ရွယ်နုနယ် ကျမ္မာရေးကောင်းစဉ်မှာ တရားအလုပ် ဘာသာရေးအလုပ်လုပ်တာဟာ ဘုရားဟောနှင့်အညီ ဖြစ်တာမို့ ကောင်းမွန်လှပါတယ်။ 
 
အသက်အရွယ်ကြီးရင့်တဲ့အခါမှာ စိတ်သွားတိုင်း ကိုယ်မပါတာမို့ တရားအားထုတ်တဲ့အခါ ငယ်ရွယ်သူများလောက် အဆင်ပြေမှာမဟုတ်ပါဘူး။ ဒီအတိုင်းပဲ ကျမ္မာရေးမကောင်း နာမကျန်းဖြစ်တဲ့ အခါမှာ စိတ်ကတရားပေါ်မှာ အာရုံမထားနိုင်တော့ပဲ  ရောဂါအပေါ်မှာ အာရုံရောက်နေင်္ပြီး သမာဓိထူ ထောင်လို့မရ စိတ်လွင့်ပြားနေမှာမို့ ဘယ်လိုမှအဆင်ပြေမှာ မဟုတ်ပါဘူး။ 

စိတ်သွားတိုင်းကိုယ်ပါပြီး သမာဓိကောင်းကောင်းနဲ့ တရားထူးရဖို့အတွက် အိုးမင်းမစွမ်းမဖြစ် ခင် ကျမ္မာရေးကောင်းစဉ်မှာ တရားအလုပ်လုပ်တာဟာ အကောင်းဆုံးပဲဆိုတာ တရားအားထုတ်ဖူးသူ တိုင်းသိကြမှာပါ၊ လူအတော်များများဟာ ပထမအရွယ်မှပညာရှာ၊ ဒုတိယအရွယ်မှာဥစ္စာရှာ၊တတိယ အရွယ်မှာ တရားရှာ ဆိုတဲ့စကားကို ဘုရားဟောဆိုပြီး ထင်မှတ်လက်ခံထားကြပါတယ်။ အမှန်မှာ ဒီစကာက“စတုရင်္ဂဗလ”အမတ်ကြီးကဗုဒ္ဓစာပေ၊သက္ကတစာပေ၊ပြာကဋစာပေ၊ဟိန္ဒီစာပေများမှ ကောင်းနိုးရာရာတို့ကို ရွေးကာပြုစုထားတဲ့ “လောကနီတိ”ကျမ်းလာစကားတွေပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ပထမအရွယ်မှပညာရှာ၊ ဒုတိယအရွယ်မှာဥစ္စာရှာ၊တတိယအရွယ်မှ တရားရှာ ဆိုတဲ့စကားဟာ အလုံးစုံ မမှန်နိုင်ပါဘူး။

လူဆိုတာ အသက်ကြီးတဲ့အခါမှသေမယ် အသက်ငယ်ရွယ်မှာမသေနိုင်ဘူးလို့ ဘယ်သူကမှ တထစ်ချမပြောနိုင်ပါဘူး။ပညာရှာတဲ့ ငယ်ရွယ်နုနယ်တဲ့အချိန်မှာလဲသေသွားနိုင်သလို၊ဥစ္စာရှာတဲ့ လူလတ်ပိုင်းအရွယ်မှာလဲ သေသွားနိုင်ပါတယ်။ ဒါ့ကြောင့် တတိယအရွယ်ပိုင်းဖြစ်တဲ့ ကြီးရင့်အိုမင်း တဲ့အခါမှ တရားရှာမယ်ဆိုရင် ဘုရားဟောတဲ့ မဟာသမယသုတ်တော်အရကော သေခြင်းတရား အရပါ လက်တွေ့မကျပါဘူ။

တရားအားထုတ်တယ်ဆိုတာကလည်း တရားစခန်းတွေ ရိပ်သာတွေမှာ သွားရောက်အားထုတ်မှ တရားအားထုတ်တာမဟုတ်ပါဘူး၊ သာမန် အချိန်တွေဖြစ်တဲ့စား၊သောက်၊နေထိုင်တဲ့ အချိန်တွေမှာ သတိလေးနဲ့ စားသောက်၊ပြောဆို၊နေထိုင်ပြီး မကောင်းတဲ့အလုပ်၊မကောင်းတဲ့အပြော၊ မကောင်းတဲ့ အကြံတွေကို မပြုလုပ်မပြောဆိုတာဟာ တရားသဖြင့်နေတာဖြစ်လို့ တရားကျင့်နေတာလို့ခေါ်ဆိုရမှာ ဖြစ်ပါတယ်။

များသောအားဖြင့် တရားစခန်းများ၊တရားရိပ်သာများကိုသွားရောက်ပြီး တရာအားထုတ်မှသာ တရားအလုပ် လုပ်ကြတာလို့ထင်မြင်မှတ်ယူလေ့ရှိပါတယ်၊ တရားစခန်းသွားပြီး မကောင်းတာကြံ၊ မကောင်းတာတွေးနေရင်တော့ တရားအလုပ်ကို လုပ်နေတယ်လို့ပြောဆိုလို့ မရနိုင်ပါဘူး၊ အချို့သူများဆိုရင် တရားစခန်းကပြန်လာရင်လည်း စိတ်ထားတွေထူးပြီးပြောင်းလဲမလာကြပါဘူး။ တရားစခန်းကပြန်လာရင် အနည်းဆုံးတော့ မသွားရခင်ထက်တော့ ပြောင်းလဲလာသင့်ပါတယ်။ 

ဘုရား၊တရားအလုပ်ဆိုတာ နောက်ဘ၀အတွက်သာမကပဲ လက်ရှိပစ္စုပ္ပန်ဘ၀မှာလဲ ချမ်းသားမှု၊ အေချမ်းမှုကို ပေးနိုင်ပါတယ်၊ ဘာသာရေးလုပ်တဲ့သူဟာ အခြားသူတွေထက်စာရင် ကိုယ်၊နှုတ်၊စိတ် သုံးပါးလုံး စောင့်စည်းကြတာမို့ ဘာသာရေးပြုလုပ်သူအပါအ၀င် သူ့ရဲ့ မိဘ၊မောင်နှမ ၊ဆွေမျိုးသားချင်း များသာမက ပတ်ဝန်ကျင်အသိုင်းအ၀န်းနှင့် နောက်ဆုံး နိုင်ငံနှင့် ကမ္ဘာတခုလုံးအထိ အေးချမ်းသာယာ စေပါတယ်။ ဘာသာရေးလုပ်သူတွေမရှိတဲ့ မိသားစုဟာ စာရိတ္တပျက်ပြားမှု များပြားတာကြောင့် အစဉ်အမြဲ ပူပန်ရတတ်ပါတယ်။ ရတနာသုံးပါးလေးစားပြီး ဘာသာရေးလုပ်လိုက် စားတဲ့ မိသားစုဟာ မိမိတို့ မိသားစု ၀န်းကျင်မှစလို့  ကမ္ဘာလောကကြီးထိ အေးချမ်းသာယာ ချမ်းမြေ့စေနိုင်ပါတယ်။

ဒါကြောင့် ဘာသာရေးဆိုတာ ငယ်သေးလို့မလုပ်သင့်သေးဘူးဆိုတာ လုံးဝမရှိပဲ စောစောလုပ်လေ အကျိုးရှိလေဖြစ်ပါတယ်၊ မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ မဟာသမယသုတ်တော်အရဆိုရင် တရားအလုပ်လုပ်သူ တနည်းပြောရရင် ဘာသာရေးလုပ်သူဟာ အိုးမင်မစွမ်းမဖြစ်ခင် နာမကျန်းမဖြစ်ခင် ငယ်ရွယ်နုပျို၊ရောဂါဘယာကင်းတဲ့အချိန်မှာ ပြုလုပ်ရန်အထူသင့်လျှော်တဲ့အချိန်ပင်ဖြစ်ပါတယ်။

“မိမိအကျိုး၊သူတပါးအကျိုး၊သည်ပိုးနိုင်သူများဖြစ်နိုင်ကြပါစေ”

ဓမ္မ၀ီရ အရှင်တေဇနိယ

Ph,D (Thesis)

"ရေအကျိုးဆယ်ပါး"





"ရေအကျိုးဆယ်ပါး"
(ရေမှဖြစ်သော စွမ်းအားဆယ်ချက်)


အသက်ရှည်ရှည်၊ ရုပ်ရည်လှလှသုခထွားထွား၊ ခွန်အားကောင်းကောင်း
ဥာဏ်ဇောင်းထက်ထက်၊ ကိုယ်လက်သန့် သန့် 
ခန့် ခန့် ဂုဏ်လှိုင်း၊ ၀ိုင်းဝိုင်းရံရွှေ
ရေဆာပါးပါး၊ အသွားမြန်မြန်
ဤဆယ်တန်သည်

ရင်းခံရေကျိုး တန်ခိုးတော်။

မဟာဗောဓိမြိုင်ဆရာတော်ကြီး
(၁၃၅၅ ခုနှစ်၊ သာစည်ရွှေကျောင်းကုန်းတောင်)

မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ

Tuesday, July 15, 2014

"မူဆလင်ဒကာကြီးမေးသမျှ ဓမ္မ၀ီရအရှင် ဖြေဆိုသည်"

09 July, 2014


ဓမ္မ၀ီရအရှင်တေဇနိယ ဘလော့မှကူးယူပါသည်



အစ္စလာမ်ဘာသာဝင်မူဆလင်ဒကာကြီးစိုက်ယဒ်ဟာဂျီဘေလားလ်နူးရ်ကဗုဒ္ဓဘာသာနှင့်သက်ဆိုင်တဲ့ မေးခွန်းများကို အင်တာနက်လူမှုစာမျက်နှာမှတဆင့်  မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းေ ရးပါတီဥက္ကဋ္ဌ ဒကာ ကြီးဦးနေမျိုးဝေအား ဖြေရှင်းချက်တောင်း မေးမြန်းထားသည်ကို ဖတ်ရှုရပါ တယ်၊  ဦးနေမျိုးဝေက ၄င်းတို့၏ အစ္စလာမ်ဘာသာ၏ ကုရ်အာန် ကျမ်းအား ယုတ္တိကျကျ ထောက် ပြဝေဘန်မှုအပေါ် သူတို့မူဆလင်များဘက်မှ ကျနသေခြာလက်ခံနိုင်လောက်သည့်အထိ ဖြေရှင်း နိုင်ခြင်းမရှိပါပဲ၊ မိုးကြိုးကို ထန်လျှက်နှင့်ကာသည့်ပမာ ဗုဒ္ဓဘာသာကိုပင် ပြန်လည်၍မေးခွန်း ထုတ်ထားခြင်းဖြစ်ပါတယ်။

ထို မူဆလင်ဒကာကြီး၏ မေးခွန်းအားလုံးဟာ ဒကာ ဦးနေမျိုးဝေ က ကုရ်အာန်ကျမ်းအား ဝေဘန် သကဲ့သို့ ကျမ်းစာများထဲမှ ထုတ်နှုတ်ကာထောက်ပြထားသလိုမဟုတ်ပဲ ထေရ၀ါဒဗုဒ္ဓ ပိဋ ကတ်တော် များကို  အပေါ်ယံလေးမျှပင် လေ့လာခြင်းမရှိပါပဲ ကလေးဆန်ဆန်သဘောမျှ မေး ခွန်း ထုတ်ထားတာကို တွေ့ရှိရပါတယ်၊ ပါတီဥက္ကဋ္ဌ ဒကာဦးနေမျိုကို ဗုဒ္ဓဘာသာဟုထင်မှတ်တဲ့အတွက် လက်စားချေတဲ့သဘောနဲ့ ဗုဒ္ဓဘာသာကိုပြန်လည်၍ မေးခွန်းထုတ်တာဖြစ်နိုင်ပါတယ်၊ တကယ် တော့ ဒကာဦးနေမျိုးဝေဟာ ဗုဒ္ဓဘာသာဝင်တစ်ဦး မဟုတ်ပဲ မည်သည့်ဘာသာမှမကိုးကွယ်သော ဘာသာမဲ့တစ်ဦးသာဖြစ်ပါတယ်။ မူဆလင်ဒကာရဲ့ ဗုဒ္ဓဘာသာအပေါ် လုပ်ကြံမေးခွန်းများကို ဖြေရှ င်းပေးပါရန် ဓမ္မမိတ်ဆွေ စာဖတ် ပရိသတ်များမှ လျှောက်ထားကြသောကြာင့်ဖြေကြားပေးလိုက် ပါတယ်။
         
          ဒကာကြီးစိုက်ယဒ်ဟာဂျီဘေလားလ်နူးရ်မေးထားသောမေးခွန်းတွေထဲကပထမဆုံးမေးခွန်း ကိုဦး စွာဖြေပေးပါမယ်။ဒကာကြီးမေးထားတာက…

ရှင်ကြီး ဂေါတမရဲ့ ပိဋကတ်သုံးပုံတောင် သီရိလင်္ကာမှာ သက္ကတနဲ့ ရှိနေပြီး ကျနော်တို့နိုင် ငံမှာပါဠိနဲ့ ရှိနေပါတယ်။သက္ကတလို ရှိနေတဲ့ ပိဋကတ်သုံးပုံကို သုံးကြိမ်သုံးခါပဲပြင်ပြီး (သံဃယနာ တင်ပြီး) ပေမယ့်၊ ပါဠိလိုဖြစ်တဲ့ ပြည်တွင်းက ပိဋကတ်သုံးပုံက ဘာဖြစ်လို့ ခြောက်ကြိမ်ထိ ပြင်ထား ရပါသလဲ?၊ လူကြီးမင်း သတိလက်လွတ်ဖြစ်နေတာလေးတစ်ခုကို ထောက်ပြချင်ပါတယ်။ ကျနော် တို့ရဲ့ ကျမ်တော်မြတ်ကုရ်အာန် ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၁၄၀၀)ကျော်က မဟာတမန်တော်မြတ် (PBUH)ထံ ကောင်းကင်တမန်တော်ကြီးမှ တဆင့် အလ္လဟ်အသျှင်မြတ်မှ သူ့အချိန်နဲ့သူ လိုအပ်သ လို(၂၃)နှစ်တာကာလအတွင်းမှာ ချမှတ်ထုတ်ပြန် ခဲ့တဲ့ ကောင်းကင်ကျကျမ်းတစ်ဆောင်ဖြစ်ပါတ ယ် လို့ဗုဒ္ဓဘာသာရဲ့ သင်္ဂါယနာကိုမေခွန်းထုတ်ပြီး တစ်ဆက် တည်းမှာ သူတို့ရဲ့အုရ်အာန်ကျမ်းကို ကောင်းကင်ကျကျမ်ဖြစ်ကြောင်း အမွန်းတင်ထားပါတယ်။

ဒကာကြီးတော်စိုက်ယဒ်ဟာဂျီဘေလားလ်နူးရ်ရေ ယခုဦးဇင်းကိုယ်တိုင် သီရိလင်္ကာမှာ ရောက်ရှိ ပညာတော်သင်ယူနေပါတယ်၊ဒကာပြောသလို သီရိလင်္ကာမှာ ပိဋကတ်သုံးပုံကို သက္ကတ ဘာသာဖြင့် ရေး သားထားခြင်း၊မှတ်တမ်းတင်ထားခြင်း၊လုံးဝ(လုံးဝ)မရှိပါဘူးဒကာ၊ သီရိလင်္ကာမှ မဟုတ် ပါဘူး၊ထိုင်း၊ကမ္ဗောဒီးယား၊လာအို၊မြန်မာ စသောမည့်သည့်ထေရ၀ါဒ နိုင်ငံမှာမှ ပိဋကတ် တော်များကို သက္ကတဘာသာခြင်း ရေးသားထားခြင်း၊မှတ်တမ်းတင်ထားခြင်းမရိပါဘူးဒကာ။ ပါဠိ ဘာသာဖြင့်သာ စနစ်ကျကျ တည်ရှိပါတယ်။

          နောက်တစ်ခုက သင်္ဂါယနာကိစ္စပဲဖြစ်ပါတယ်၊  သင်္ဂါယနာ တင်ခြင်း၏မူလရည်ရွယ်ချက် ကိုကဗုဒ္ဓ မြတ်စွာ၏ ဒေသနာတော်မြတ်တို့ကို  ၊”တစုံတရာပြင်ဆင်ခြင်း၊ ပယ်နှုတ်ခြင်း၊ဖြည့်စွက်ခြင်း ” လုံးဝမပြုရ လေအောင် ဗုဒ္ဓမြတ်စွာ၏ လက်ထက်တော်ကာလကအတိုင်း မူရင်းကျကျ ဖြစ်ရအောင် ဗုဒ္ဓမြတ်စွာဟောကြားခဲ့တဲ့ ဒေသနာတော်တို့ကို မူရင်းအတိုင်းပြန်လည်အတည်ပြုခြင်းကိုပဲ သင်္ဂါယ နာတင်ခြင်းလို့ခေါ်ဆိုတာ ဖြစ်ပါတယ်။ ဒါကိုဒကာကြီးက လေ့လာမှုမရှိပဲ ပြောင်းပြန်ပြောနေ ခြင်းဖြစ်ပါတယ်။ ထေရ၀ါဒကိုလက်ခံ ကျင့်သုံးတဲ့ နိုင်ငံအားလုံးမှာ သင်္ဂါယနာကို ခြောက်ကြိမ်ဟု အသိအမှတ်ပြုမှတ်တမ်းတင်ထားပါတယ် သေခြာလေ့လာပါလေ၊ သင်္ဂါယနာတင်တယ်ဆိုတာ ဘုရားဟောမူရင်းတွေကို ပြုပြင်ဖို့ဖြစ်တယ်လို့ ဒကာတော်စွတ်စွဲသလို ထေရ၀ါဒဗုဒ္ဓသာသနာဟာ သင်္ဂါယနာတင်ပြီး ဗုဒ္ဓမြတ်စွာ၏ ဒေသနာတော်တို့ကို ပြင်ဆင်ထားတယ်လို့ ခိုင်လုံးသော အထော က်အထားပြနိုင်ပါက၊ ဒကာကြီးတို့ အစ္စလာမ်ဘာသာ ကောင်းတာ မကောင်းတာမစဉ်းစားပဲ အစ္စ လာမ်ဘာသာထဲကို ဦးဇင်းကိုယ်တိုင်ဝင်ရောက်ပါမည်လို့ ရဲရဲကြီးကတိပေး လိုက်ပါရဲ့ဒကာကြီး။

          ဒကာကြီးပြောသလို ကုရ်အာန်စာအုပ်ဟာ ကောင်းကင်ပေါ်က ကျလာတယ်ဆိုတဲ့ တိကျခို င်လုံပြီး၊အာဂမယုတ္တိ၊သဘာဝယုတ္တိရှိရှိနဲ့ ကမ္ဘာကြီးကိုချပြနိုင်မည်ဆိုပါက အခြားဘာသာဝင်တွေ အားလုံဟာ သူတို့ရဲ့မူရင်းဘာသာကိုစွန့်ပယ်ပြီး ဒကာကြီးတို့ အစ္စလာမ်ဘာသာထဲ ၀င်ရောက် လာနိုင်ပါ တယ်၊ ဒါကြောင့် မူဆလင်အနွယ် အစ္စလာမ်ဘာသာဝင်များတိုးပွားများပြားလာနိုင်အော င် ကောင်းကင် ပေါ်ကနေ ကုရ်အာန် စာအုပ်ကျလာပုံကို ယုတ္တိရှိရှိ သက်သေပြသင့်ပါကြောင်း စေ တနာကောင်းဖြင့် အကြံပေးလိုပါတယ်။

        ဦးဇင်းတို့ဗုဒ္ဓဘာသာမှာတော့ ၀ါဒတခု၊အယူအဆတခုကို ရှေးအစဉ်အဆက် ပုဂ္ဂိုလ် တွေယုံကြည်လက်ခံလာလို့၊မိဘတွေ၊ဆရာသမားတွေ၊ဘာသာရေးခေါင်း ဆောင်စသူတွေလက်ခံထားလို့ဆိုပြီး မယုံကြည်ခိုင်းပဲ ကိုယ်ပိုင်အသိ ဉာဏ်နဲ့ ဖြစ်နိုင်မဖြစ်နိုင် ဝေဘန်ဆန်းစစ်ပြီးမှ ယုံကြည်ကြဖို့ တိုက်တွန်းထားပါတယ်။ ဘာသာရေလွတ်လပ် ခွင့်ကိုတောင်မကအတွေးအခေါ်လွတ်လပ်ခွင့်ကိုေ တာင် ပြည့်ပြည့်၀၀ကြီးပေးထားတာပါ။

           ဒကာကြီးရဲ့ ဒုတိယမေးခွန်းဖြစ်တဲ့ မဟာယာန ဗုဒ္ဓဘာသာနဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာတို့ တက်တက် စင်အောင် ကွဲနေတာတွေ ဘာကြောင့်ရှိနေတာလဲ?  ဟူသောမေးခွန်းကို ဆက်ပြီးဖြေ ကြားပေးပါမယ်။

          ထေရ၀ါဒ နှင့် မဟာယာနဟာ အပေါ်ယံအသွင်သဏ္ဍာန်အနည်းငယ်ကွဲလွဲနေတာမှန်ပေမဲ့ ‘အနှစ်သာရ’ နှင့် ရယ်မှန်းချက် ကတော့ လုံးဝအတူချည်းသာဖြစ်ပါတယ်။ 

ဥပမာ။      
 
ထေရ၀ါဒ နှင့် မဟာယာန နှစ်ခုလုံးသည်
(၁) မြတ်စွာဘုရားကို နှစ်ဖက်စလုံးက ဆရာ အဖြစ်လက်ခံကြတယ်။
(၂) သစ္စာ လေးပါး တရားတော်ကို နှစ်ဖက်လုံးက အပြည့်အ၀လက်ခံကြတယ်။
(၃) မဂ္ဂင်ရှစ်ပါး တရားကိုလဲ လက်ခံတာချင်း တူညီတယ်၊
(၄) ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို လက်ခံတာလဲ တူညီတယ်၊
(၅) ဖန်ဆင်းရှင်ကို နှစ်ဖက်လုံးမှာ လက်မခံပဲ ပယ်မြစ်ပါတယ်။
(၆) အနိစ္စ ၊ဒုက္ခ၊အနတ္တ နဲ့ သီလ၊သမာဓိ ၊ပညာတွေကို နှစ်ဖက်လုံးက လက်ခံကြတယ်။

Mahayana and Theravada
Now, what is the difference between Mahayana and Theravada?
I have studied Mahayana for many years and the more I study it, the more I find there is hardly any difference between
Theravada and Mahayana with regard to the fundamental teachings.
1- Both accept Sakyamuni Buddha as the Teacher.
2- The Four Noble Truths are exactly the same in both schools.
3- The Eightfold Path is exactly the same in both schools.
4- The Paticca-samuppada or the Dependent Origination is the same in both schools.
5- Both rejected the idea of a supreme being who created and governed this world.
6- Both accept Anicca, Dukkha, Anatta and Sila, Samadhi, Panna without any difference.
ထိုကဲ့သို့ အနှစ်သာရပိုင်းမှာ ထေရ၀ါဒ နှင့် မဟာယာနဟာအားလုံးလက်ခံကျင့်သုံးခြင်းဟာအတူ တူပင် ဖြစ်ပါတယ်။

 ဦးဇင်းတို့၏ ၀ါဒနှစ်ခုလုံးဟာ ဒကာကြီးတို့မူဆလင် ဂိုဏ်း ကွဲများဖြစ်တဲ့  ဆွန်နီမူဆလင် နှင့်ဆီးရို က်မူဆလင်တွေလို အချင်းချင်း သတ်ဖြတ်ခြင်း၊ အကြမ်း ဖက်ခြင်း၊စသည်များပြုလုပ် ခြင်းနဲနဲမှမရှိပါဘူး ဒကာ၊ ဒကာတို့အစ္စလာမ်တွေဟာ ဘာသာမတူလူမျိုးခြားကိုအသာထားလို့ ဆွန် နီနဲ့ ဆီးရိုက်လို ဘာသာတူသူ အချင်းချင်းတောင် ကွဲလွဲမှုအည်ငယ်ကြောင့် တိုက်ခိုက်ရန်မူနေ ကြခြင်းဟာ ဒကာတော်တို့လက်ခံကျင့်သုံးနေတဲံ ဘာသာတရားရဲ့ အဆုံးအမတရားတော်များနှင့် အများကြီးသက် ဆိုင်ပါတယ်ဒကာ။လောကမှာ ‘ကိုးကွယ်စရာ များစွာရှိနိုင်ပေမဲ့လည်း စစ်မှန် သော၊အေးချမ်းငြိမ်းအေးသော၊ လွတ်မြောက်ကြောင်း အမှန်တရားကတော့ တစ်ခုတည်း ပဲရှိနိုင်ပါတယ်’ ဒကာကြီး။ 

ဒကာကြီးတို့ မူဆလင်များကိုယ်တိုင် အစ္စလာမ်ဘာသာကိုငါတို့ဘာ့ကြောင့်ကိုးကွယ်ဆည်း ကပ်နေကြသသလဲ …? ဆိုတဲ့ မေးခွန်းကိုပြန်လည်မေးခွန်းထုတ်ကြည့်ပါ၊ မှန်ကန်တဲ့ အဖြေရရှိနိုင် ဖို့အတွက် ဘာသာစွဲကင်းကင်းနဲ့ ပညာဉာဏ်ရှေ့ထားပြီးအဖြေထုတ်ကြည့်ကြပါ။ ဆင်းရဲဒုက္ခတွေ က လွတ်မြောက်ချင်လို့၊ကိုယ်စိတ် နှစ်ပါး အေးချမ်းသာယာချင်လို့၊လောကီလောကုတ္တရာ(ယခု နှင့်နောင်)အကျိုးရရှိချင်လို့စတဲ့ကောင်းမြတ်တဲ့ ရည်ရွယ်ချက်ကြောင့် အစ္စလာမ် ဘာသာကို ကိုးကွယ်နေခြင်းဖြစ်သည်ဆိုရင်၊အစ္စလာမ်ဘာသာက ငါတို့ လိုလားတောင်းတသလို အေးချမ်းမှုနှ င့် အမှန်တရားကို အမှန်တကယ်ပေးနိုင်စွမ်းရှိ၊မရှိ ဆိုတာကို တွေးတောဆင်ခြင် လေ့လာသင့်ပါ တယ်ဒကာကြီး။

ဘာသာတရားတခုကို ကိုးကွယ်တဲ့အခါမှာ  မိမိရဲ့ဘ၀နဲ့သံသရာတခုလုံးကိုပေဆပ်ပြီး ကိုး ကွယ်ရတာဖြစ်လို့ မိမိတို့ကိုးကွယ်နေတဲ့ ဘာသာတရားဟာ တကယ်အစစ်အမှန်ဟုတ်ရဲ့ လား၊ တကယ်ကော ငါတို့မျှော်လင့်သလို အေးချမ်းမှု၊လွတ်မြောက်မှုကို ပေးစွမ်းနိုင်သလားဆိုတာကို ဘာသာစွဲကင်းကင်းနဲ့ ကိုးကွယ်စရာဘာသာတရားကို ပညာဉာဏ်နဲ့အသိဉာဏ်ဆိုတဲ့ မှတ်ကျော က်ပေါ်မှာ တင်ပြီးစစ်ဆေးကြည့်ပါ၊ ဒီလိုမှတ်ကျောက်တင်စစ်ဆေးတဲ့အခါ ငါဟာဘယ်ဘာသာ ၀င်၊ဘယ်လူမျိုးစတဲ့ ငါစွဲတွေကိုပယ်ဖျောက်ပြီး ဘာသာမဲ့တယောက်လို စည်းဘေးထွက်ပြီးဘာ သာတွေကိုလေ့လာဆန်း စစ်ပါ၊ကိုယ်မျှော်လင့်တဲ့အတိုင်း ပေးစွမ်းနိုင်တယ်လို့ ယုံကြည်တဲ့ဘာ သာ၊ကိုးကွယ်ထိုက်တဲ့ ဘာသာကိုပဲကိုးကွယ် ပါဒကာတော်၊

 “ကုန်ရှုံးရင်တစ်ခေါက်၊ လင်ရှုံးရင် တစ်သက်၊ ကိုယ်ကွယ်မှု(ဆရာ) ရှုံးရင် တစ်သံသရာလုံးမှောက်” ဆိုပြီး ဦးဇင်းတို့မြန်မာ စကားပုံတစ်ခုရှိပါတယ် ၊ဒီစကားပုံဟာ ကိုးကွယ်မှုဘာသာတရားမှန်ကန်ဖို့ အရေး ကြီးပုံကို သတိ ပေးထားခြင်းဖြစ်ပါတယ်၊ လောကမှာတခဏသာအသုံးပြုမဲ့ ပစ္စည်းလေးတွေကိုတောင် ၀ယ်ယူတဲ့ အခါမှာ ကောင်း၊မကောင်း၊အပြစ်အနာဆာရှိ၊မရှိစစ်ဆေးကြည့်ကြသေရင် မိမိတို့ရဲ့ ဘ၀တခုလုံ၊ သံတရာတစ်လျှောက်လုံးတဲ့ သက်ဆိုင်တဲ့ ဘာသာတရားကိုရွေးချယ်တဲ့အခါ ပို၍စစ်ဆေးလေ့လာ မသင့်ပေဘူးလားဒကာတော်၊

“ထေရ၀ါဒချင်း အတူတူလို့ ပြောနေတဲ့ မိုးပြာဂိုဏ်းကိုရော လူကြီးမင်း ဘယ်လိုမြင်ပါ သလဲ?”ဆိုတဲ့ ဒကာစိုက်ယဒ်ဟာဂျီဘေလားလ်နူးရ် ရဲ့မေးခွန်းကိုဖြေရရင် ပထမအနေနဲ့ထေရ၀ါဒ ဆိုတဲ့ အဓိပ္ပါယ်ကို နာလည် သိမြင်အောင် ရှင်းပြပါမယ်။ ထေရ၀ါဒဆိုတာ  “ထေရာနံ ၀ါဒေါတိ ထေရ၀ါဒေါ၊ ဆိုတဲ့ ဒေသနာတော်နဲ့အညီ ဗုဒ္ဓမြတ်စွာဟောကြားတော်မူထားတဲ့ တရားဒေသနာ တော်တို့ကို ဗုဒ္ဓမြတ်စွာသက်တော်ထင်ရှား ရှိတော်မူစဉ်ကာလကအတိုင်း၊ “ပြုပြင်ခြင်း၊ဖြည့်စွ က်ခြင်း၊ပယ်နှုတ်ခြင်းအလျဉ်းမရှိပဲ ဗုဒ္ဓမြတ်စွာ၏ တရားတော်မြတ်အတိုင်း သင်ယူခြင်း၊လိုက် နာခြင်း၊ဟောပြောပို့ချခြင်း၊ကျင့်သုံးခြင်းအားဖြင့် နေတော်မူကြတဲ့သံဃာတော်မြတ်တို့၏ ၀ါဒကို ထေရ၀ါဒဟု ခေါ်ဆိုတာဖြစ်ပါတယ်”

သို့ဆိုလျှင်ဗုဒ္ဓမြတ်စွာ၏ ဒေသနာတရားတော်အတိုင်းသင်ကြားခြင်း၊လိုက်နာခြင်း၊ ဟောေ ပြာပို့ချ ခြင်း၊ကျင့်သုံးခြင်းမရှိတဲ့ အဓမ္မ၀ါဒီ မိုးပြာဂိုဏ်းဟာ ထေရ၀ါဒဟုတ်၊မဟုတ်ဆိုတာကို  ဒကာ ကြီးတို့တွင် မူကြိုအဆင့်မျှ အသိပညာရှိမည်ဆိုကနားလည်သဘောပေါက်ပါလိပ်မယ်လို့်ထင်ပါတယ်။မိုးပြာဂိုဏ်းရဲ့ နောက်ကွယ်မှနေပြီး ဘယ်သူတွေကအားပေးအားမြှောက် ထောက် ပန့်ပေး နေ တယ် ဆိုတာကို ဒကာကြီး တို့ မူဆလင်ထိပ်ပိုင်းကို လေ့လာကြည့်ရင် သိရှိနိုင်ပါလိပ်မယ်ဒကာ ကြီး။

နောက်ဆုံးမေးခွန်းဖြစ်သော အရိမ္မတေယ(အရိမေတ္တယျ ဟုရေးမှသာမှန်၏) မြတ်စွာ ဘုရားပွင့်မယ့် ကိစ္စကို ဘယ်လိုယုံကြည်ထားပါသလဲ? မေးခွန်းကိုလည်း ဥပမာလေးတခု ပြောပြ လိုက်လျှင် ဒကာကြီးအ နေဖြင့်  ရှင်းလင်းသဘောပေါက်သွားပါလိပ်မယ်။

လောကမှာ အမြတ်ဆုံးဖြစ်တဲ့ဘုရားအဖြစ်ကိုရှိဖို့ဆိုတာကိုအသာထား B.A,B.Sc,ကဲ့သို့ ဘွဲ့လေးတစ်ဘွဲ့ရရှိရန်အ တွက်ကိုပင် ငယ်စဉ်အစကလေးဘ၀မှစပြီးမူကြိုတန်း၊မူလတန်း၊ အလယ် တန်း၊ အထက်တန်းအပြင် တက္ကသိုလ်အထိ နှစ်ပေါင်းများစွာ အချိန်တွေ၊ငွေတွေ ပေးဆပ်ဖြည့် ဆည်း ခဲ့ကြရတာမ ဟုတ်ပါလား၊ မူကြို၊မူလတန်းမှ အထက်တက္ကသိုလ်အထိ တက်ရောက်သင် ယူခဲ့ခြင်းမရှိပဲ ဘယ်ဘုရားကမှ ရော့အင့် B.A,M.A,ဘွဲ့တွေရစေဆိုပြီးလုပ်ပေးလို့မရနိုင်ပါဘူး၊ အကယ်၍ လုပ်ပေးမယ်လို့ပြောရင်လဲ ဒါဟာအမှန်တရားနဲ့ကင်းကွာသွားပါလိပ်မယ်၊ ဘုရားကိုအား ကိုးပြီး စာမကျက်ပဲနေမည်ဆိုက ဘယ်လိုနည်းနှင့်မှ မှန်ကန်တဲ့စာမေးပွဲအောင်နိုင်မှာမဟုတ်သလို စာမေးပွဲကိုလည်း ဘယ်ဘုရာသခင်ကမှ ကိုယ်စားလာပြီး စာမေးပွဲဖြေဆိုပေးမှာမဟုတ်ပါဘူး။

ဒီလိုလောကီဘွဲ့တစ်ခုအတွက်အတွက် အချိန်တွေ၊ငွေတွေ၊ကြိုးစားမှုတွေနဲ့ ဖြည့်ကျင့်အား ထုတ်ရသေးရင် ဘုရားဖြစ်ဖို့ရန်အတွက် ဘယ်လောက်ထိအားထုတ်ဖြည့်ဆည်းရမယ်ဆိုတာ ကိုယ် တိုင်သာဆုံးဖြတ်ပါ၊ဘာအားထုတ်ဖြည့်ကျင့်၊ကြိုးစားမှုမှမရှိပဲဘုရားသခင်ဖြစ်ပေါ်လာသည်ဆိုတာ ဖြစ်နိုင်၏၊မဖြစ်နိုင်၏ဆိုတာကို ဒကာကြီးကိုယ်တိုင်သာ အဖြေရှာပါဒကာ။ ဦးဇင်းတို့ဗုဒ္ဓဘာသာအရ နောင်ပွင့်တော်မူမဲ့ အရိမေတ္တယျအလောင်းတော်ဟာ ဘုရားဖြစ်ရန်အတွက်ဘုရားဖြစ်ကြောင်း ဒါန၊ သီလစတဲ့ပါရမီတော်တွေကို ဖြည့်ဆည့်နေခြင်းပဲဖြစ်ပါတယ်၊ ကျောင်းမှန်မှန်တက်၊စာမှန်မှန် ကျက်သူဟာ နောင်တချိန်မှာသေခြာပေါက် ဘွဲ့ရရှိမှာဖြစ်ပါတယ်၊ ရန်ကုန်ကိုရောက်ချင်တဲ့သူဟာ ရန်ကုန်ကိုရောက်မယ့်လမ်း ကိုတော့ သေခြာပေါက်လျှောက်ရပါလိပ်မယ်ဒကာ၊ ထမင်းစားချင် ရင်တော့ ထမင်းကိုချက်ရပါမယ် ဘယ်ဘုရားသခင်ကမှ ထမင်းရောက်အောင်လုပ်ပေး မှာမဟုတ်ပါဘူး။ ဘွဲ့ရချင်သူကျောင်းတက်တာ၊ ရန်ကုန်ရောက် ချင်သူ ရန်ကုန်ရောက်မယ့်လမ်း ကိုသွားတာ ၊ ထမင်းစားလိုသူ ထမင်းချက်တာဟာ တကယ်မှန်တဲ့ လမ်းစဉ်ပါ၊ဘာမှသံသယ၀င် စရာမရှိပါဘူး၊ ဘာအ ကျင့်မှမကျင့်ဆောင်ပဲ ဗုန်းကနဲ့ဘုရားပေါ်လာခြင်းသည်သာ သံသယပွားစ ရာမဟုတ်ပါလားဒကာတော်။

ဒကာတော်စိုက်ယဒ်ဟာဂျီဘေလားလ်နူးရ်ရေ ဒကာတော်တို့ အစ္စလာမ်ဘာသာကိုဒကာ ကြီးဦးနေ မျိုးဝေက  ကုရ်အာန်စာအုပ်မှ ထုတ်နှုတ်ကာမေးခွန်ထုတ်သလို ဒကာကြီးလဲ နောင်အ ချိန်မှာ ဗုဒ္ဓဒေသနာတော်ထဲမှထုတ်နှုတ်ပြီးအဆင့်မြင့်မြင့် မေးခွန်းများစွာကိုထုတ်နှုတ်မေး နိုင်လိပ်မယ်လို့မျှော်လင့်မိပါတယ်ဒကာ။ နောက်ဆုံးအနေနဲ့ဒကာကြီးကို မေးလိုသည်မှာ ဗုဒ္ဓမြ တ်စွာရဲ့ အကြောင်းဘ၀ဖြစ်စဉ်ဗုဒ္ဓ၀င်လို ဒကာကြီးတို့အလ္လာမှာ တိကျခိုင်လုံတဲ့အထ္ထုပ္ပါဒ်ဘ၀ဖြစ်စဉ် နှင့် ဗုဒ္ဓဘာသာတွင်ရှိသော သီလ၊သမာဓိ၊ပညာ၊ သောတာပတ္တိ၊ သကဒါဂါမိ၊အနာဂါမိ၊အရဟတ္တ စတဲ့ ကျင့်စဉ်လမ်းစဉ်များကဲ့သို့မှန်ကန်တိကျ အေးချမ်းသော ကျင့်စဉ်မျိုးကိုရှိပါသလား လို့အမြည်းသဘောမေးခွန်းထုတ်လိုပါတယ်၊ ဒကာတော်ဟာဂျီနှင့်မိတ်ဆွေများ အမှန်တရား ကိုရှာဖွေတွေ့ရှိပြီး “အမြင်မှန်ရကာ အမှားပြင်နိုင်၍ လမ်းမှားပယ်ဖျောက် လမ်းမှန်ရောက်ပါစေဟု  ပတ္ထနာပြုဆုတောင်းလိုက်ပါတယ်ဒကာတော်.။


(ဘာသာတရားအဆီအနှစ်၊ ကိုယ်စီသုံးဆောင်နိုင်ကြပါစေ)

ဓမ္မ၀ီရ အရှင်တေဇနိယ

Ph,D(Thesis)

Monday, July 14, 2014

ကားထဲတွင်ကျန်သော ရေသန့်ဘူးမှ ရေကို မသောက်သင့်



အနောက်တိုင်း ဆေးပညာရှင်များရဲ့  လေ့လာတွေ့ရှိချက်ဖြစ်ကြောင်း ဆိုပါတယ်။ ကားထဲမှာ အချိန်အတော်ကြာ ထားရှိခဲ့တဲ့ ရေသန့်ဘ...ူး မှ ရေများကို သောက်သုံးခြင်းဟာ ကင်ဆာ နှင့် အခြားသော ရောဂါ များကို ပိုမိုဖြစ်လွယ်စေကြောင်း သိရပါတယ်။
ကားအတွင်း အပူအချိန်ဟာ ပြင်ပ အပူချိန်ထက် သိသိသာသာ ပိုနေ တတ်ပြီး ယင်းထဲမှာ အကြာကြီးချိန်ထားတဲ့ ပလပ်စတစ် နဲ့ ပြုလုပ်ရေ သန့်ဘူး ဟာ Dioxins လို့ခေါ်တဲ့ ဓာတုဗေဒ ဓာတ်တစ်မျိုးကို ထုတ်လုပ်တယ်လို့ ဆိုပါတယ်။ ယင်း ဓာတုဗေဒ ဓာတ်ဟာ အမျိုးသမီးတွေ မှာ ရင်သားကင်ဆာ ဖြစ်စေဖို့အတွက် အဓိက ထောက်ပံ့ပေးတဲ့ ပိုးမွားဖြစ်ပြီး အမျိုးသမီးတင်မက၊ အမျိုးသားများကိုပါ ကင်ဆာနဲ့ ဆက်စပ်ရောဂါ များကို ဖြစ်ပွားစေကြောင်း ဆိုပါတယ်။
Dioxin တွေဟာ ရေနဲ့ ရောနှောသွားပြီး လူ့ခန္ဓာကိုယ်ကို ဆိုးကျိုးပေး တတ်တဲ့ ရောဂါပိုးအသွင်ကို ပြောင်းလဲသွားပါတယ်။ အဓိကကတော့ အပူဒဏ်ပါ။ ရေသန့်ဘူး တွေဟာ သာမန် အခန်းအပူချိန်မှာထားလို့ အဆင်ပြေပေမယ့် ယင်းထက် ပူလောင်တဲ့ ဘယ်လို အပူချိန် မှာပဲ ထားထား ပလပ်စတစ်နဲ့ ဓာတုဗေဒဓာတ်များ လောင်ကျွမ်းပြီး လူတို့ရဲ့  ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက် စေပါတယ်။
ဒါကြောင့် ရေသန့်ဘူးထဲကို ရေပူထည့်ခြင်း၊ အပူလွန်ကဲနေသော နေရာနဲ့ ကားအတွင်းခန်းတို့လိုနေရာမှာ ထားခြင်းတို့ကို ရှောင်ကြဉ်ပြီး သောက်သုံး မှုကို မပြုလုပ်ရန် သတိပေး တားမြစ်ထားကြောင်း သိရပါတယ်။
.
Ref: medic-facts
အောင်ခမ်း ( ရိုးရာလေး )

Sunday, July 13, 2014

အရက်အနည်းငယ်သောက်ခြင်းသည် လူအချို့ ယုံကြည်သလို ကျန်းမာရေးအကျိုးကျေးဇူး မရှိ



ပါရီ− အရက်သောက်သူများ သဘောကျနှစ်ခြိုက်၍ မကြာခဏညွှန်းဆိုလေ့ရှိသည့် အချိန်ကြာမြင့်စွာယုံကြည်ထားခဲ့ကြသော ဆေးဘက်ဆိုင်ရာ အကြံပေးချက်တစ်ခုအရ အရက်တစ်ခွက် (သို့မဟုတ်)နှစ်ခွက်သောက်ခြင်းသည် နှလုံးအတွက်ကောင်းသည်ဟုဆို၏။

သို့သော် အရက်အနည်းအကျဉ်းသောက်သုံးနေခြင်းကိုလျှော့ချလိုက်ပါက နှလုံးသွေးကြောဆိုင်ရာရောဂါများကို ကာကွယ်နိုင်ခြေပိုများလာစေရုံသာမက ကိုယ်အလေးချိန်လျှော့ချရာတွင်လည်းကူညီနိုင်ကာသွေးတိုးလည်းကျစေနိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်ကဖော်ပြသည်။
မိမိတို့၏လေ့လာမှုအရ အရက်ကိုအနည်းငယ်သောက်သူဖြစ်စေ၊ အသင့်အတင့်သောက်သူဖြစ်စေ၊ အလွန်အကျွံသောက်သူဖြစ်စေ ၎င်းတို့၏အရက်သောက်သုံးမှုကိုလျှော့ချလိုက်ခြင်းဖြင့် နှလုံးသွေးကြောဆိုင်ရာကျန်းမာရေးဆက်နွှယ်မှုရှိကြောင်းတွေ့ရှိရသည်ဟု သုတေသီများက ပြောသည်။
အရက်သောက်သုံးမှုလျှော့ချလိုက်သူများအနေဖြင့် နှလုံးသွေး ကြောဆိုင်ရာရောဂါအန္တရာယ် ၁၀ ရာခိုင်နှုန်းလျော့ကျသွားနိုင်ပြီး သွေးတိုးခြင်းလည်း လျော့သွားသကဲ့သို့ ခန္ဓာကိုယ်ညွှန်းကိန်း (BMI) လည်းလျော့ကျသွားနိုင်သည်ဟုလေ့လာမှုအသစ်ကဖော်ပြသည်။
သင်သည် အရက် အတန်အသင့်သောက်သုံးသူဆိုလျှင်အရက် သောက်ခြင်းကိုလျှော့ချလိုက်ခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများရရှိနိုင်သည်ဟု လေ့လာသူများကပြောသည်။
ယင်းလေ့လာမှုရလဒ်မှာ ယခုခေတ် လူတိုင်းနီးပါးလက်ခံထား သောအရာတစ်ခုကို စိန်ခေါ်လိုက်သောကြောင့် စိတ်ဝင်စားစရာကောင်းသည်ဟု အမှီအခိုကင်းသောသတင်းတင်ဆက်သူများက ပြောသည်။ သို့သော် အချေအတင်ပြောဆိုမှုများဖြစ်လာနိုင်သည်ဟု ၎င်းတို့ကသတိပေးထားသည်။
အရက် အနည်းအကျဉ်းသောက်သုံးခြင်းနှင့် အတန်အသင့်သောက်သုံးမှုဆိုသည်မှာ သီတင်းတစ်ပတ်လျှင် အရက်ယူနစ်ပေါင်း ၁၂ ယူနစ်နှင့် ၂၅ ယူနစ်ကြား သောက်သုံးမှုကိုဆိုလိုသည်။
အရက်ပါဝင်မှု ၅ ရာခိုင်နှုန်းရှိသော ယမကာ ၃၃၀ မီလီလီတာကို အရက် ၁ ဒသမ ၆ ယူနစ်ဟုသတ်မှတ်ပြီး အရက် ၁၂ ရာခိုင်နှုန်းပါဝင်သည့် ဝိုင် ၁၂၅ မီလီလီတာကို အရက် ၁ ဒသမ ၅ ယူနစ်အဖြစ်သတ်မှတ်ကြောင်းသိရသည်။
သို့သော် အရက်ကို လက်မခံနိုင်သော မျိုးရိုးဗီဇရှိသူများတွင် နှလုံးရောဂါကိုလျှော့ချနိုင်သောအတိုင်းအတာဖြစ်သည့်အပြုအမူများ (သို့မဟုတ်)စရိုက်များရှိကြောင်း ပါမောက္ခတင်ဆက်တာကပြောသည်။Ref: AFP

Saturday, July 12, 2014

ရောဂါစုံကုသနိုင်တဲ့ နနွင်း

ရောဂါစုံကုသနိုင်တဲ့ နနွင်း

နနွင်းကို  ရိုးရာဆေးဝါးအဖြစ် နှစ်ပေါင်းများစွာကတည်းကပင် အသုံးပြုခဲ့ကြပြီး အသားဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်စီ၊ ဗီတာ မင်အီး၊ ဗီတာမင်ကေ၊ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကယ်လ်စီယမ်၊ ကော့ပါး၊ သံဓာတ်၊ မဂ္ဂနီဆီယမ် နဲ့ ဇင့်ဓာတ်တို့ပါဝင်တာကြောင့် ကျန်းမာရေးပြဿနာမျိုးစုံကုသ ရာမှာ အသုံးပြုလေ့ရှိပါတယ်။

နနွင်းဟာ ကင်ဆာရောဂါ တွေမဖြစ်ပွားအောင် ကာကွယ် ပေးနိုင်ပြီး ကင်ဆာဆဲလ်တွေကို ဖျက်ဆီးနိုင်စွမ်း   ရှိပါတယ်။ သုတေသနပြုချက် အတော်များ များရဲ့ အဆိုအရ နနွင်းဟာ သွေး ကင်ဆာ၊ အူကင်ဆာနဲ့ ရင်သား ကင်ဆာတွေကို ကာကွယ်နိုင်စွမ်း ရှိတယ်လို့သိရပါတယ်။ ဒါ့အပြင်  အဆစ်အမြစ်နာတာ၊ ရောင်တာ တွေလျော့ပါးသက်သာစေနိုင် သလို သွေးတွင်းသကြားဓာတ် ပမာဏကိုထိန်းပေးနိုင်တာ ကြောင့် ဆီးချိုရောဂါကုသဖို့ အတွက်လည်း အသုံးပြုနိုင်ပါ တယ်။

ကိုလက်စထရောပမာဏ များနေရင်လည်း နနွင်းကိုချက် ပြုတ်တဲ့အစားအသောက်ထဲ ထည့်ချက်ပြီး စားသုံးပေးရင် ကိုလက်စထရောလျော့ကျနိုင်ပါ တယ်။ နနွင်းမှာပါတဲ့ ဓာတ် တစ်မျိုးဟာ ကိုယ်ခံအား ကောင်း အောင်မြှင့်တင်ပေးနိုင်ပြီး  အအေးမိ၊ ချောင်းဆိုး၊ တုပ် ကွေး ဖြစ်တာတွေကို ကာကွယ်ပေး တယ်လို့ဆိုပါတယ်။ အအေးမိ၊ ချောင်းဆိုး၊ တုပ်ကွေးဖြစ်ပြီဆိုရင် လည်း နနွင်းမှုန့်လက်ဖက်ရည် ဇွန်းတစ်ဇွန်းနဲ့ နွားနို့နွေးနွေး သောက်ပေးရင်သက်သာပျောက် ကင်းပါတယ်။

ထိခိုက်ဒဏ်ရာဖြစ်လို့ အရေ ပြားပွန်းပဲ့ပေါက်ပြဲခဲ့ရင်  သဘာဝပိုးသတ်ဆေး၊  အနာကျက်ဆေး ဖြစ်တဲ့နနွင်းမှုန့်သိပ်ပေးရင် သက်သာနိုင်သလို  အပူလောင်နာဖြစ် ရင်လည်း နနွင်းမှုန့်အုပ်ပေးထား ရင်   ပျောက်ကင်းတယ်လို့ဆိုပါ တယ်။ အရေပြားပျက်စီးနေတာ တွေနဲ့ အသားအရောင်မမှန်တာ တွေအတွက်   နနွင်းက  ဆေးကောင်းဝါးကောင်းတစ်ခုပါပဲ။

ကိုယ်အလေးချိန်နဲ့ပတ် သက်ပြီးတော့လည်း နနွင်းက အကောင်းဆုံးကူညီပေးနိုင်ပြီး အဝလွန်သူတွေနဲ့ ကိုယ်အလေး ချိန်များနေသူတွေ အစာစားပြီး တိုင်း နနွင်းမှုန့်စားပွဲတင်ဇွန်းတစ် ဇွန်းသောက်ပေးနိုင်ပါတယ်။ ဒါ့ အပြင် အသက်အရွယ်အပြောင်း အလဲမှာဖြစ်တဲ့ မှတ်ဉာဏ်ချို့ ယွင်းမှုအယ်လ်ဇိုင်းမားရောဂါ အတွက်လည်း နနွင်းကကာကွယ် ပေးနိုင်ပါသေးတယ်။

ပြီးတော့ အစာမကျေဖြစ် တာတွေနဲ့ အစာအိမ်ရောဂါ၊ ဆီး အိမ်၊ ဆီးလမ်းကြောင်းရောဂါ တွေနဲ့ အသည်းရောဂါတွေမဖြစ် ပွားစေဖို့အတွက် ဆေးဖက်ဝင် နနွင်းက ကူညီပေးနိုင်တဲ့ အကြောင်း ဖော်ပြလိုက်ပါတယ်။
ရောဂါစုံကုသနိုင်တဲ့ နနွင်း
နနွင်းကို ရိုးရာဆေးဝါးအဖြစ် နှစ်ပေါင်းများစွာကတည်းကပင် အသုံးပြုခဲ့ကြပြီး အသားဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်စီ၊ ဗီတာ မင်အီး၊ ဗီတာမင်ကေ၊ ဆု...ိဒီယမ်၊ ပိုတက်ဆီယမ်၊ ကယ်လ်စီယမ်၊ ကော့ပါး၊ သံဓာတ်၊ မဂ္ဂနီဆီယမ် နဲ့ ဇင့်ဓာတ်တို့ပါဝင်တာကြောင့် ကျန်းမာရေးပြဿနာမျိုးစုံကုသ ရာမှာ အသုံးပြုလေ့ရှိပါတယ်။
နနွင်းဟာ ကင်ဆာရောဂါ တွေမဖြစ်ပွားအောင် ကာကွယ် ပေးနိုင်ပြီး ကင်ဆာဆဲလ်တွေကို ဖျက်ဆီးနိုင်စွမ်း ရှိပါတယ်။ သုတေသနပြုချက် အတော်များ များရဲ့ အဆိုအရ နနွင်းဟာ သွေး ကင်ဆာ၊ အူကင်ဆာနဲ့ ရင်သား ကင်ဆာတွေကို ကာကွယ်နိုင်စွမ်း ရှိတယ်လို့သိရပါတယ်။ ဒါ့အပြင် အဆစ်အမြစ်နာတာ၊ ရောင်တာ တွေလျော့ပါးသက်သာစေနိုင် သလို သွေးတွင်းသကြားဓာတ် ပမာဏကိုထိန်းပေးနိုင်တာ ကြောင့် ဆီးချိုရောဂါကုသဖို့ အတွက်လည်း အသုံးပြုနိုင်ပါ တယ်။
ကိုလက်စထရောပမာဏ များနေရင်လည်း နနွင်းကိုချက် ပြုတ်တဲ့အစားအသောက်ထဲ ထည့်ချက်ပြီး စားသုံးပေးရင် ကိုလက်စထရောလျော့ကျနိုင်ပါ တယ်။ နနွင်းမှာပါတဲ့ ဓာတ် တစ်မျိုးဟာ ကိုယ်ခံအား ကောင်း အောင်မြှင့်တင်ပေးနိုင်ပြီး အအေးမိ၊ ချောင်းဆိုး၊ တုပ် ကွေး ဖြစ်တာတွေကို ကာကွယ်ပေး တယ်လို့ဆိုပါတယ်။ အအေးမိ၊ ချောင်းဆိုး၊ တုပ်ကွေးဖြစ်ပြီဆိုရင် လည်း နနွင်းမှုန့်လက်ဖက်ရည် ဇွန်း တစ်ဇွန်းနဲ့ နွားနို့နွေးနွေး သောက်ပေးရင်သက်သာပျောက် ကင်းပါတယ်။
ထိခိုက်ဒဏ်ရာဖြစ်လို့ အရေ ပြားပွန်းပဲ့ပေါက်ပြဲခဲ့ရင် သဘာဝပိုးသတ်ဆေး၊ အနာကျက်ဆေး ဖြစ်တဲ့နနွင်း မှုန့်သိပ်ပေးရင် သက်သာနိုင်သလို အပူလောင်နာဖြစ် ရင်လည်း နနွင်းမှုန့်အုပ်ပေးထား ရင် ပျောက်ကင်း တယ်လို့ဆိုပါ တယ်။ အရေပြားပျက်စီးနေတာ တွေနဲ့ အသားအရောင်မမှန်တာ တွေအတွက် နနွင်းက ဆေးကောင်းဝါးကောင်းတစ်ခုပါပဲ။
ကိုယ်အလေးချိန်နဲ့ပတ် သက်ပြီးတော့လည်း နနွင်းက အကောင်းဆုံးကူညီပေးနိုင်ပြီး အဝလွန်သူတွေနဲ့ ကိုယ်အလေး ချိန်များနေသူတွေ အစာစားပြီး တိုင်း နနွင်းမှုန့်စားပွဲတင်ဇွန်းတစ် ဇွန်းသောက်ပေး နိုင် ပါတယ်။ ဒါ့ အပြင် အသက်အရွယ်အပြောင်း အလဲမှာဖြစ်တဲ့ မှတ်ဉာဏ်ချို့ ယွင်းမှုအယ်လ်ဇိုင်းမားရောဂါ အတွက်လည်း နနွင်းကကာကွယ် ပေးနိုင်ပါသေးတယ်။
ပြီးတော့ အစာမကျေဖြစ် တာတွေနဲ့ အစာအိမ်ရောဂါ၊ ဆီး အိမ်၊ ဆီးလမ်းကြောင်းရောဂါ တွေနဲ့ အသည်းရောဂါတွေမဖြစ် ပွားစေဖို့အတွက် ဆေးဖက်ဝင် နနွင်းက ကူညီပေးနိုင်တဲ့ အကြောင်း ဖော်ပြလိုက်ပါတယ်။

Friday, July 11, 2014

အိမ်ရှင်မတို့အတွက် လမ်းညွှန်



အိမ်ဦးခန်းဘုရားစင်ဝေယျာဝစ္စမှစ၍၊ အိမ့်နောက်ဖေးမီးဖိုချောင်မ ကျန်၊ ရေချိုး ခန်း(သန့် စင်ခန်း)အဆ...ုံး အိမ်ရှင်မတစ်ဦး၏ တာဝန်များမှာ မရေမတွက်နိုင်အောင် များပြားလှပါတယ်။ ဒါကြောင့်လည်း ရှေးလူကြီးများက “အိမ်မှုကိစ္စဝေယျာဝစ္စ” ရယ် လို့  အမည်တပ်ခဲ့ကြပါတယ်။ နေ့ တဓူဝကြုံတွေ့ နေရတဲ့ သမရိုးကျအိမ်ထောင့် တာဝန်များ ကို ပုံမှန်နည်းဖြင့်ဖြေရှင်းနိုင်သော်လဲ၊ တခါတရံ မထင်မှတ်တဲ့ အခက် အခဲ လေးတွေအတွက် ဖြတ်ထိုးဥာဏ်သုံးတတ်ဖို့ လိုပါတယ်။
၁) အိမ်ကသမီးလေးက ကိုရီးယားမင်းသလေးလို ဆံပင်တောက်ပြောင်ချောမွေ့ ချင် လိုက်တာ မေမေရယ်လို့ ပူဆာလာခဲ့ရင်၊ ရှာလကာ ရည် လ္ဘက်ရည်ဇွန်း ၁-ဇွန်း ထဲ့ပြီး ခေါင်းလျှော်ခိုင်းလိုက်ပါ။
၂) ခင်ပွန်းမှာ ဂျိုင်းမွေးရိတ်ကရင်မ် ကုန်နေခဲ့လျှင်၊ အရေးပေါ်အဖြစ် ဆံပင်ပေါင်းဆေး (conditioner) ပေးသုံးလိုက်ပါ။ ဂျိုင်းမွှေးရိတ်ရ လွယ်ကူသလို အသားအရေ လည်း ချောမွေ့ သွားစေပါတယ်။
၃) မိတ်ကပ်ဖျက်ဆေးဗူး အထားမှားလို့ အလွယ်တကူရှာမတွေ့ ခဲ့ ရင်၊ ခေါင်း လိမ်းတဲ့သံလွင်ဆီ နှင့်ဖျက်ပါ။ (မျက်လုံးထဲမ၀င်ပါစေနဲ့ )
၎) မီးပူတိုက်ရင်း (သို့ မဟုတ်) ချက်ပြုတ်ရင်း မတော်တဆ အပူလောင်ပြီး အရည်ကြည် ဖုပေါက်ခဲ့ရင်၊ ငံပြာရည် (သို့ ) pepsodent သွား တိုက်ဆေး (သို့ ) အာလူးထက်ခြမ်းခြမ်းကပ် (သို့ ) ဆရာစိုင်းလိမ်းဆေး (သို့ ) ဆေးဖယောင်းချပ်ကပ်ပါ။
၅) ဖိနပ်သဲကြိုးရာ ခြေထောက်မှာစွဲကျန်နေလို့ စိတ်မညစ်ပါနဲ့  ရှာလကာရည် ပွတ်လိမ်းပေးပါ။
၆) တစ်စုံတစ်ယောက်အတွက် လက်ဆောင်ပစ္စည်းဝယ်ထားပြီး၊ ဈေးနှုန်းတန် ဘိုးမ သိစေ ချင်ပါသော်လဲ၊ အချို့ ပစ္စည်းများတွင် ဈေးနှုန်းတံ ဆိပ်ကို လုံးဝခွာမ ရဖြစ်နေ တတ် ပါတယ်။ ဆံပင်အခြောက်ခံစက်ကို မီးအားမြှင့်၍ အပူပြင်းပြင်း မှုတ်ထုတ် လိုက်ပါ။
၇) ရေခဲတုံးသန့် သန့့်လိုချင်ရင်၊ ရေနွေးပူပူကို အအေးခံပြီးမှ ရေခဲ ခဲပါ။
၈) သံပုရာသီးအလုံးထဲက သံပုရာရည်များ ကုန်စင်အောင်ညှစ်ချင်ပါရင်၊ ဦးစွာ သံပုရာသီးကို တနာရီခန့် ကြိုတင်၍ ရေနွေးစိမ်ထားပါ။
၉) ဟင်းလျာများနှင့် အသုပ်များအတွက် ဂေါ်ဖီထုပ်က စိမ်းစော်နံပျောက်စေအောင်၊ မချက်ပြုတ်ခင် ဂေါ်ဖီထုပ်ပေါ် ပေါင်မုန့် တချပ် လောက် တင်ထားလိုက်ပါ။
၁၀) ပီကေ၀ါးရင်း ကြက်သွန်နီလှီးရင် မျက်ရည်လုံးဝမကျစေတော့ပါဘူး။
၁၁) အာလူးပြုတ်မြန်မြန်နူးစေချင်ရင်၊ ရှေးဦးစွာ အာလူးစိမ်းရဲ့ တစ်ဘက်စွန်းစီကို အခွံအ နည်းငယ်နွှာပြီးမှ ပြုတ်ပါ။
၁၂) ကန်စွန်းဥပြုတ်များ အခွံနွှာရ လွယ်ကူအောင်၊ ပြုတ်ပြီးသားကန်စွန်းဥပူပူ ကို ရေအေးထဲစိမ်ထားလိုက်ပါ။
၁၃) ကြက်ဥ/ဘဲဥပြုတ်များ အခွံခွာရလွယ်ကူအောင် ဆားထဲ့ပြုတ်ပြီး၊ ကျက်ရင် ကြက်ဥ/ဘဲဥ အချင်းအချင်း ခပ်သာသာ အခွံမာများအက် သွားတဲ့ထိရိုက်ပေးပြီး ရေအေးထဲစိမ်ပါ။
၁၄) အချိန်အတော်ကြာ အသုံးပြုလာခဲ့တဲ့ Coffee Maker (ခေါ်) ကော်ဖီဖျော်အိုး များ ကော်ဖီဂျိုးတူးနံ့ စွဲလာတတ်ပါတယ်။ အဲဒီအခါ ကော်ဖီဖျော်အိုးထဲ ရှာလကာရည်တ ခွက်ထဲ့ကာ ရေအပြည့်ဖြည့်ပြီး၊ နာရီဝက်လောက်အပူပေးနှပ်ထား ပါ။ ပြီးရင် ရေ သန့် ထဲ့တည်၍ နောက်ထပ် နာရီဝက်လောက်တည်ပါ။ ဤနည်းတိုင်း ဒုတိယ အကြိမ် ရေသန့် ထပ်တည်ပါ။ ကော်ဖီဂျိုးတူးနဲ့ ပျောက်ပြီး၊ အနံ့ အရသာ ရှိသော ကော်ဖီဖျော်လို့ ရပါပြီ။
၁၅) ပန်းကန်ဆေးဘေစင်ပိတ်ဆို့ နေလို့ စိတ်မညစ်ပါနှင့်။ မုန့် ဖုတ်ဆော်ဒါ ၁-ဆ ကို ရှာလကာရည် ၂-ဆ ရောဖျောပြီး ရေပိုက်တ လျှောက်လောင်းထဲ့ပါ။ မိနစ် ၂၀ အကြာမှာ ရေနွေးဆူဆူများလောင်းချပေးခြင်းဖြင့် ပိတ်ဆို့ နေမှုများ လျောဆင်းသွားပါလိမ့်မယ်။
၁၆) သစ်သားစားပွဲခုံပေါ်မှာ အအေးခွက် (သို့ မဟုတ်) ရေနွေးခွက် တင်တာကြာသွား ရင် အဖြူရောင် အကွက်များစွန်းကျန်လာပါတယ်။ ဟင်းချက်ဆီနဲနဲကို ဆားရော၍ ပွတ်တိုက်ပြီး၊ နောက်တနာရီခန့် အကြာ ချည်တည်အ၀တ်ပါးဖြင့် ပွတ်ပေးလိုက်ပါ (သို့ မဟုတ်) ရေနံချေး ဖြင့်ပွတ်တိုက်ပြီးနောက် ၂၄ နာရီခန့် အကြာ ချည် ထည်အ ၀တ်ပါးဖြင့် ပွတ်ပေးလိုက်ပါ။
၁၇) ချက်ပြုတ်ခဲ့တဲ့ ဟင်းလျာတွေ ဖိတ်စဉ်ကျလို့  မိုက်ကရိုဝေ့ဖ်မီးဖိုမှာ အစွန်းအ ထင်းများ ညစ်ပတ်နေခဲ့ပါလျှင်၊ မိုက်ကရိုဝေ့ဖ်မီးဖိုထဲမှာ ရွှဲရွှဲစိုနေသော ရေမြှုပ်ထဲ့၍ ၂-မိနစ်လောက်ပြုတ်ပါ။ ထို့ နောက်မီးခလုတ်ပိတ်ပြီး ၅ မိနစ်လောက်နေ မှ ရေမြှုပ် ကိုထုတ်ယူပါ။ ပြီးရင်အဲဒီ ရေမြှုပ်ဖြင့် ဟင်းလျာအစွန်းအထင်းများကို လွယ်ကူ စွာသုတ် သင်နိုင်ပါပြီ။ (သို့ မဟုတ်) သံပုရာတစ်လုံးကို ပါးပါးလှီးပြီး၊ မိုက်ကရိုဝေဖ့်ပြား ပေါ်တင် ကာ၊ ရေ လ္ဘက်ရည်ဇွန်း ၁-ဇွန်းလောင်းပြီး မီးဖိုကိုဖွင့်ပါ။ သံပုရာသီစိပ်များပူလားပြီး၊ အထဲမှာအငွေ့ ပျံလာတဲ့အခါ တစ်ရှုးဖြင့် အစွန်းအထင်းများကို ပွတ်လိုက်ပါ။ လုံးဝ သန့် စင်သွားပါမည်။
၁၈) ရေခဲသေတ္တာဖွင့်လိုက်တဲ့အခါ အနံ့ ဆိုးများထွက်နေပါသလား။ မုန့် ဖုတ်ဆော် ဒါဗူးကို အဖုံးဖွင့်ထဲ့ထားပေးပါ။ ဆော်ဒါကအနံ့  ဆိုးများကို စုပ်ယူပေးပါလိမ့်မယ်။ အဲဒီမုန့် ဖုတ်ဆော်ဒါဗူးကို ၃-လတစ်ကြိမ် အသစ်လဲပေးပါ။ အကယ်၍အနံ့ ဆိုးများ မပျောက်သေးဘူး ဆိုရင်တော့ မုန့်ဖုတ်ဆော်အနည်းငယ်ကိုရေဖျော်ပြီး ရေ ခဲသေတ္တာ အနှံ့ ဆေးကြောပေးပါ။
၁၉) ကန်စွန်းရွက် နှင့် ချဉ်ပေါင်ရွက်တို့ ကို လက်မ၊ လက်ညှိုးတို့ ဖြင့်ဆိတ် ထွှင်ခြင်းကြောင့် ၄င်းအရွက်များရှိ သဘာဝ အစေးများက လက်သည်းကို မည်းစေပြီး အရုပ်ဆိုးအကျည်းတန်စေပါတယ်။ ရှာလကာရည် (သို့ မဟုတ်) သံပုရာသီး/ရှောက် သီးစိပ်တို့ ဖြင့် ပွတ် တိုက်ပြီး ရေစင်စင်ဆေးပေးခြင်းဖြင့် လက်သည်းများ ပကတိအ တိုင်းဖြူစင်လာသလို၊ လက်သည်းလဲ မာလာစေပါတယ်။ ပြည်ကြီငါး (ကင်းပွန်)ကိုင်၍ အမည်းစွန်းထင်ခြင်း၊ ပုစွန်စိပ်ကိုင်၍ အညှီနံ့ စွဲခြင်း၊ ကြက်ဥ-ဘဲဥ ပုပ်ကြောင့် အနံ့ စွဲ ကျန်ခြင်း၊ ကြက်သွန်ဖြူနွှာ၍ အနံ့  စွဲခြင်းများအတွက် ဤနည်းအတိုင်း သန့် စင်နိုင်ပါ တယ်။
၂၀)အလှူအိမ်မှာ ကြက်သွန်နီများအခွံနွှာပေးပြီးနောက်၊ ကြက်သွန်နီနံ့ စွဲမကျန် ရလေအောင် လက်ကို ဆားပျစ်ပျစ်ဖျော်၍ပွတ်ခြင်း၊ သွား တိုက်ဆေးဖြင့်ပွတ်ခြင်း၊ ခရမ်း ချဉ်သီး ထက်ခြမ်းခြမ်း၍ပွတ်ခြင်း၊ လိမ္မော်သီးစိပ်ဖြင့်ပွတ်ခြင်း၊ အာလူးအခွံနွှာ၍ ပွတ်ခြင်း၊ တရုပ်နံနံပင် လက်ထဲ ထဲ့ချေပွတ်ခြင်း စသည်ဖြင့် ကြက်သွန်နီနံ့ များကို ချက်ချင်းဆိုသလို ပြေပျောက်စေပါတယ်။
၂၁) ဆန်အိုးထဲမှာ ပိုးတည်ပြီဆိုရင်၊ အမည်းရောင် ပိုးများအပွားမြန်လာကာ ဆန်ကို လည်းပျက်စီးစေ တတ်ပါတယ်။ ပိုးဝင်နေတဲ့ ဆန်များ ကို ဖယ်ထုတ်ပြီး ဆန်အိုးရဲ့  အတွင်း အပြင်ကို ဆပ်ပြာရည်ဖြင့် စင် အောင်ဆေးပါ။ ရေစင်အောင် နေပြင်းပြင်းပြပြီး ကရဝေးရွက်ထဲ့၍ အဖုံးလုံအောင်ဖုံးကာ အဲဒီကရဝေး ရွက်များ တည ထဲ့သိပ်ပါ။ အိုးလုံးဝသန့် စင်ပြီး နောက်ထပ်ဆန်ပိုးမတည်နိုင်တော့ပေ။
(ပေါက်ပေါက်…မျှဝေသည်)
ကိုးကား (Reader's Digest)
Credit to promise.pauk
သင့်မိတ်ဆွေများကိုလည်း ပြန် SHARE ပေးဖို့ မမေ့နဲ့နော်။
-------
မိန်းကလေးများအတွက် သိဖွယ်၊ မှတ်ဖွယ်၊ လိုက်နာဖွယ်များနှင့် အလှအပရေးရာများကို အမြဲတင်ပေးနေတဲ့ ဒီ Page လေးကို Like လုပ်ပေးထားပြီး နေ့စဉ် ဖတ်ရှုနိုင်ကြပါတယ်။
www.facebook.com/BagoOnlineShop

Thursday, July 10, 2014

ဗန်းမော်ဆရာတော်၏ ဆုံးမစာနှင့် ဖိုးသူတော် ဦးနုစကားပုံ


လူဗိုလ်ဟူသည်မှကူးယူပါသည်

ဗန်းမော်ဆရာတော်၏ဆုံးမစာ
တရားကို တေးဆို ၊ အဖေကိုသားဆဲ
ဆွေမျိုးထဲက ဓါးပြတိုက် ၊ မိုက်လျှင်သောတာပန်
မကောင်းကြံလျှင် သမာဓိ ၊ ရွှေရှိမှ လူလိမ္မာ
လိမ်နိုင်မှ သစ္စာရှင် ၊ ပညာရှင်ကို ပယ်၍ထား
အချစ်ဆုံးက သစ္စာပျက် ၊ ရိုးသားသူကို အရူးဆို
အပျိုငယ်က လင်နေစော ၊ အင်္ကျီပါးနဲ့ ဥပုသ်သည်
ဇရပ်အလယ် ကို့ယို့ကားယား ၊ အမျိုးသမီးကောင်းက ပိုက်ဆံရှာ

အပျိုမဖြစ်ခင်က ရည်းစားထား ၊ ဆင်းရဲသားက သူဌေးယောင်ဆောင်
အ၀တ်ပြောင်မှ လူရိုသေ ၊ လင်ရှိမယားက အပျိုလုပ်
မသာပို့ရင်း အပျိုလှည့် ၊ အလှူပေးရင်း ထမင်းရောင်း
ဆယ်နှစ်သမီးက အိမ်ထောင်ကျ ၊ ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင်
ပွဲသဘင်ပါမှ အလှူဖြစ် ၊ စာမတတ်သူက တရားပြ
ဇာတ်သမားမှ လူခေါ်ချင် ၊ သူတော်စင်ကို ပယ်၍ထား
ကြွေးပေးသူက ကျွန်နဲ့တူ ၊ ကြွေးယူသူက သခင်ဖြစ်
မုန့်ပေးလျှင် ကျမ်းဂန်တတ် ၊ ရွှေကပ်သည့်ဘုရားမှ လူရိုသေ
အဖေ အမေက ကျွန်နဲ့တူ ၊ သားသမီးက သခင်ဖြစ်
ခေတ်ကြီးကိုတော့ အပြစ်ဆို ၊ မိမိကိုယ်တော့ အကောင်းပြော
ဂုံးတိုက်လျှင် ကျေးဇူးရှင် ၊ ဖြောင့်မတ်လျှင် လူမသုံး
သီလယူရင်း မျက်စပစ်…………….
………………သူတော်ကောင်းတို့ တရားပျက်ကြလေပြီ……………။ ။



ဖိုးသူတော် ဦးနုစကားပုံ  
 မြန်ဇမ္ဗူပေါ် ၊ ဉာဏ်ယူမျှော်သည် ၊ သူတော်ကျွန်ုပ် ၊ နား၏တန်ဆာ ၊ နားဝင်သာအောင် ၊ လင်္ကာပုဒ်ဖြင့် ၊
အာလုပ်ချိုမြ ၊ စကားပုံသရုပ် ၊ အမျိုးထုတ်ပြီးလျှင် ၊ အချုပ်ပြခဲ့မည် ။
    ၁။ ဗုဒ္ဓဆာယာကို တွယ်ရမည် ၊ ရုပ်လှတာကို ပယ်ရမည် ။ ဗုဒ္ဓဆာယာကို တွယ်မှ ၊ အေးမြရာ
သည် ၊ ရုပ်လှတာကိုပယ်မှ ၊ ဘေးပ ကွာသည် ။
    ၂။ သေရည်ကို မသောက်နှင့် ၊ ရေကြည်ကို မနှောက်နှင့် ။ သေရည်ကို သောက်က အပါယ်ဘုံသို့
ကျတတ်သည် ၊ ရေကြည်ကို နှောက်က ၊ အနယ်အမှုန်တို့ ထတတ်သည် ။
   ၃။ ထင်တိုင်းလည်း နှိပ်၍မဆိုနှင့် ၊ ၀င်တိုင်းလည်းသိပ်၍ မမြိုနှင့် ။ ထင်တိုင်းနှိပ်၍ဆိုက ရန်
အသွယ်သွယ်ပွားတတ်သည် ၊ ၀င်တိုင်းသိပ်၍မြိုက အန္တရာယ်များတတ်သည် ။
   ၄။ ဂေါဏမံ သံကိုလည်း မစားနှင့် ၊ ကောဓခြံ ရန်ကိုလည်းမပွားနှင့် ။ ဂေါဏမံ သံကိုစားက
မိဘသဖွယ် ဖြစ်ပေသည် ၊ ကောဓခြံ ရန်ကိုပွားက အဓိကရ အပါယ်နစ်ချေသည် ။
  ၅။ အယုတ်တရားကို အလိုမရှိနှင့် ၊ မဟုတ်စကားကို မဆိုဘိနှင့် ။ အယုတ်တရားကို အလိုရှိက
ဘဂ၀ါ၏စကားကို ပယ်ရာကျချေသည်၊ မဟုတ်စကားကိုဆိုဘိက သမာဓိတရားတို့
ကွယ်လာရချေသည် ။
   ၆။ မြှူသလိုပုံနှင့် ကလေးကိုမစနှင့် ၊ လူကိုယုံသဖြင့် အကြွေးကိုမချနှင့် ။ မြှူသလိုပုံနှင့် ကလေးကို
စ, က ကလေးအမိုက်မို့ ဆဲတတ်သည် ၊ လူကိုယုံသဖြင့် အကြွေးချက အရေးမစိုက်သမို့
မွဲတတ်သည် ။
  ၇။ အမျိုးယုတ်သူ အဆင်းလှလျှင် သတိထား ၊ တန်ခိုးနှုတ်သူ ထမင်းဝလျှင် မကျီစားနှင့် ။
အမျိုးယုတ်သူ အဆင်းလှကစာဂတန်တတ်သည် ၊ တန်ခိုးနှုတ်သူ ထမင်းဝက မာနထန်တတ်သည် ။
  ၈။ အဟုတ်အမှန်ကိုလည်း သိမှ ၊ အလုပ်အကြံလည်း ရှိမှ ။ အဟုတ်အမှန်ကိုသိက သံသရာဘေး
ပ၍ အနေကျယ်ကြမည် ၊ အလုပ်အကြံရှိက ဆန်ရှာရေးလှ၍ ၊ အခြေထယ်ကြမည် ။
   ၉။ သူဌေးလို ကြွယ်သော်လည်း ၊ မာန်စွယ်မထနှင့် ၊ မြွေပွေးကို ငယ်သော်လည်း အလမ္ပာယ်
မပြနှင့် ။ သူဌေးလို ကြွယ်သည်ဟု မာန်စွယ်ထက အရိုအသေနဲလို့ ပြေမုန်းတတ်သည် ၊ မြွေပွေးကို
ငယ်သည်ဟု အလမ္ပာယ်ပြက ထိုမြွေခဲလို့ သေဆုံးတတ်သည် ။
 ၁၀။ မတော်ပဲ မ၀ယ်နှင့် ၊ မခေါ်ပဲ မလည်နှင့် ။ မတော်ပဲ ၀ယ်ချေက အသပြာဓနရှုံးတတ်သည် ၊
မခေါ်ပဲ လည်ချေက မကြာခဏ မုန်းတတ်သည် ။
 ၁၁။ မတော်တာကို မမြီးမစားနှင့် ၊ အဖော်မပါလျှင် ခရီးမသွားနှင့် ။ မတော်တာကို မြီးစားက
ဘေးရလို့ရောဂါပွားတတ်သည် ၊ အဖော်မပါပဲခရီးသွားက အရေးမလှသမို့ သောကများတတ်သည် ။
  ၁၂။ ခရီးကိုလည်း အပြင်းမသွားနှင့် ၊ မီးကိုလည်း အကြွင်းမထားနှင့် ။ ခရီးကို အပြင်းသွားက မှားတတ်သည် ၊ မီးကို အကြွင်းထားက ပွားတတ်သည် ။
၁၃။ ဆရာပြောသမျှကို အပြီးမမှားလေနှင့် ၊ အနာရောဂါကို မကြီးပွားစေနှင့် ။ ဆရာပြောသမျှကို
အပြီးမှားက မုချမှောက်တတ်သည် ၊ အနာရောဂါကို ကြီးပွားက ဒုက္ခရောက်တတ်သည် ။
 ၁၄။ စကား စကား ပြောဖန်များက ၊ စကားထဲက ဇာတိပြ၍ မာနတံခွန်ထူတတ်သည် ၊ ဘုရား,တရား ဟောဖန်များက ၊ တရားထဲက ပါဠိရ၍ ဒါနအလွန် လှူတတ်သည် ။
 ၁၅။ အမျိုးမြတ်မှ အရိုးကိုကြံရာသည် ၊ တန်ခိုးလျှပ်မှ အဖိုးတန်ပါသည် ။

Tuesday, July 8, 2014

အိမ်ရှင်မများအတွက် သတင်းလက်ဆောင်





ပုရွက်ဆိတ်တွေက
သခွားသီးကိုမုန်းတယ်လေ။ ဒါကြောင့် သခွားသီးအခွံ တွေကို
ပုရွက်ဆိတ်အိမ်(အသိုက်အအုံ)နားမှာ ချထားပေးလိုက်ပါ။
(၂) (ရေခဲရေ သန့် သန့် သောက်ချင်ပါသလား ?)
ဦးစွာရေနွေးပွက်ပွက်ဆူအောင်ကြိုပါ။ ပြီးရင်အအေးခံပြီးတော့ သင့်တော်ရာ
ပုလင်းထဲထဲ့ပြီး ရေသေတ္တာထဲ ထဲ့လိုက်တော့ ရေခဲရေသန့် သန့် ရပြီပေါ့။
(၃) (မှန်တွေ ကြည်ကြည်လင်လင်ဖြစ်ချင်ပါသလား ?)
Spriteအချိုရည်နဲ့ 
မှန်ကိုသုတ်ပေးလိုက်ပါ။
(၄) (အ၀တ်အထည်တွေပေါ်မှာ ပီကေတွေကပ်နေလို့ ဖျက်ရခက်နေပါသလား ?)
အဲဒီအ၀တ်အထည်ကို ရေခဲသေတ္တာတဲ ၁-နာရီ လောက်ထဲ့ပေးပြီးနောက်မှာတော့၊
ပီကေတွေခွာလို့ ရပါပြီ။
(၅) (အ၀တ်ဖြူတွေကို ဖြူဖြူစင်စင်လေး ဖြစ်စေချင်ပါသလား?) ဇလုံတစ်ခုထဲမှာ
နွေးပူပူထဲ့ပြီးရင် သံပုရာသီး တစ်စိပ်လောက် ညှစ်ထဲ့ပေးလိုက်ပါ။
အဲဒီဇလုံထဲကို အ၀တ်ဖြူ ၁၀-မိနစ်လောက်စိမ်ထားပြီးမှ
ပုံမှန်အတိုင်းဆပ်ပြာတိုက် လျှော်ဖွတ်ပေးပါ။
(၆) (ဆံသားတွေ တောက်ပြောင်ချင်ပါသလား ?) ရှာလကာရည် ၁-ဇွန်းလောက်ကို
ဆံပင်အနှံ့ လိမ်းကျံပေးပြီးရင်၊ ရေအေးနဲ့  လျော်ချလိုက်ပါ။(ရေခဲရေ
မဟုတ်ပါ)
(၇) (သံပုရာသီးထဲကအရည်တွေ ကုန်စင်အောင်ညှစ်ယူချင်ပါသလား ?) ဦးစွာ
သံပုရာသီးအလုံးလိုက်ကို ရေနွေးပူပူထဲမှာ တနာရီ လောက်စိမ်ပါ။ ပြီးမှ
အရည်ညှစ်ယူပါ။
(၈) (ဂေါ်ဖီထုပ်ဟင်းချက်တဲ့အခါ စိမ်းစော်နံနေတာကို ဘယ်လိုဖျောက်ရမလဲ ?)
ဂေါ်ဖီထုပ်ချက်နေတဲ့ ဟင်းအိုးထဲကို ပေါင်မုန့်  အပိုင်းအစလေး
ထဲ့ချက်လိုက်ရုံပါဘဲ။
(၉) (ကြက်သွန်နီလှီးနေတုန်း မျက်ရည်မကျအောင် ဘယ်လိုလုပ်ရပါ့ ?) ပီကေ
ဝါးရင်း ကြက်သွန်နီ လှီးပေးပါ။
(၁၀) (အာလူးပြုတ်တွေ မြန်မြန်နူးစေချင်ပါသလား ?) မပြုတ်ခင်မှာ အာလူးရဲ
့တဖက်တချက်စီကို အခွံနွှာပေးပါ။ (အကုန်အခွံနွှာ ရန်မလိုအပ်ပေ)
(၁၁) (အ၀တ်ပေါ်က မှင်စက်အစွန်းအထင်းတွေ ဖယ်ရှားရခက်နေပါသလား?)
မှင်ကွက်အစွန်းအထင်းပေါ် သွားတိုက်ဆေး များများအုံပြီးနောက်၊
အဲဒီသွားတိုက်ဆေးတွေ လုံးဝခြောက်သွေ့ တဲ့အခါမှ အ၀တ်လျှော်လိုက်ပါ။
(၁၂) (ကန်စွန်းဥတွေ အခွံမြန်မြန်ခွာချင်ပါသလား ?) ပြုတ်ပြီးစ
ကန်စွန်းဥပူပူကျစ်ကျစ်ကို အိုးထဲကဆယ်ယူပြီး၊ ရေအေးထဲ ချက် ချင်း
နှစ်စိမ်ပေးလိုက်ပါ။ (ရေခဲရေမဟုတ်ပါ)
(၁၃) (ကြွက်တွေကို ဘယ်လိုနှိမ်နင်းရပါ့ ?) ကြွက်တွေလာတတ်တဲ့နေရာကို
ငြုပ်ကောင်းမှုန့် (အမဲရောင်) ဖြူးပေးထားရုံပါဘဲ။ ငြုပ်ကောင်းမှုန့် ရနံ
့ကြောင့် ကြွက်တွေထွက်ပြေးကုန်ပါလေရော။
(၁၄) (နှလုံးရောဂါသည်တွေ ညအိပ်ယာမ၀င်ခင် ဘာလုပ်သင့်သလဲ ?)
နှလုံးရောဂါသည်များ သောက်ရေအေး ၁-ခွက် (သို့ မ ဟုတ်) ၂-ခွက်သောက်ပြီးမှ
ညအိပ်ယာဝင်ပါ။ ဒါဆို နံက်အိပ်ယာထ အမောမဖောက်စေတော့ပါဘူး (ရေခဲရေ မဟုတ်ပါ)
အိမ်ရှင်မများ ပြုံးပျော်နိုင်ကြပါစေရှင်။
(ပေါက်ပေါက်…..မျှဝေသည်)
(မှီငြမ်း Daily Health Tips on 19th Oct ’13)
*promise.pauk*
Nine-online shopping & delivery မှ ပြန်လည်မျှဝေပါသည်။
----------
သိဖွယ်၊ မှတ်ဖွယ်၊ လိုက်နာဖွယ်များနှင့် ဟင်းချက်နည်းမျိုးစုံတို့ကို အမြဲတင်ပေးနေတဲ့ ဒီ Page လေးကို Like လုပ်ထားနိုင်ကြပါတယ်ရှင်။
www.facebook.com/nine.mdy
----------

မယ်ကန့်လန့်


်လူဗိုလ်ဟူသည်မှကူးယူပါသည်

မယ်ကန့်လန့်

မယ်ကန့်လန့်
▬▬▬▬▬
ရွာတစ်ရွာမှာဘဲဆိုပါတော့-- ။ မိန်းမလုပ်တဲ့သူဟာ ယောင်္ကျား ရဲ့ စကားကိုအမြဲတန်းကန့်လန့်တိုက်တတ်တယ် ။ ဆန့်ကျင်ဘက်လုပ်တယ် ။ ယောင်္ကျားက အဖြူဆိုရင် သူက မဲတယ် --။ မိန်းမအထာသိတဲ့ယောင်္ကျားက ဘာလုပ်ချင် လုပ်ချင် အမြဲဆန့်ကျင်ဘက်ကိုပြောမှ သူဖြစ်ချင်တာဖြစ်ရတယ်

-- ဥပမာ - `` မိန်းမရေ ဒီနှစ် ဘုန်းကြီး ဆွမ်းမကပ်တော့ဘူး ကွာ `` 
`` အို ဘယ်ဖြစ်မလဲ -- ဆွမ်းကပ်ကိုကပ်မယ် `` 

`` ဒါဆိုလဲကွာ - တစ်ပါးလောက် -အဖြစ်ကပ်လိုက်ပေါ့ ``
``ဖြစ်မလား အနည်းဆုံး ငါးပါး ဘဲ --`` 

``အင်းလေ မင်းသဘောပါဘဲ - လူကိုတော့ အိမ်နီးချင်း ခေါင်းရင်း - ခြေရင်းလောက်ဘဲ ဖိတ်ပေါ့ `` 
``မရပါဘူး မိတ်ဆွေတွေ အားလုံးကို ဖိတ်မယ် ``

ဒီလိုဘဲ သူဖြစ်ချင်တာ ရဘို့ မိန်းမကိုဆန့်ကျင်ဘက်ပြောပြောနေရတာ ကြာတော့ငြီးငွေ့လာတယ် 

--တစ်နေ့တော့ အခွင့်ကြုံလာတယ် - သူနဲ့ သူ့မိန်းမဟာ ခရီးတစ်ခုသွားရင်း ရေစီးသန် တဲ့ချောင်းတစ်ခုကို အဖြတ်မှာ မိန်းမဖြစ်သူ ချေချော်ပြီး ရေစီးသန်တဲ့ချောင်းထဲကို ကျသွားတယ် ။ ရေစီးနဲ့ အတူအောက်ဘက်ကိုမျောပါသွားပြီး ကယ်ပါယူပါ အော်ဟစ်လျှက်ပေါ့ ။ ယောင်္ကျားဖြစ်တဲ့သူဟာ ရေစီးအတိုင်း မလိုက်ဘဲ ချောင်းအထက်ဘက်ကိုပြေးကာ

`` မပူနဲ့ မိန်းမရေ ငါလာပြီ -- ငါလာပြီလို့ ``အော်သတဲံ့  ။ မိန်းမ ဟာကံကောင်းလို့ သစ်ကိုင်းတစ်ခု ကိုဆွဲမိပြီး သူ့ဘာသာ ကမ်းပေါ်ကိုတတ်လာနိုင်တယ် -- နောက်ယောင်္ကျားလုပ်သူကို ရန်တွေ့တော့တယ်-- 

`` ဘယ်လို လုပ်တာလဲ မိန်းမတစ်ယောက်လုံး ရေစီးအတိုင်းမျော သွားတာကို ချောင်းအပေါ် ဘက်ကိုဘာဖြစ်လို့ သွားတာလဲ ``

`` ငါလဲ ပထမတော့ အဲသလို လိုက်ဘို့ ပါဘဲကွာ -- ဒါပေမယ့် မင်းက အမြဲတန်း ဆန့်ကျင်ဘက်သမားဆိုတော့ သူများတွေလို ရေစီးအတိုင်း မမျောဘဲ ရေဆန်အတိုင်း မျောလာမယ်ထင်လို့ ဟေ့ 

`` အဲဒီနေ့က စပြီး မယ်ကန့်လန့်တစ်ယောက် ဆန့်ကျင်ဘက်မလုပ်ရဲတော့ဘူးတဲ့ ။။ 

(မိတ်ဆွေများ ခင်ဗျား ---ခင်ဗျားတို့မိန်းမ ပြောမကောင်းရင် ရေစိးသန်တဲ့ချောင်းထဲ တွန်းချပေတော့)

စိတ်ကျဉ်းကျပ်၊ရှုတ်ထွေးမှုများကြားမှ တဒင်္ဂလွတ်မြောက်စေရန် အတွက်သာရည်ရွယ်ပါသည်။ကောင်းထိုက်ဘာသာပြန်ဟာသများ-မှကူးယူသည်.။
ရွာတစ်ရွာမှာဘဲဆိုပါတော့-- ။ မိန်းမလုပ်တဲ့သူဟာ ယောင်္ကျား ရဲ့ စကားကိုအမြဲတန်းကန့်လန့်တိုက်တတ်တယ် ။ ဆန့်ကျင်ဘက်လုပ်တယ် ။ ယောင်္ကျားက အဖြူဆိုရင် သူက မဲတယ် --။ မိန်းမအထာသိတဲ့ယောင်္ကျားက ဘာလုပ်ချင် လုပ်ချင် အမြဲဆန့်ကျင်ဘက်ကိုပြောမှ သူဖြစ်ချင်တာဖြစ်ရတယ်
-- ဥပမာ - `` မိန်းမရေ ဒီနှစ် ဘုန်းကြီး ဆွမ်းမကပ်တော့ဘူး ကွာ ``
`` အို ဘယ်ဖြစ်မလဲ -- ဆွမ်းကပ်ကိုကပ်မယ် ``

`` ဒါဆိုလဲကွာ - တစ်ပါးလောက် -အဖြစ်ကပ်လိုက်ပေါ့ ``
``ဖြစ်မလား အနည်းဆုံး ငါးပါး ဘဲ --``
``အင်းလေ မင်းသဘောပါဘဲ - လူကိုတော့ အိမ်နီးချင်း ခေါင်းရင်း - ခြေရင်းလောက်ဘဲ ဖိတ်ပေါ့ ``
``မရပါဘူး မိတ်ဆွေတွေ အားလုံးကို ဖိတ်မယ် ``
ဒီလိုဘဲ သူဖြစ်ချင်တာ ရဘို့ မိန်းမကိုဆန့်ကျင်ဘက်ပြောပြောနေရတာ ကြာတော့ငြီးငွေ့လာတယ်။

--တစ်နေ့တော့ အခွင့်ကြုံလာတယ် - သူနဲ့ သူ့မိန်းမဟာ ခရီးတစ်ခုသွားရင်း ရေစီးသန် တဲ့ချောင်းတစ်ခုကို အဖြတ်မှာ မိန်းမဖြစ်သူ ချေချော်ပြီး ရေစီးသန်တဲ့ချောင်းထဲကို ကျသွားတယ် ။ ရေစီးနဲ့ အတူအောက်ဘက်ကိုမျောပါသွားပြီး ကယ်ပါယူပါ အော်ဟစ်လျှက်ပေါ့ ။ ယောင်္ကျားဖြစ်တဲ့သူဟာ ရေစီးအတိုင်း မလိုက်ဘဲ ချောင်းအထက်ဘက်ကိုပြေးကာ
`` မပူနဲ့ မိန်းမရေ ငါလာပြီ -- ငါလာပြီလို့ ``အော်သတဲံ့  ။ မိန်းမ ဟာကံကောင်းလို့ သစ်ကိုင်းတစ်ခု ကိုဆွဲမိပြီး သူ့ဘာသာ ကမ်းပေါ်ကိုတတ်လာနိုင်တယ် -- နောက်ယောင်္ကျားလုပ်သူကို ရန်တွေ့တော့တယ်--
`` ဘယ်လို လုပ်တာလဲ မိန်းမတစ်ယောက်လုံး ရေစီးအတိုင်းမျော သွားတာကို ချောင်းအပေါ် ဘက်ကိုဘာဖြစ်လို့ သွားတာလဲ ``
`` ငါလဲ ပထမတော့ အဲသလို လိုက်ဘို့ ပါဘဲကွာ -- ဒါပေမယ့် မင်းက အမြဲတန်း ဆန့်ကျင်ဘက်သမားဆိုတော့ သူများတွေလို ရေစီးအတိုင်း မမျောဘဲ ရေဆန်အတိုင်း မျောလာမယ်ထင်လို့ ဟေ့
`` အဲဒီနေ့က စပြီး မယ်ကန့်လန့်တစ်ယောက် ဆန့်ကျင်ဘက်မလုပ်ရဲတော့ဘူးတဲ့ ။။
(မိတ်ဆွေများ ခင်ဗျား ---ခင်ဗျားတို့မိန်းမ ပြောမကောင်းရင် ရေစိးသန်တဲ့ချောင်းထဲ တွန်းချပေတော့)
စိတ်ကျဉ်းကျပ်၊ရှုတ်ထွေးမှုများကြားမှ တဒင်္ဂလွတ်မြောက်စေရန် အတွက်သာရည်ရွယ်ပါသည်။ကောင်းထိုက်ဘာသာပြန်ဟာသများ-မှကူးယူသည်.။

Monday, July 7, 2014

ခြင်၊ ယင်၊ ပုရွက်ဆိတ်တို့ကိုအိမ်ပေါ်က ဘယ်လိုမောင်းထုတ်မလဲ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬


ခြင်၊ ယင်၊ ပုရွက်ဆိတ်တို့ကိုအိမ်ပေါ်က ဘယ်လိုမောင်းထုတ်မလဲ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ပိုးဟပ်၊ပင်ကူ၊ပုရွက်ဆိတ် စတဲ့ပိုးကောင်တွေကိုဆေးဖြန်းပြီးနှိမ်နှင်းမယ်ဆို ရင်ဆေးနံ...့ကအိမ်ထဲမှာစွဲကျန်ရစ်နေပါတယ်။ပြီးတော့ထိုဖြန်းဆေးထဲမှာပါတဲ့ ဓာတုပစ္စည်းကလည်းအိမ်သူ၊အိမ်သားတွေရဲ့ကျန်းမာရေးကိုထိခိုက်စေပါ တယ်။ဒါကြောင့် သင့်အိမ်ထဲကိုကျူးကျော်ဝင်ရောက်လာတဲ့ပိုးကောင်တွေကို သဘာဝနည်းအတိုင်းဘယ်လိုနှိမ်နှင်းရမယ်ဆိုတာကိုဖော်ပြလိုက်ပါတယ်။
Boric Acid
--------ဘိုင်အိုအက်စစ်နဲ့ဂျုံမှုန့်ကိုရောပြီးအင်းဆက်ပိုးကောင်တွေရှိတဲ့နေရာမှာဖြူး လိုက်ပါ။ထိုအမှုန့်တွေကိုစားမိပြီးသူတို့သေသွားပါလိမ့်မယ်။ ပင်စိမ်းရွက် ဟင်းချက်ရာမှာအသုံးပြုတဲ့လတ်ဆတ်တဲ့ပင်စိမ်းရွက်အနည်းငယ်ကိုတံခါး ပေါက်မှာချိတ်ဆွဲထားလိုက်ရင်ခြင်၊ယင်၊တို့ရန်မှကင်းဝေးစေမှာဖြစ်ပါတယ်။
ကြက်သွန်ဖြူ
-----------
ပုရွက်ဆိတ် နဲ့ပိုးဟပ်ဟာ ကြက်သွန်ဖြူကိုအရမ်းကြောက်ပါတယ်။ကြက်သွန် ဖြူတစ်ဥကို အင်းဆက်ပိုးကောင်တွေတွေ့တဲ့နေရာမှာထားခဲ့ရင် သူတို့တွေ အနားတောင်မကပ်ရဲပဲထွက်ပြေးသွားပါလိမ့်မယ်။ကြက်သွန်ဖြူဥ ခြောက်သွား ပါက အသစ်ပြန်လဲပေးပါ။
ရှာလကာရည်
---------
ရှာလကာရည်ဟာအင်းဆက်ပိုးကောင်တွေကိုသေစေဖို့၊မောင်းထုတ်ဖို့အ တွက် အလွန်အသုံးဝင်ပါတယ်။ဟင်းချက်ရာမှာထည့်သုံးဖို့အတွက်အန္တရာယ် ကင်းပေမယ့်အိမ်တွင်းပိုးကောင်ပြသနာကို အမြန်ဆုံးဖြေရှင်းပေးနိုင်ပါတယ်။
ငရုတ်သီးမှုန့်
------အိမ်တွင်းမှာစိုက်တဲ့အပင်တွေကိုဒုက္ခပေးတဲ့အင်ဆက်ပိုးကောင်တွေကိုငရုတ် သီးမှုန့်နဲ့နှိမ်နှင်းလို့ရပါတယ်။ဆေးဖြန်းပုံထဲမှာ ရေ၊ငရုတ်သီးမှုန့်နဲ့ဆပ်ပြာ ရည်အနည်းငယ်ထည့်ပြီးအပင်ကိုဖြန်းပေးပါက ကပ်ညိနေသောအင်းဆက်ပိုး ကောင်များကိုသေစေနိုင်ပါတယ်။
သံပုရာခွံ၊လိမ္မ်ာခွံ၊ရှောက်သီးခွံ
-------------------------
ထိုအခွံများဟာအင်းဆက်ပိုးများ အထူးသဖြင့်ပင့်ကူများကိုထွက်ပြေးစေပါ တယ်။ပင့်ကူတွေအိမ်လာဆောက်တတ်တဲ့နေရာမှာ ထိုအခွံကို သွားထားလိုက်ပါ။ ကျန်တာထိုအခွံကကြည့်လုပ် ပါလိမ့်မယ်။ စီးထရက်သီးတွေကိုမုန်းတဲ့ အင်းဆက်ပိုးများ သင့်အိမ်ပေါ်ကဆင်းသွားပါလိမ့်မယ်။
ဇင်မာမြင့်
Ref:healthboss.in Health Digest
-----------
လူတိုင်းအတွက် အရေးကြီးသော ကျန်းမာရေးသတင်းများနှင့် မှတ်သားလိုက်နာဖွယ်များကို နေ့စဉ်တင်ပေးနေတဲ့ ဒီ Page လေးကို Like လုပ်ထားနိုင်ကြပါတယ်။
www.facebook.com/npstainlesssteel
------------

Saturday, July 5, 2014

ဘာသာရေးအမေးအဖြေများ။

ဆန်နီနေမင်းဘလော့မှကူးယူပါသည်

လွန်ခဲ့သော တစ်လကျော်က မြဝတီမြို့နှင့် ရွှေကုက္ကိုမြိုင်ရွာသို့ တရားဟောကြွရင်း ကလေးများကျောင်းပိတ်ရင် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပြီး သင်ပေးချင်တယ်။ ဒီရွာက လူကြီးတွေ ဖြစ်မြောက်အောင် ကူညီပေးကြပါလို့ ပြောဆိုခဲ့တယ်။ ယခုတော့ ရွှေကုက္ကိုမြိုင်ရွာလူကြီးတွေက ကူညီပေးကြတာနဲ့ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ဖြစ်လို့ သွားရောက်သင်ပေးခဲ့တယ်။ ကလေးတွေများတာနဲ့သူငယ်တန်းကနေ စတုတ္ထတန်းထိကိုတော့ တခြားခွဲသင်ခိုင်းလိုက်ပြီး မိမိကတော့ ပဉ္စမတန်းမှ နဝမတန်းထိ ကလေးများကိုသာ သင်ပေးလိုက်တယ်။ ကလေးတွေ သင်တန်းတတ်ချင်အောင် အင်္ဂလိပ်လိုပါ ဘာသာရေးစာပေများ ရေးခိုင်းကျက်ခိုင်းပေးလိုက်တယ်။

ကလေးများ မိမိဘာသာတရားအကြောင်း အဓိကလိုက်နာရမဲ့ အချက်များ သေချာသိထားဖို့၊ တခြားဘာသာများအကြောင်း ဗဟုသုတရှိထားဖို့၊ သရဏဂုံသုံးပါးမြဲဖို့၊ ငါးပါးသီလ နေ့စဉ်စောင့်ထိန်းလျှင် အကျိုးများမှန်းသိဖို့၊ ဝိပဿနာအားထုတ်ခြင်းသည် မျက်မှောက်ဘဝမှာ တကယ့်ချမ်းသာစစ်အမှန်ကို ရရှိတယ်ဆိုတာသိပြီး ဆက်လက်ကျင့်ကြံနေထိုင်ချင်စိတ်ဖြစ်ဖို့ ပြောဆိုသင်ပေးတယ်။ ဒီအချက်တွေသာ သူတို့လေးတွေ ပြည့်စုံနေမယ်ဆိုရင် ဒီဘဝတွင် တောင်းစားရတဲ့ ဘဝရောက်နေပါစေ မျက်မှောက်တမလွန်မှာ စိတ်ချမ်းသာမှုတော့ ရရှိနေမှာပါ။(၁၇.၃.၂၀၁၄) ရက်နေ့မှာ ယဉ်ကျေးလိမ္မာသင်တန်းတက်ရောက်ကြတဲ့ ကလေးငယ်ပေါင်း(၄၀၀)ကျော်ကို အတန်းခွဲပြီး စာမေးပွဲဖြေခိုင်းပြီးတာနဲ့ (၁၈.၃.၂၀၁၄)မှာ ဆုပေးပွဲပြုလုပ်ဖို့ရန်အတွက် ချက်ခြင်းအဖြေလွှာ စစ်လိုက်ရတာ နေ့(၁၂)နာရီကနေ ည(၁၂)နာရီမှ ပြီးတော့တယ်။ လူလည်း ညောင်းကိုက်သွားတော့တာပဲ။ “အော်-ဒါလည်း လူမျိုးဘာသာသာသနာအတွက် ပေးဆပ်ရတာ ဆိုတော့ မြတ်ဗုဒ္ဓရဲ့ကျေးဇူးကိုဆပ်ရာရောက်လို့ နိဗ္ဗာန်ရောက်ကြောင်းပဲမို့ ပင်းပန်းခံလုပ်ရတာပေါ့လေ။

ကလေးတွေကို သင်ပေးထားတာတွေထဲက အောက်ပါ မေးခွန်းများကို မေးဖြေခိုင်းခဲ့ပါတယ်။ ကလေးတွေဖြေခိုင်းတဲ့မေးခွန်းတွေကို မသိသေးသူများ သိရှိရအောင် တင်ပေးပါဆိုတာနဲ့ အဖြေများပါ တွဲတင်ပေးလိုက်ပါတယ်။

ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း မေးခွန်းလွှာ

စာဖြေချိန်-(၂)နာရီ    Date-17.3.2014

၁။ အောက်ပါတို့ကို ဖြေဆိုခဲ့ပါ။
(က) မြတ်စွာဘုရားကို ဘာကြောင့် ရှိခိုးရပါသလဲ။
(ခ) မိဘကို ဘာကြောင့် ရှိခိုးရပါသလဲ။
(ဂ) ချမ်းသာချင်လျှင် ဘာလုပ်ရမည်နည်း။
(ဃ) မိသားစုဘဝမှာ ပျော်ပျော်ရွှင်ရွှင် နေချင်လျှင် ဘာလုပ်ရမည်နည်း။
(င) ထင်ပေါ်ကျော်ကြားချင်လျှင် ဘာလုပ်ရမည်နည်း။
၂။ ဒုစရိုက်(၁၀)ပါးကို မြန်မာလို ရေးသားခဲ့ပါ။
၃။ သင်္ဂါယနာ(၆)တန်တွင် ဒုတိယသင်္ဂါယနာနှင့် တတိယသင်္ဂါယနာအကြောင်း ကို ပြည့်စုံစွာ ရေးသားခဲ့ပါ။
၎။ သူယုတ်မာလက္ခဏာ(၄)ပါးကို ရေးသားခဲ့ပါ။
၅။ သူတော်ကောင်းဥစ္စာ(၇)ပါးနှင့် ဗြဟ္မစိုရ်တရား(၄)ပါးတို့ကို မြန်မာလို ရေးသားခဲ့ပါ။
၆။ ငယ်စဉ်အခါ ပညာမသင်ယူခဲ့မိခြင်းနောင်တနှင့် ငယ်စဉ်က အကျင့်မကောင်း ခဲ့ခြင်းနောင်တတို့ကို ရေးသားခဲ့ပါ။
၇။ မှားယွင်းသောအယူဝါဒ(၄)မျိုးကို ရေးသားခဲ့ပါ။
၈။ မဟာတာပနငရဲအကြောင်းကို ရေးသားခဲ့ပါ။
၉။ ကျောင်းပိတ်ရက်ကဗျာကို ရေးသားခဲ့ပါ။
၁၀။ အောက်ဖော်ပြပါ စိတ်ဓာတ်ရေးရာ ခေါင်းစဉ်(၂)ခုတွင် နှစ်သက်ရာခေါင်းစဉ်(၁)ခုကို သူတစ်ပါး အတုယူကျင့်သုံးစရာဖြစ်အောင် (၂)မျက်နှာခန့် ရေးသားခဲ့ပါ။
(က) After me/ you.
(ခ)  ငါနဲ့မဆိုင်ဘူးလို့ မပြောမိပါစေနဲ့။

အဖြေများ

၁။ (က) မြတ်စွာဘုရားသည် မိမိတို့အပေါ်၌ ကောင်းတာမကောင်းတာကို ခွဲခြားသိမြင်အောင် ဟောပြောဆုံးမပေးခဲ့သော ကျေးဇူးရှိသောကြောင့် ရှိခိုးရပါသည်။ မြတ်စွာဘုရားသည် မိမိတို့ တုနှိုင်းမရသော ဂုဏ်သတ္တိများရှိသောကြောင့် ရှိခိုးရပါသည်။ မြတ်စွာဘုရားသည် မိမိတို့ မပြုလုပ်နိုင်သော ပါရမီများဖြည့်ခဲ့ခြင်း၊ မြတ်ဗုဒ္ဓဖြစ်ချိန်တို့တွင်လည်း မိမိတို့အကျိုးရှိစေရန် မနားမနေ ဆိုဆုံးမသြဝါဒများ ပြုလုပ်ပေးခဲ့သော ကျေးဇူးရှိသောကြောင့် ရှိခိုးရပါသည်။
(ခ) မိဘများသည် မိမိတို့ကို လူဖြစ်လာအောင် မွေးဖွားပေးသောကျေးဇူးရှိသောကြောင့် ရှိခိုးရပါသည်။ မိဘများသည် မိမိတို့ကို လူလားမြောက်လာအောင် ကျွေးမွေးစောင့်ရှောက် ပညာသင်ပေးခဲ့သော ကျေးဇူးရှိသောကြောင့် ရှိခိုးရပါသည်။
(ဂ) ချမ်းသာချင်လျှင် သူတစ်ပါးပစ္စည်းကို ခိုးယူခြင်းမှ ရှောင်ကြဉ်ရပါမည်။
(ဃ) မိသားစုဘဝမှာ ပျော်ပျော်ရွှင်ရွှင် နေချင်လျှင် သူတစ်ပါးသားမယား ကို ပြစ်မှားစော်ကားခြင်းမှ ရှောင်ကြဉ်ရပါမည်။
(င) ထင်ပေါ်ကျော်ကြားချင်လျှင် လိမ်ညာပြောဆိုခြင်းမှ ရှောင်ကြဉ်ရပါမည်။

၂။ ဒုစရိုက်(၁၀)ပါးတို့မှာ
သူတစ်ပါးကို အသက်ကိုသတ်ခြင်း၊ သူတစ်ပါးပစ္စည်း ခိုးယူခြင်း၊ မှားယွင်းစွာ ဖောက်ပြန်ခြင်း၊ မဟုတ်မမှန် မုသားပြောခြင်း၊ ကုန်းတိုက်စကား ပြောဆိုခြင်း၊ ကြမ်းတမ်းသောစကား ပြောဆိုခြင်း၊ အကျိုးမရှိသောစကား ပြောဆိုခြင်း၊ သူတစ်ပါးကြီးပွားချမ်းသာသည်ကို ဝန်တိုခြင်း၊ သူတစ်ပါးအား မကောင်းကြံခြင်း၊ အယူမှားခြင်းတို့ ဖြစ်ပါသည်။

၃။ ဒုတိယသင်္ဂါယနာကို သာသနာတော်နှစ် (၁၀၀) ဘီစီ (၄၄၃)ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ ကာလာသောကမင်းလက်ထက်တွင် အရှင်ယသမထေရ်ဦးဆောင်သော ရဟန္တာ(၇၀၀)တို့မှ မြတ်ဗုဒ္ဓ၏ တရားတော်များကို မှတ်တမ်းတင်ခဲ့ကြသည်။ အချိန်ကာလအားဖြင့် (၈)လ ကြာမြင့်သည်။
တတိယသင်္ဂါယနာကို သာသနာတော်နှစ်(၂၃၅)၊ ဘီစီ(၃၀၈)ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ ပါဋလိပုတ်ပြည်၊ သီရိဓမ္မာသောကမင်းကြီးလက်ထွက်တွင် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ် ဦးဆောင်းသော ရဟန္တာ(၁၀၀၀)တို့မှ မြတ်ဗုဒ္ဓ၏တရားတော်များကို မှတ်တမ်းတင်ခဲ့ကြသည်။ အချိန်ကာလအားဖြင့် (၉)လ ကြာမြင့်သည်။

၎။ သူယုတ်မာလက္ခဏာ(၄)တို့မှာ သူတစ်ပါးမကောင်းကြောင်းကို မမေးဘဲနှင့်ပြောခြင်း၊ မေးလာလျှင် အကျယ်ချဲ့၍ ပြောခြင်း၊ သူတစ်ပါးကောင်းကြောင်းကို မမေးလျှင် မပြောခြင်း၊ မေးလာလျှင် အနည်းငယ်သာပြောခြင်း၊ မိမိမကောင်းကြောင်းကို မမေးလျှင် မပြောခြင်း၊ မေးလာလျှင် အနည်းသာပြောခြင်း၊ မိမိကောင်းကြောင်းကို မမေးဘဲနှင့်ပြောခြင်း၊ မေးလာလျှင် အကျယ်ချဲ့၍ ပြောခြင်းတို့ ဖြစ်သည်။

၅။ သူတော်ကောင်းဥစ္စာ(၇)ပါးတို့မှာ သဒ္ဓါ-ကံ၊ ကံ၏အကျိုးကို ယုံကြည်ခြင်း၊ သီလ-ကိုယ်ကျင့်သီလစောင့်ထိန်းခြင်း၊ သုတ-အသိပညာ ဗဟုသုတရှိခြင်း၊ စာဂ-စွန့်ကြံပေးကမ်း လှူဒါန်းခြင်း၊ ပညာ-ကောင်းမှုမကောင်းမှုကို ခွဲခြားသိမြင်ပြီး လောကုတ္တရာပညာရှိခြင်း၊ ဟီရိ-မကောင်းမှုပြုလုပ်ရမည်ကို ရှက်ခြင်း၊ သြတ္တပ္ပ-မကောင်းမှုပြုလုပ်ရမည်ကို ကြောက်ခြင်းတို့ ဖြစ်ပါသည်။ ဗြဟ္မစိုရ်တရားလေးပါးမှာ မေတ္တာ-သတ္တဝါအားလုံးတို့အပေါ် တန်းတူညီမျှ မေတ္တာထားခြင်း၊ ကရုဏာ-သူတစ်ပါးဒုက္ခရောက်နေသည်မြင်လျှင် သနားခြင်း၊ မုဒိတာ-သူတစ်ပါးချမ်းသာသည်ကိုမြင်လျှင် ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်း၊ ဥပေက္ခာ-သူတစ်ပါးအပေါ်၌ ချစ်ခြင်းမုန်းခြင်း တန်းတူညီမျှ ထားခြင်းတို့ ဖြစ်သည်။

၆။ ငယ်စဉ်က ပညာမသင်ယူမိခဲ့ခြင်းနောင်တ
ငယ်စဉ်အခါ ပညာသင်ရမည့်အရွယ်မှာ တက်သင့်တက်ထိုက်တဲ့ လက်မှု၊ စက်မှု စာပေပညာတို့ကို မသင်ဘဲ နေမယ်။ အပျော်အပါးလိုက်စားနေမယ်ဆိုရင် ကြီးလာတဲ့အခါ ဘ၀ရှေ့ရေးအတွက် စီးပွားလုပ်တဲ့အခါကျမှ ငယ်စဉ်ကပညာမသင်ယူခဲ့ခြင်းနောင်တတွေ ဖြစ်လာကြတယ်။ အလုပ်တစ်ခုမှာ မိမိကသူတစ်ပါးထက် ၀ီရိယမှာလည်း သာတယ်။ ဇွဲလည်းရှိပါရဲ့နဲ့ လုပ်ငန်းခွင့်မှာ ဦးစီး ဦးဆောင် မလုပ်နိုင်ဘဲ မိမိထက်ငယ်သူ၊ သို့မဟုတ် အသက်အရွယ် တန်းတူဖြစ်ပါလျက် ပညာရပ်ကိုကောင်းစွာ လေ့လာသူတို့ရဲ့ ခိုင်းစေမှုကို ခံရတဲ့အခါကမှ ငယ်ငယ်ကပညာမသင်ယူခဲ့ရတာ နာတယ်ကွာ၊ ငါသာ သေချာလေ့လာ သင်ယူခဲ့မယ်ဆိုရင် ဒီလိုအခိုင်းခံရမှာ မဟုတ်ဘူး၊ ခုတော့ ငါဟာ သူများကို လက်ညိုးခိုင်းရမဲ့ဘဝရောက်အောင် မပြုလုပ်ခဲ့တဲ့အတွက် သူများလက်ညိုးထိုးခိုင်းတာ လုပ်ရတဲ့ဘဝ ဖြစ်နေ ရပါလားစသည်ဖြင့် နောင်တသံတွေ ထွက်တတ်ကြတယ်။ ဘယ်လိုပင်နောင်တတွေရရ အချိန်အခါနှောင်းမှရမယ်ဆိုရင် အကျိုးမရှိတော့ပါဘူး။ ဒါကြောင့် ကြီးလာတဲ့အခါ နောင်တမရအောင် ငယ်ငယ်ကတည်းက ဘ၀ရှေ့ရေးအတွက် တက်သင့်တက်ထိုက်တဲ့ပညာများကို သင်ယူဖို့ လိုပါပေတယ်။

ငယ်စဉ်က အကျင့်မကောင်းမိခဲ့ခြင်းနောင်တ
ငါငယ်စဉ်အခါတုန်းက မိဘစကားနားမထောင်ခဲ့ခြင်း၊ ဆရာသမားများစကား နားမထောင်ခဲ့ခြင်း၊ အကျင့်မကောင်းခဲ့တဲ့အတွက်ကြောင့် ကောင်းမှုများမလုပ်ခဲ့ခြင်းတို့သည် အသက်ကြီးလာသောအခါ မိမိက မိဘနေရာရောက်သောအခါ မိမိသားသမီးများက မိမိစကားနားမထောင်တဲ့အခါ၊ မိမိဆရာဖြစ်သောအခါ မိမိတပည့်များက မိမိစကားနားမထောင်သောအခါ၊ အကျင့်မကောင်းခဲ့လို့ ကောင်းမှုမရှိ၍ သေခါနီးအခါ မကောင်းသော ငရဲနိမိတ်၊ အပါယ်နိမိတ်များ မြင်လာရသောအခါကျမှ “အော်-ငါသည် ငယ်စဉ်အခါတုန်းက မိဘစကားနားမထောင်၊ ဆရာ့စကားနားမထောင်၊ အကျင့်မကောင်းခဲ့ခြင်းတို့သည် ငါပဲ ဒုက္ခရောက်ရ တာပါလား”ဟု နောင်တရတတ်ပါသည်။

ဒီနောင်တဟာ မိဘဖြစ်သူတို့ သားသမီးတွေပေါ်မှာ သတိထားဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ မိမိကလေးဟာ ငယ်စဉ်ကတည်းက မကောင်းတဲ့အကျင့်ပျက်မှုတွေ တွေ့မြင်လာပြီဆိုရင် အကျိုးအကြောင်း ပြောပြ ဆိုဆုံးမသင့်ပါတယ်။ လူတစ်ယောက်ရဲ့အကျင့်စရိုက်ဟာ ကြီးတဲ့အထိပါနိုင်တာကြောင့် မိဘဖြစ်သူများဟာ မကောင်းတဲ့အမူအကျင့်တွေ အတုမခိုးစေဘဲ ကောင်းတဲ့အကျင့်တွေကိုသာ သင်ပြပေးဖို့လိုအပ်ပါတယ်။ ငယ်စဉ်ကတည်းက မိမိသားလေး ခိုးတတ်မှန်းသိလျက်နဲ့ ခိုးခြင်းကြောင့် ရရှိမဲ့အပြစ်တွေကိုလည်းမပြော၊ ဆိုဆုံးမမှုလည်းမလုပ်ဘူးဆိုရင် ဒီကလေးဟာ ကြီးလာရင် သူတစ်ပါး ပစ္စည်း ခိုးဖို့ရာ ၀န်လေးတော့မှာမဟုတ်ပါဘူး။ ဒီအခါမှာ ငါဒီလိုဖြစ်တာ မိဘတွေ မဆုံးမခဲ့လို့ပဲဆိုတဲ့ နောင်တတွေဖြစ်လာတတ်ပါတယ်။ ဒါကြောင့် မိဘလုပ်သူများဟာ မိမိတို့ရဲ့သားသမီးများ လိမ္မာရေးခြား ရှိရေးအတွက် မကောင်းတဲ့အကျင့်ပျက်မှုတွေကို မသင်ယူစေဘဲ အခွင့်ကြုံတိုင်း သားသမီးများကို ဆုံးမပေးရပါမယ်။ ဒါမှသာ ကလေးတစ်ယောက်အသက်ကြီးလာတဲ့အခါ နောင်တရမှုတွေမဖြစ်ဘဲ ဘ၀ကို ကောင်းမွန်စွာနဲ့ဖြတ်သန်းပြီး သကာလ ပန်းတိုင်ကိုလျင်မြန်စွာ လျှောက်လှမ်းနိုင်ပါလိမ့်မယ်။

၇။ မှားယွင်းသောအယူဝါဒ(၄)မျိုးတို့မှာ အဟေတုကဒိဋ္ဌိ-မိမိတို့ခံစားနေရသော ကောင်းကျိုးဆိုးကျိုးတို့သည် မိမိတို့ပြုလုပ်ခဲ့သော အကြောင်းတရားကြောင့်မဟုတ်ဘဲ လောကကြီးဟာ သူဖြစ်ချင်တာဖြစ်သည်ဟု အကြောင်းတရားကို ပယ်သောအယူဝါဒ။ အကိရိယဒိဋ္ဌိ-မိမိတို့ကောင်းတာလုပ်လုပ်၊ ဆိုးတာလုပ်လုပ် အကျိုးတရားဆိုတာမရှိဘဲ လောကကြီးဟာ သူဖြစ်ချင်တာဖြစ်သည်ဟု အကျိုးတရားကို ပယ်သော အယူဝါဒ။ နတ္ထိကဒိဋ္ဌိ- အကြောင်းအကျိုး နှစ်မျိုးလုံးကို ပယ်သောအယူဝါဒ။ နိယတမိစ္ဆာဒိဋ္ဌိ-မှားယွင်းနေသော အယူမှားကိုပဲ ဒါမှအမှန်ပဲဟု လက်ကိုင်ထား ယုံကြည်သောအယူဝါဒ။

၈။ ထိုငရဲသို့ကျရောက်ရသော ငရဲသားများကို ငရဲထိန်းတို့က သံတောင်ပေါ်သို့ မတက်,တက်အောင် ရိုက်နှက်၍ တင်ကြသည်။ သံတောင်ပေါ်သို့ ရောက်သောအခါ ကံကြမ္မာအလျောက် လေမုန်တိုင်း များပေါ်ပေါက်လာပြီး ထိုလေမုန်တိုင်းက တောင်ခြေမှာရှိသော တံကျင်ပေါ်သို့ရောက်အောင် တိုက်လွှင့် ချလိုက်သဖြင့် တံကျင်အဖျား၌ ကားခနဲ စူးဝင်သည့် ဒုက္ခဆင်းရဲများ ခံကြရလေသည်။

၉။ “ကျောင်းပိတ်ရက်
ကျောင်းပိတ်ရက်ဝယ်၊ အိမ်မှာနားတော့။
ဆော့ကစားလို့၊ မနေသင့်တယ်။
နိုင်တဲ့ဝန်ကို၊ ပါဝင်ထမ်းလို့။
တတ်စွမ်းသမျှ၊ ကူကြကွယ်။
ကိုယ့်အိမ်ကိုယ့်ယာ၊ သန့်သန့်ရှင်းနဲ့။
အမှိုက်လှည်းကျင်းနေရမယ်။
အားလပ်ချိန်မှာ၊ စာကိုဖတ်တော့။
မှတ်စုမှတ်ရာ၊ သုတကြွယ်။
စည်းကမ်းရိုသေ၊ ယဉ်ယဉ်ကျေးနဲ့။
လိမ္မာရေးခြား၊ တို့လူငယ်။
နောင်တစ်ခေတ်မှာ၊ ခေါင်းဆောင်ဖြစ်တော့။
စည်းစနစ်က၊ အခြေခံတယ်။
ကြိုးစားကွယ် တိုးပွားမယ်။ ။ ။


၁၀။ After you/ me

ရန်ကုန်နိုင်ငံတကာလေဆိပ်မှာ တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်လေးပါ။ လေဆိပ်ရဲ့ ဧည့်ခန်းမထဲမှာ မန္တလေးကိုသွားမယ့်လေယာဉ်ကို ကျွန်တော် စောင့်နေခဲ့တယ်။ ဧည့်ခန်းထဲမှာ နိုင်ငံပေါင်းစုံက နိုင်ငံခြားသားတွေ အများကြီးပဲ။ ဧည့်ခန်းထဲမှာ ရန်ကုန်မြို့တွင်းကိုဆက်တဲ့ အများသုံးတယ်လီဖုန်း တစ်ခုရှိတယ်။ အဲဒီတယ်လီဖုန်းက တယ်လီဖုန်းဆက်ခ မပေးရပါဘူး။ အဲဒီ တယ်လီဖုန်းကို ကောင်မလေးတစ်ယောက် ဆက်နေတယ်။ သူ့နောက်မှာလည်း တယ်လီဖုန်းဆက်ဖို့ စောင့်နေတဲ့သူ လေး ငါးယောက်လောက်ရှိတယ်။ ကောင်မလေးကလည်း တယ်လီဖုန်းဆက်နေတာ ပြီးကိုမပြီးနိုင်ဘူး။ မိနစ် (၂၀)လောက်ကြာမှ နောက်တစ်ယောက်အလှည့် ရောက်တော့တယ်။ အဲဒီ တစ်ယောက်ကလည်း ဖုန်းပြောလိုက်တာ အကြာကြီးပဲ။ ကျွန်တော်ဘေးနားမှာ ထိုင်နေတဲ့ နိုင်ငံခြားသားတစ်ယောက်က အဲဒီအဖြစ်အပျက်ကို နားမလည်နိုင်အောင် ဖြစ်နေပုံရတယ်။ ကျွန်တော့်စိတ်ထဲမှာ ဖုန်းပြောနေတဲ့လူတွေကိုကြည့်ပြီး “အားနာမှုမရှိလိုက်ကြတာလို့ ခံစားရတယ်။

ဒီလိုနဲ့ မန္တလေးကိုသွားမယ့်လေယာဉ် ရောက်လာပါတယ်။ လေယာဉ်ပေါ်ကိုတက်ဖို့ “စပီကာ”က ကြေညာပါတယ်။ မန္တလေးကို သွားမယ့်ခရီးသည်တွေ အားလုံး လှုပ်လှုပ်ရွရွဖြစ်သွားကြတယ်။ လေယာဉ်ပေါ်ကိုသွားဖို့ ဘတ်(စ်)ကားတစ်စီး ထိုးဆိုက်လာတယ်။ အဲဒီကားနဲ့ လေယာဉ်ဆီကို လေယာဉ်စီး ခရီးသည်တွေ သယ်ဆောင်မှာဖြစ်တယ်။ လူတွေဟာ ဘတ်(စ်)ကားပေါ်ကို အလုအယက်ပဲ တိုးဝှေ့တက်ကြတယ်။ နိုင်ငံခြားသားတွေက အေးအေးဆေးဆေးပါပဲ။ တိုးဝှေ့တက်တဲ့အထဲမှာ ကျွန်တော်လည်းပါတယ်။ ဒီလိုနဲ့လေယာဉ်ဆီကို ကျွန်တော် ရောက်သွားတယ်။ လေယာဉ်ပျံရဲ့ နောက်အနားအပေါက်က ကျွန်တော် တိုးတက်ရတယ်။ ဒီလိုပါပဲ... လေယာဉ်ပေါ်ကို တိုးဝှေ့ပြီးတက်လိုက်တယ်။ ကိုယ့်ထိုင်ခုံနဲ့ ကိုယ်ဆိုပေမယ့် ဘာကြောင့်များ တိုးဝှေ့တက်ခဲ့မှန်း ကိုယ့်ကိုယ်ကိုယ် မစဉ်းစားမိဘူး။ တိုးတာ၊ ဝှေ့တာ၊ တွန်းတာ၊ တိုက်တာ အကျင့်ပါနေလို့ပဲဖြစ်မယ်။ ဖြစ်ချင်တော့ ကျွန်တော့်ဘေးကထိုင်ခုံမှာ နိုင်ငံခြားသားတစ်ယောက် လာထိုင်တယ်။ ဧည့်ခန်းထဲမှာ တွေ့ခဲ့တဲ့သူပါ။ သူဟာ အေးဆေးတည်ငြိမ်စွာပဲ စာအုပ်တစ်အုပ်ကိုဖတ်နေတယ်။

လေယာဉ်တက်ပြီးလို့ (၁၀)မိနစ်လောက်အကြာမှာ လေယာဉ်မယ်လေးတွေက လက်တွန်းလှည်း လေးတွေကိုတွန်းပြီး အစားအသောက် လာကျွေးပါတယ်။ အပူလား။ အအေးလား။ ကြိုက်ရာသုံးဆောင်လို့ရတယ်။ ဖော့ဘူးလေးနဲ့ အသားညှပ် ပေါင်မုန့်တစ်လုံးစီ လိုက်ပြီးဝေတယ်။ ကျွန်တော့်ရဲ့ထိုင်ခုံက အတွင်းဘက်မှာပါ။ အစားအသောက်လာပြီးပေးတဲ့ လေယာဉ်မယ်လေးတွေက တစ်တန်းပြီးတစ်တန်း၊ တစ်ခုံပြီးတစ်ခုံ စနစ်တကျ ပေးဝေပါတယ်။ ကျွန်တော့်ရဲ့ ခုံအနားလည်းရောက်ရော ကျွန်တော်က ကော်ဖီတစ်ခွက်ကို လှမ်းယူလိုက်တယ်။ အသားညှပ်ဖော့ဘူးတစ်ဘူးကို လှမ်းယူလိုက်တယ်။ တကယ်တော့ အဲဒီနိုင်ငံခြားသားက လူသွားလမ်းရဲ့ဘေးမှာ နေရာယူထားသူ။ သူက အရင်ယူရမှာ။ ကျွန်တော်က အတွင်းဖက်ကခုံမှာ ထိုင်တဲ့သူ။ ကျွန်တော်က နောက်မှယူရမှာ။ ဒါပေမယ် ကျွန်တော်က အရင် လက်ကိုလှမ်းလိုက်တယ်။ အဲဒီအချိန်မှာ နိုင်ငံခြားသားက စကားတစ်ခွန်းပြောတယ်။“After you”အဲ့ဒီစကားကိုကြားကြားချင်း ကျွန်တော် နားမလည်ပါဘူး။

အစာစားရင်း ကျွန်တော်စဉ်းစားမိတယ်။“After you” တဲ့။ After ဆိုတာ... ပြီးနောက်။ you ဆိုတာ... သင်၊ မင်း၊ နင်၊ ရှင်။ ဒီတော့... “After you” ဆိုတာ “မင်းပြီးမှ”လို့ အဓိပ္ပာယ်ရတယ်။ “မင်းကို ဦးစားပေး”ပါတယ်။ “မင်းအရင်လုပ်”ပါ။ ဒီလို သဘောဆောင်တဲ့ အင်္ဂလိပ်ခေတ်ပေါ် စကားတစ်ခုပါ။ ကျွန်တော် တွေးရင်းနဲ့ ရှက်လာတယ်။ ကျွန်တော်ဟာ “After me” သမားပဲ။ ကျွန်တော်ဟာ မီးရထားလက်မှတ်တန်းစီရင်လည်း ငါရဖို့...။ ဘတ်(စ်)ကားစီးရင်လည်း ငါအရင်တက်ဖို့။ ငါ အရင်နေရာရဖို့။ ကားမောင်းရင်လည်း လမ်းဆုံမှာ ငါ အရင်ကူးဖို့။ ငါ အရင်ဖြတ်ဖို့။လမ်းကူးရင်လည်း ငါ အရင် ဟိုဘက်ရောက်ဖို့...။ အလုပ်လျှောက်ရင်လည်း ငါ အလုပ်အရင်ရဖို့...။ ငါအဆင်ပြေဖို့...။

“After me”....“After me”....“After me”....ငါပြီးမှ မင်း...။ ငါအရင်...။ ငါ့ကို ဦးစားပေး။ တွေးရင်း တွေးရင်နဲ့ ကျွန်တော် အရမ်းရှက်လာမိတယ်။

ဒီအကြောင်းကို အိမ်ရောက်တော့ အဖေနဲ့အမေကို ပြောပြမိတယ်။ အမေပြောတဲ့စကားဟာ မှတ်သားလောက်ပါတယ်။“After you” ဆိုတဲ့ စိတ်ဟာ လူကြီးလူကောင်းစိတ်ပဲ။ အိမ်မှာ ထမင်းဟင်းကို အမေကချက်တယ်။ အမေချက်ထားတဲ့ ထမင်း၊ ဟင်းကို အမေ အရင်မစားဘူး။ သားသမီးတွေကို အရင်ကျွေးတယ်။ “After you” ပေါ့ကွယ်။ ဒီလိုပဲ... မင်းအဖေဟာလည်း သူရှာလို့ရတဲ့ ငွေကြေးကို သူအရင်မသုံးဘူး။ သားသမီးတွေကို အရင်ပေးတယ်။ အရင်ကျွေးတယ်။ “After you” ပေါ့ကွယ်။ မင်းဟာလည်း မင်းညီတွေ၊ ညီမတွေနဲ့ ပတ်သက်ရင် “After you” လုပ်ရမှာပဲ။ ဒီလိုပဲ မင်းဟာ ဆရာတစ်ယောက်ဆိုတော့ တပည့်တွေနဲ့တွေ့ရင် တပည့်တွေကို “After you” လုပ်ရမယ်။ “After you” ဆိုတာ ဦးစားပေးခြင်းသဘောအပြင် စာနာခြင်း၊ နားလည်ပေးခြင်းတွေ ပါနေတယ်။ မေတ္တာတရားတွေ ပါနေတယ်။ အတ္တနည်းခြင်းသဘောတွေ ပါဝင်နေတယ်။ အဖေက ၀င်ပြောတယ်။“After me” ဆိုတာ အများအားဖြင့် လူငယ်တွေမှာ ဖြစ်တတ်ကြတယ်။ ကလေးတွေမှာ ဖြစ်တတ်ကြတယ်။ “After me” ဆိုတဲ့ စိတ်ရှိနေတဲ့သူဟာ လူကြီး မဖြစ်သေးဘူး။ စိတ်အရွယ်မရောက်ခြင်းရဲ့ အမှတ်သင်္ကေတဟာ “After me” ပဲ။ “

အသက်တွေကြီးလေလေ တပ်မက်မှုတွေ နည်းလေလေ” ဖြစ်ရမှာ။ “အသက်တွေကြီးလေလေ တပ်မက်မှုတွေများလေလေ” ဆိုရင် ဒါဟာ တော်တော်ရှက်စရာကောင်းတဲ့ “After me” ပဲ။ “After me” ဆိုတာ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တတွေ ရင်ထဲမှာ အများကြီးရှိနေခြင်းကို ဖော်ပြလိုက်ခြင်းပဲ။ “After me” သမားဟာာ မိဘဆိုရင်လည်း မိဘ မပီသတဲ့သူပေါ့။ ဆရာဆိုရင်လည်း ဆရာမပီသတဲ့သူပေါ့။ သူငယ်ချင်းဆိုရင်လည်း သူငယ်ချင်း မပီသတဲ့သူပေါ့။ မိတ်ဆွေဆိုရင်လည်း မိတ်ဆွေ မပီသတဲ့သူပေါ့။ ဒါကြောင့် လူကြီးလူကောင်း ဖြစ်ချင်ရင် “After me” ကိုလျှော့။ “After you” ဖြစ်အောင် ကြိုးစားပေါ့ သားရယ်။ကျွန်တော်တို့ပတ်ဝန်းကျင်မှာ “After me” သမားတွေနည်းလာပြီး “After you” သမားတွေများလာရင်တော့ အရမ်းပျော်စရာကောင်းမှာပဲနော်။သူကလည်း ကိုယ့်အပေါ် “After you”။ ကိုယ်ကလည်း သူ့အပေါ် “After you”။ မိဘကလည်း သားသမီးအပေါ် “After you”သားသမီးကလည်း မိဘအပေါ် “After you”လူကြီးတွေကလည်း လူငယ်တွေအပေါ် “After you”လူငယ်တွေကလည်း လူကြီးတွေအပေါ် “After you”ဆရာကလည်း တပည့်အပေါ် “After you”တပည့်ကလည်း ဆရာ့အပေါ် “After you”အပြန်အလှန် “After you” ဆိုတဲ့....၀န်းကျင်တစ်ခုကို ကျွန်တော်တို့ ထူထောင်ကြရအောင်ဗျာ။ ။

Credit-ကိုသောင်း (ပုလဲမြေ)

ဒီဆောင်းပါးလေးကို ဦးဇင်းဖတ်မိတာတော့ တော်တော်ကြာပါပြီ။ အခုလို ကလေးတွေကို စာသင်မယ်၊ စိတ်ဓာတ်ရေးရာနဲ့ပတ်သတ်ပြီး ဘယ်အကြောင်းအရာကို စာစီစာကုံးရေးခိုင်းရင် သူတို့လေးတွေ စိတ်ဓာတ်ကောင်းရရှိစေမလဲ၊ ပါးစပ်ကပြောပြတာကို လက်တွေ့မှာချရေးခိုင်းတာဟာ သူတို့လေးတွေအတွက် စာစီစာကုံး မြန်မာစာလည်း ရေးတတ်သွားမယ်ဆိုပြီး ပါးစပ်ကနေ အထက်ပါဆောင်းပါးကို ပြောပြပေးပြီး စာစီစာကုံးရေးခိုင်းတယ်။ စာမေးပွဲမှာ ထည့်ရေးခိုင်းလိုက်တယ်။

ဒီဆောင်းပါးလေးပြောပြရင်းနဲ့ပဲ ဆက်စပ်ပြီး ပြောစရာလေးတွေပေါ်လာတာနဲ့ အောက်ပါအတိုင်း ဆက်ပြောပြပေးလိုက်တယ်။

အမေရိကန်ရှိ မိသားစုတစ်စုဟာ ရေဘေးဒုက္ခသည်များအတွက် လှူဒါန်းပေးရန် ပြင်ဆင်နေကြတယ်။ ဒုက္ခသည်မိသားစုမှာလည်း အမေရယ် သား (၂)ယောက် သမီးငယ်လေးတစ်ယောက်အားဖြင့် မိသားစု (၄)ယောက်ရှိတယ်။ လှူမဲ့မိသားစုမှာလည်း ထိုနည်းတူ မိသားစု(၄)ယောက်ပါပဲ။

အဲဒါနဲ့ လှူမဲ့မိသားစု အမေဖြစ်သူက သားသမီးတွေကို ကိုယ်မသုံးတော့တဲ့ ပစ္စည်းလေးတွေ ပေးရအောင်ဆိုပြီး အမေဖြစ်သူက သူမဝတ်တော့တဲ့ အဝတ်စားတွေ လှူဖို့ထည့်တယ်။ သား (၂)ယောက်ကလည်း သူတို့မကြိုက်တဲ့ပစ္စည်းတွေ ထည့်ကြတယ်။ အငယ်ဆုံးဖြစ်တဲ့ သမီးငယ်လေးကတော့ သူအကြိုက်ဆုံး နှစ်သက်ဆုံးဖြစ်တဲ့ ကစားစရာ အရုပ်ကလေးကို ဒုက္ခသည်ကလေးမလေးအတွက် လှူဖို့ ယူလာခဲ့တယ်။

အဲဒါကို အမေဖြစ်သူလည်းမြင်ရော သမီးလေး ဘာဖြစ်လို့ သမီးအကြိုက်ဆုံး အရုပ်လေးကို လှူရတာလဲ။ သမီး မလိုချင်တော့တဲ့ အရုပ်တွေ အများကြီးပဲ။ အဲဒါတွေ လှူဖို့ယူခဲ့ပါလို့ ပြောတဲ့အခါ သမီးဖြစ်သူက "အမေ သမီး ဒီအရုပ်လေးနဲ့ ကစားခဲ့တာ ရက်တော်တော်ကြာ ကစားခဲ့ရပေမဲ့ ဒုက္ခသည် ရွယ်တူကလေးမှာ တစ်ခါမှ ကစားရဦးမှာ မဟုတ်ဘူး။ ဒါကြောင့် သမီးက ကိုယ်ချင်းစာပြီး လှူပေးဖို့ ဆုံးဖြတ်လိုက်တာ။ သမီးတို့က ကိုယ်ချင်းစာပြီး ကိုယ်အကောင်းလိုချင်သလို သူများလည်း အကောင်းသုံး စေချင်တဲ့ စိတ်ရှိရမှာပေါ့လို့ "ပြောတဲ့အခါကျမှ အမေဖြစ်သူလည်း အဝတ်စားအဟောင်းတွေ ပြန်ဖယ်ပြီး အကောင်းဆုံးအဝတ်စားတွေ လှူဖို့ပြန်ပြင်ပါတော့တယ်။ အကိုဖြစ်တဲ့ သား (၂)ယောက်လည်း သူတို့အကြိုက်ဆုံး အသုံးအဆောင်တွေ လှူဖို့ထည့်ကြပါတော့တယ်။

ဒါဟာ ကလေးကနေပေးလိုက်တဲ့ အသိပညာ ဒါနပြုပုံလေးပါ။

မိမိတို့ဟာ မဲနှိုက်တဲ့အခါ အကောင်းဆုံးကို လိုချင်တယ်။ ထီထိုးရင်လည်း အမြင့်ဆုံးဆုကို လိုချင်တယ်။ စီးပွားချမ်းသာကိုလည်း ကမ္ဘာ့ချမ်းသာဆုံး ဖြစ်ချင်ကြတယ်။ ဒါပေမဲ့ အဲဒါတွေ ဖြစ်မလာကြပါဘူး။ ဒါဟာ ဘာဖြစ်လို့လဲဆိုတော့ မိမိပေးကမ်းမှုပြုခြင်း မျိုးစေ့စိုက်တုန်းက အကောင်းဆုံး ကိုယ့်နှစ်သက်ဆုံး အရာဝတ္ထုများ မပေးကမ်း မလှူဒါန်းဘဲ အညံ့စားတွေပဲ ပေးကမ်းလှူဒါန်းခဲ့လို့ပါပဲ။ လုံးဝကို မပေးကမ်းခဲ့ဘူးဆိုရင်တော့ တောင်းစားရတဲ့အခြေနေထိ ဖြစ်ကြရမှာပါ။

ဒါကြောင့် မိမိတို့ဟာ လူကိုဖြစ်စေ သံဃာကိုဖြစ်စေ ပေးကမ်းလှူဒါန်းခြင်းများ ပြုလုပ်တော့မယ်ဆိုရင် မိမိအကြိုက်ဆုံး အကောင်းဆုံး ပစ္စည်းများဖြင့် ဒါနပြုကြစေချင်ပါတယ်။ ဒါမှ လက်ခံရရှိတဲ့သူကို စိတ်ချမ်းသာစေသလို မိမိရရှိတဲ့အချိန်မှာလည်း အကောင်းဆုံးတွေ ရရှိမှာပါ။ ဒါကြောင့် မိမိတို့ဟာ သူတစ်ပါးကို ပေးကမ်းတဲ့အခါမှာလည်း After you စိတ်ဓာတ်ဖြင့် ကောင်းတာကိုပဲ ပေးကမ်းကြဖို့ လိုအပ်ပါတယ်။ အဲဒါမှသာ မိမိတို့ဟာ မြတ်ဗုဒ္ဓရဲ့ နည်းလမ်းကို လိုက်နာရာလည်း ရောက်မှာပါ။

မြတ်ဗုဒ္ဓဟာ After you စိတ်ဓာတ်ရှိလို့သာလျှင် လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းကာလပတ်လုံး သူတစ်ပါးကောင်းစားရေးအတွက် ခန္ဓကိုယ်မှာရှိတဲ့အရာရော၊ အပြင်မှာရှိတဲ့ ပစ္စည်းဥစ္စာ၊ ဇနီးမယား သားသမီးများကိုပါ ပေးကမ်းခဲ့တာပါ။ မြတ်ဗုဒ္ဓဖြစ်တဲ့အချိန်မှာလည်း သူတစ်ပါးအတွက် တစ်ရက်ကို (၂၄)နာရီရှိရာက (၂၂)နာရီခန့် မနားမနေ အလုပ်လုပ်ပေးခဲ့ပါတယ်။ ဒီလိုတွေပြုလုပ်ပေးတာဟာ မြတ်ဗုဒ္ဓသည် After you စိတ်ဓာတ် ဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့သည် အသက်ရှင်သမျှကာလပတ်လုံး After you စိတ်ဓာတ်ကို လက်ကိုင်ကျင့်သုံးရမှာပါ။ ဒါမှသာ မိမိတို့သည် မျက်မှောက်သံသရာမှာ ပြီးပြည့်စုံသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး ချမ်းသာသုခအစစ်မှန်ကို ခံစားကြရပါလိမ့်မယ်။

အဲဒီလို ကလေးတွေကိုပြောပြပေးပြီး သူတို့လေးတွေ ဦးနှောက်ထဲမှာ မှတ်မိတာတွေ များပေမဲ့လည်း စာမေးပွဲဖြေချိန်ကို ငဲ့ညာပြီး စာရွက်(၂)မျက်နှာခန့် ဖြေဆိုခိုင်းလိုက်ပါတယ်။

ကိုင်း-ဒီလောက်ဆိုရင်တော့ ဦးဇင်းစာဖတ်ပရိသတ်များလည်း ကလေးတွေလို ဗဟုသုတအသိပညာများ တိုးပွားပြီးမို့ လိုက်နာကျင့်သုံးနိုင်လောက်ပြီ ထင်ပါတယ်။ မိမိတို့နဲ့ နီးစပ်ရာကလေးများကိုလည်း တဆင့်ပြန်လည် သင်ပေးကြပေါ့လေ။

စာဖတ်ပရိသတ်များ အသိပညာဗဟုသုတကြွယ်ဝပြီး အများအကျိုး ဆောင်ရွက်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်......။

အရှင်ကောမလ ဆန်နီနေမင်း
သာသနတက္ကသီလ ဓမ္မာစရိယ
B.A (Buddhism), M.A (Sri Lanka)
Ph.D (Thesis) (သီရိလင်္ကာ)
ဖုန်း။ 09-33079721. 09-420064265

Friday, July 4, 2014

ကဲ..ဘယ်လိုလဲ..မောင်တို့

ကဲ..ဘယ်လိုလဲ..မောင်တို့





မြတ်ဗုဒ္ဓဖြစ်စဉ်အကျဉ်း

အမည်ရင်း။ ။ သိဒ္ဓတ္ထ

ဖွားမြင်တော်မူသည့်နေရာ။ ။ အိန္ဒိယနိုင်ငံ၊ ကပိလဝတ်ပြည်၊ မဟာသက္ကရာဇ် ၆၈-ခုကဆုန်လပြည့်သောင်္ကြာနေ့တွင်လုမ္ဗနီမည်သော အင်ကြင်းတော ၌ ဖွားမြင်တော်မူသည်။

တောထွက်တော်မူသည့်အချိန်။ ။၂၉ - နှစ် အရွယ်တွင် နမိတ်ကြီးလေးပါး ကိုမြင်တော်မူ၍ သံဝေဂရတော်မူသဖြင့် တောဝနာသို့ ထွက်ကာ တရားဓမ္မကျင့်ကြံခဲ့၏။

ဘုရားအဖြစ်ကို ရောက်တော်မူသည့်နေ့။ ။ မဟာသက္ကရာဇ် ၁၀၃- ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် ဘုရားအဖြစ်သို့ ရောက်တော်မူသည်။

ပရိနိဗ္ဗာန်ပြုတော်မူတော်နေ့။ ။ သက်တော် (၈၀) ပြည့်သောအခါ မဟာသက္ကရာဇ် ၁၄၈- ခု ကဆုန်လပြည့် အင်္ဂါနေ့ ၌ အိန္ဒိယနိုင်ငံ ကုသိနာရုံပြည် အင်ကြင်းဟေမာ ဥယျာဉ်သာဝယ် ပရိနိဗ္ဗာန်ပြုတော်မူလေသည်။

မြန်မာတို့၏ ထေရဝါဒဗုဒ္ဓဘာသာသမိုင်းကိုလေ့လာကြည့်လျှင် သထုံမြို့မှ အရှင်အရဟံမထေရ် ၏ကျေးဇူးတော်ကြောင့် ပုဂံမင်း အနော်ရထာ လက်ထက်မှသည် ယခုလက်ရှိ သမ္မတကြီး ဦးသိန်းစိန်လက်ထက်အထိအိန္ဒိယနိုင်ငံမှာပွင့်တော်မူခဲ့သည့်ဗုဒ္ဓမြတ်စွာဘုရားကို မြန်မာအများစုက ကိုးကွယ်နေကြသည်ကို တွေ့မြင်ရမည်ဖြစ်သည်။
ဤကားပထမပိုင်းပြီး၏။  





Facebook လူမှုစာမျက်နှာကွန်ယက် မှာ တချို့သောသူများက ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးကိုမစောင့်သလို၊ မြန်မာနိုင်ငံ၏ သမ္မတလည်းမဖြစ်ထိုက်သူဟု ယိုးမယ်ဖွဲ့ဝါဒမှိုင်း တိုက်နေသံကို ကြားရပါသဖြင့် ကျနော် ဒီစာစုလေးကို ရေးသားရခြင်းဖြစ်ပါတယ်။ ဟုတ်ပြီ..ဒေါ်အောင်ဆန်းစုကြည်ဟာ အင်္ဂလိပ်လူမျိုး ဒေါက်တာမိုက်ကယ်အဲရစ် ကိုယူခဲ့တာအမှန်ပဲ။ သားနှစ်ယောက်လည်း ထွန်းကားခဲ့တာ အမှန်ပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ လူမျိုးခြားကို ယူခဲ့တာမှန်ပေမဲ့လို့ ဒေါက်တာမိုက်ကယ်အဲရစ်ဟာ ဗုဒ္ဓဘာသာကို ကိုးကွယ်သူပါ။ ဗုဒ္ဓရဲ့ တရားတော်တွေကို ပါဠိလို နှစ်နှစ်ကာကာ လေ့လာလိုက်စား အားထုတ်ခဲ့သူပါ။ တခါ မိုက်ကယ်အဲရစ် မြန်မာပြည်ကို လာတုန်းက မင်းကွန်းဆရာတော်ကြီးကို သွားဖူးတော့ နှစ်ဦးစလုံး ပါဠိလိုတွေ ပြောနေကြလို့ ထောက်လှမ်းရေးတွေတောင် ငုတ်တုတ်မေ့ခဲ့တဲ့ သာဓက ရှိခဲ့ပါတယ် လို့ မှတ်သားဘူးပါတယ်။ ဒီလောက်ဆိုရင် သဘောပေါက်သင့်ပြီလို့ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားသားကို ယူခဲ့တာဟာ အမှား တစ်စုံတစ်ရာမရှိပါဘူး။ လူသားတိုင်းမှာရှိတဲ့ လွတ်လပ်စွာ ထိမ်းမြားလက်ထပ်ပိုင်ခွင့် နဲ့ လွတ်လပ်စွာ ကိုယ့်ကြမ္မာကိုယ်ဖန်တီး ပိုင်ခွင့်တွေကို လုပ်ဆောင်ခဲ့တာပါ။ သမ္မတဖြစ်ရေးနဲ့ ပတ်သက်လို့တော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောခဲ့ပြီးသားပါ။ “ ကျမ သမ္မတ မဖြစ်ရလို့ ဘာမှမဖြစ်ပါဘူး…သမ္မတ ဖြစ်ရေး၊ မဖြစ်ရေးဟာ မြန်မာနိုင်ငံသူ၊နိုင်ငံသားတွေနဲ့ပဲ သက်ဆိုင်ပါတယ်။”
ဤကားဒုတိယပိုင်းပြီး၏။

နောက်တစ်ယောက် ကတော့ ရှေ့နေကြီး ဦးကိုနီ အကြောင်းပါ။ ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေကြီး ဦးကိုနီ ကို ပွဲထုတ်လို့ အပြစ်ပြောကြပြန်တယ်။ ရှေ့နေကြီးဦးကိုနီ က ခိုင်းလို့ဒေါ်အောင်ဆန်းစုကြည်ကပဲ လုပ်နေရသလိုလို၊ ဘာလိုလို၊ ညာလိုလိုတွေပေါ့ဗျာ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ ဒီိမိုကရေစီပန်းတိုင်ကို ရောက်အောင် ချီတက်နေတဲ့ပါတီပါ။ မြန်မာနိုင်ငံသား မည်သူ့ကိုမဆို အဖွဲ့ဝင်ချင်လျှင် လက်ခံပါတယ်။ ဒီိမိုကရေစီရဲ့ အခြေခံသဘောအရ မည်သည့်လူမျိုး၊ မည်သည့် ဘာသာဝင်ကိုမဆို ထိုက်သင့်တဲ့ တာဝန်များကို ပေးပြီး ထမ်းဆောင်စေပါတယ်။ စစ်အစိုးရခေတ်အဆက်ဆက်ရဲ့ နိုင်ငံသားဖြစ်မှုဥပဒေအရ မြန်မာနိုင်ငံသား ဖြစ်နေတဲ့ ဦးကိုနီ ကိုပါတီဝင်အဖြစ် လက်ခံသလို ထိုက်သင့်တဲ့တာဝန်များကိုလည်း ထမ်းဆောင်စေပါတယ်။ ဦးကိုနီ လိုပဲ မြန်မာနိုင်ငံသားဖြစ်နေတဲ့ ဦးကြင်ဟုတ်ပဲဖြစ်ဖြစ်၊ ချင်းလူမျိုး ကိုဆလိုင်းပဲဖြစ်ဖြစ်၊ ကချင်လူမျိုး ကိုနော်မိုင်ပဲဖြစ်ဖြစ်၊ ကရင်လူမျိုး ကိုစောလှိုင်ကိုပဲ ဖြစ်ဖြစ် ပါတီကိုဝင်ရောက်ချင်လျှင် ပါတီစည်းမျဉ်း၊စည်းကမ်းအတိုင်းဝင်ရောက်နိုင်ပြီး အားလုံးကိုလည်း ထိုက်သင့်တဲ့ တာဝန်များကိုပေးပြီး ထမ်းဆောင်စေပါတယ်။ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီကို ချီတက်နေပြီဆိုရင် အသားအရောင်ခွဲခြားတာတို့၊ လူမျိုးရေး၊ ဘာသာရေးခွဲခြားတာတွေဟာ မရှိသင့် ၊မရှိထိုက်တဲ့အရာတွေပါ။ ကိုရီးယားမှာ လာပြီးအလုပ်လုပ်နေတဲ့ ကျနော်တို့တောင်မှ အလုပ်အတူတူလုပ်တဲ့ ကိုရီးယားနိုင်ငံသားကပဲဖြစ်ဖြစ်၊ ကိုရီးယားသူဌေးကပဲဖြစ်ဖြစ် ခွဲခြားဆက်ဆံတာကို ခံရရင် နိုဒုံဘူကို တိုင်လို့ရပါတယ်။ EPS စံနစ်ရဲ့ အလုပ်သမားဥပဒေထဲမှာပါ..ပါတယ်။ နောက်ဆုံး အမေရိကန်နိုင်ငံက လူမဲ သမ္မတကြီး အိုဘားမားကိုပဲကြည့် ..အဖေက ကင်ညာနိုင်င်ငံသားဖြစ်ပေမယ့်လည်း အရည်အချင်းရှိတော့ အမေရိကန်နိုင်ငံမှာ သမ္မတဖြစ်ပြီး၊ ပထမသက်တမ်း (၄) နှစ်ပြည့်ပြီးတာတောင် အမေရိကန်နိုင်ငံသားတွေက ကြိုက်လို့ နောက်(၄)နှစ်သက်တမ်း ထပ်ပြီးထမ်းဆောင်နေပါတယ်။ မကြာမီ မှာပဲ..ဇူလိုင်လ(၁၉) ရက်နေ့ဆိုရင် အာဇာနည်နေ့ ရောက်ပြန်ပါပြီ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ အသက်ပေးကျဆုံးသွားကြတဲ့ အာဇာနည်ကြီး (၉) ဦးထဲမှာ ဆရာကြီးဦးရာဇတ် နဲ့ သက်တော်စောင့် ရဲဘော်မောင်ထွေးတို့ဟာ မွတ်စလင်များဖြစ်ကြပါတယ်။ ဘယ်နိုင်ငံ၊ ဘယ်လူမျိုး၊ ဘယ်ဘာသာမဆို လူဆိုးနဲ့လူကောင်းရှိတတ်တာကြီးပါပဲ။ ကျနော်တို့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဒီမိုကရေစီနိုင်ငံကို ထူထောင်ချင်တယ်ဆိုရင်တော့ အရာရာကို ချင့်ချိန်စဉ်းစားနိုင်ဖို့ လိုသလို၊ ဘယ်ဟာအမှား၊ ဘယ်ဟာအမှန်လဲဆိုတာကို ဝေဖန်ပိုင်းခြားနိုင်တဲ့ သူတွေဖြစ်ကြဖို့ အရေးကြီးပါတယ်။ စစ်အာဏာရှင်စံနစ်ကို လက်ယက်ခေါ်တဲ့ အပြုအမှုတွေကိုတော့ ရှောင်ရှားကြရမှာဖြစ်ပါတယ်။
ဤကားတတိယပိုင်းပြီး၏။

ဒီရက်ပိုင်းအတွင်းက မန္တလေးမြို့မှာ ဖြစ်ပွားသွားခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေးအကြမ်းဖက်မှု အကြောင်းလေးပါ။ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာကို ကျနော်မပြောနိုင်ပေမဲ့ အဓိကတာဝန်ရှိတာကတော့ ကျနော်တို့ အခွန်တွေကိုစားပြီး နိုင်ငံတာဝန်ကို ယူထားတဲ့ ဗိုလ်သိန်းစိန်အစိုးရ ဖြစ်ပါတယ်။ Face book လူမှုစာမျက်နှာကွန်ယက်မှာ ဒီသတင်းတွေ တက်လာတာကို သိနေတဲ့ ဦးသိန်းစိန်အစိုးရ လက်အောက်မှာရှိတဲ့ လုံခြုံရေးဝန်ထမ်းတွေဟာ ကြိုတင် သတင်းရထားရက်နဲ့ ဒီလိုဖြစ်သွားတာကတော့ ယခင်ဖြစ်နေကြအတိုင်းပဲလို့ ပြောလို့ရမယ်ထင်ပါတယ်။ ပြစ်မှုကျုးလွန်တယ်ဆိုရင် ပြစ်မှုကျုးလွန်သူကို အမြန်ဆုံး အပြစ်ပေးအရေးယူဖို့လိုပါတယ်။ အပြစ်မရှိဘူးဆိုရင်လည်း အမြန်ဆုံး သတင်းထုတ်ပြန်ပေးဖို့လိုပါတယ်။ တိုင်းပြည်မှာ ဘာသာရေးနဲ့ပတ်သက်ပြီး အမုန်းပွားနေကြတာကိုလည်း ဦးသိန်းစိန်အစိုးရ သိပြီးသားပါ။ သိသိကြီးနဲ့ ဖြစ်သွားတဲ့ အကြမ်းဖက်မှုပါ။ နောက်ဆုံးတော့ မြေဇာပင်ဖြစ်သွားရတာကတော့ အပြစ်မဲ့တဲ့ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေပါပဲ။ အခုခေတ်ကြီးက သတင်းမီဒီယာ ခေတ်ကြီးပါ။ ပြည်တွင်းမှာ ဒီလိုအကြမ်းဖက်မှုတွေ ဖြစ်ပြီ ဆိုတာနဲ့ ပြည်ပမှာ ဒီသတင်းတွေက အကုန်ရိုက်ခတ်သွားပါတယ်။ ကျနော်တို့နေတဲ့ ဒီကိုရီးယားတိုင်းပြည်မှာ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးနဲ့ တရားဥပဒေစိုးမိုးမှုတွေ ရှိနေတဲ့အတွက်ကြောင့် စိုးရိမ် ကြောင့်ကြစရာမလိုပေမဲ့၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးနဲ့ တရားဥပဒေစိုးမိုးမှု အားနည်းတဲ့ မွတ်စလင်တိုင်းပြည်တွေမှာ ရောက်ရှိအလုပ်လုပ်ကိုင်နေကြတဲ့ ကျနော်တို့ မြန်မာနိုင်ငံသားတွေကတော့ နောက်ကျောမလုံသလို၊ စိုးရိမ်သောကများစွာနဲ့ သတိထားနေ နေရတဲ့ တိုင်းပြည်တွေရှိပါတယ်။ ဥပမာ မလေးရှားမှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတစ်ယောက်ရဲ့ ရင်ဖွင့်သံကို သူရဲ့ Face book မှာ ဖတ်လိုက်ရတဲ့အချိန်မှာ တော်တော်လေးလည်းစိတ်မကောင်းဖြစ်သွားမိတယ်ဗျာ။ အခုခေတ်ကြီးက ငါမြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် ငါ့လှေငါထိုး ပဲခူးရောက်ရောက် လုပ်လို့ မရတော့တဲ့ ခေတ်ကြီးပါ။ နောက်ဆုံးအနေနဲ့ မန္တလေးမြို့မှာ ပဋိပက္ခဖြစ်ပွားနေတာတွေနဲ့ ပတ်သက်ပြီး ဂဠုန်နီဆရာတော် ဦးကာဝိယ ရဲ့ မိန့်ကြားချက်လေးနဲ့ နိဂုံးချုပ်ပါ့မယ်။

" အဲ့ဒီဘက်မှာ ဒီလိုမဖြစ်အောင်ဆိုရင် လမ်းမမှာ သွားနေတဲ့ တုတ်၊ ဓားလက်နက်ပါတဲ့သူမှန်သမျှ အကုန်ဖမ်းဆီးထိန်းသိမ်းလိုက် ပြီးပြီ။ အခုတော့ တဖက်နဲ့တဖက်၊ လူမျိုးတမျိုးနဲ့တမျိုး ဘာသာတခုနဲ့တခု ခိုက်ရန်ဖြစ်ပွားစေတဲ့ စကားတွေ ပြောဆိုဆဲဆို၊ ကြိမ်းမောင်း ဝါဒဖြန့်ဖြူးနေတဲ့ ပုဂ္ဂိုလ်တွေ သိနေတာပဲ အဲ့တာတွေ ချက်ခြင်းဖမ်းဆီး၊ ထိန်းသိမ်းလိုက်ရင် ဒါတွေက ချုပ်ငြိမ်းသွားမှာပဲ။ အခုကတော့ လမ်းမှာ လျှောက်ပြီးတော့ အော်ဟစ်နေတဲ့ကောင်တွေကို ဘယ်သူမှာမှ မဖမ်းပဲကိုး။ ဆဲဆို သွားတဲ့ကောင်တွေရော ၊ အော်ဟစ် သွားတဲ့ကောင်တွေ၊ ခဲနဲ့ပေါက်သွားတဲ့ကောင်တွေ အဲ့အကောင်တွေကို မြင်နေရက်သားနဲ့ မဖမ်းတဲ့အခါကျတော့ ပိုကျယ်ပြန့်လာတာပေါ့။" (ဗွီအိုအေ)

အပ္ပမာဒေန သမ္ပာဒေထ

လေးစားစွာဖြင့်
ဝင်းလှိုင်

ဟန်းဂုရွာမှကူးယူပါသည်