လွမ်းမပြေသုတရပ်ဝန်းမှကူးယူပါသည်
Acer က ထိုင်ဝမ် တွင် ပြုလုပ်သည့် Computex ပွဲတွင် Liquid Leap စမတ်နာရီကို ပြသလိုက်ပါသည်။ စမတ်နာရီ သည် ကိုယ်လက်လှုပ်ရှားမှု ကို တိုင်းတာပေးသည့် စွမ်းဆောင်ချက် အပြင် စမတ်နာရီများ ၏ စွမ်းဆောင်ချက်များ ပါရှိပါသည်။ ခြေလှမ်းများ၊ အကွာအဝေးများ၊ ကယ်လိုရီ လောင်ကျွမ်းမှုများ၊ အိပ်စက်မှုများကို တိုင်းတာ စောင့်ကြည့်ပေးနိုင်သကဲ့သို့ စမတ်နာရီ ၏ စွမ်းဆောင်ချက်များဖြစ်သည့် အီးမေး နှင့် စာများပေးပို့ခြင်း ၊ အလုပ် ကိစ္စများ မှတ်သားခြင်း တို့ကို ပြုလုပ်ပေးနိုင်ပါသည်။ စမတ်နာရီ ကို လိမ္မော်ရောင်၊ ပန်းရောင်၊ အဖြူရောင် နှင့် အနက်ရောင်များ ထုတ်လုပ်ပေးထားပါသည်။ Liquid Leap စမတ်နာရီ သည် Acer ၏ Liquid Jade စမတ်ဖုန်း နှင့်သာ တွဲဖက် အလုပ်လုပ်နိုင်ပါ သည်။ ထိုအချက်သည် စားသုံးသူများအတွက် ကြီးမားသည့် ကန့်သတ်ချက် ဖြစ်ပါသည်။ Acer က အနာဂတ် တွင် အခြား စမတ်ဖုန်းများနှင့် တွဲဖက် အသုံးပြုရန် ပြုလုပ်ပေးမည် ဆိုသည်ကို ရှင်းလင်းစွာ မသိရသေးပါ။ Acer က ရောင်းချမည့် ဈေးနှုန်း ကို ကြေညာခြင်း မရှိသော်လည်း Engadget ၏ သတင်းအရ ဥရောပ တွင် ယူရို ၉၉ (ဒေါ်လာ ၁၃၅) ဖြင့် ရောင်းချမည် ဟု သိရပါသည်။ Acer က စမတ်နာရီ ၏ Specifications အသေးစိတ်ကိုလည်း ကြေညာခြင်း မရှိသေးဟု သိရပါသည်။ သူရ Myanmar Digital Life Journal |
No comments:
Post a Comment